Mandalay Fighter Group
Would you like to react to this message? Create an account in a few clicks or log in to continue.

ဒရော့ဘာလက်သစ် လူကာကူကို အချိန်မရွေး ဆုံးရှုံးသွားနိုင်သည်ဟု ချယ်ဆီးအား အန်ဒါလက်ခ်ျမှ သတိပေး

Go down

ဒရော့ဘာလက်သစ် လူကာကူကို အချိန်မရွေး ဆုံးရှုံးသွားနိုင်သည်ဟု ချယ်ဆီးအား အန်ဒါလက်ခ်ျမှ သတိပေး Empty ဒရော့ဘာလက်သစ် လူကာကူကို အချိန်မရွေး ဆုံးရှုံးသွားနိုင်သည်ဟု ချယ်ဆီးအား အန်ဒါလက်ခ်ျမှ သတိပေး

Post  ရွှေမန်းမြို့ ကဖိုက်တာ Sun Jun 19, 2011 11:34 am

ဒရော့ဘာလက်သစ် လူကာကူကို အချိန်မရွေး ဆုံးရှုံးသွားနိုင်သည်ဟု ချယ်ဆီးအား အန်ဒါလက်ခ်ျမှ သတိပေး Hh10
အန်ဒါလက်ခ်ျအသင်းသည် ၄င်းတို့၏ ဆယ်ကျော်သက် တိုက်စစ်မှူး ရိုမီလူ လူကာကူအတွက် ပေါင်သန်း ၂၀အထက် ပေးဖို့ ချယ်ဆီးအား သတိပေး ပြောဆိုလိုက်သည်။ အဆိုပါ ၁၈နှစ်သား တိုက်စစ်မှူးအား ခေါ်ယူဖို့ အပြာရောင် ချယ်ဆီးအသင်းသည် အလွန့်အလွန်ပင် ရေပန်းစားနေခဲ့သလို ကစားသမား ကိုယ်တိုင်ကလည်း စတန်းဖိုဒ့်ဘရစ်သို့ ပြောင်းရွှေ့ဖို့ စိတ်ဝင်တစားဖြင့် မျှော်လင့်ထားလျက်ရှိနေသည်။

သို့သော်လည်း အန်ဒါလက်ခ်ျအသင်းမှ အထွေထွေ မန်နေဂျာဖြစ်သူ ဟာမန်ဗန်ဟိုစ်ဘီခ်က ပရီးမီးယားလိဂ်မှ အခြားကလပ်များကလည်း လူကာကူကို ခေါ်ယူနိုင်ဖို့ ပြေးလမ်းတွင် ရှိနေကြောင်း ထုတ်ဖော်ပြောသွားခဲ့သည်။

“ဆွေးနွေးညှိနှိုင်းမှုတွေဟာ ဆက်လက် လုပ်ဆောင်သွားဖို့ ရှိနေပါသေးတယ်။ ချယ်ဆီးအသင်းနဲ့ ကျွန်တော်တို့ အသေအချာကို ညှိနှိုင်းနေခဲ့ပါတယ်။ ဒါပေမဲ့ တခြားကလပ်တွေကလည်း ကျွန်တော်တို့နဲ့ စကားပြောကြဦးမှာပါ။”

“နောက်နာရီဝက် ဒါမှမဟုတ် သြဂုတ်လ ၃၁ ရက်နေ့အထိ ဘာမှဆို ဖြစ်သွားနိုင်ပါတယ်။ ဒါဟာ ဘောလုံးလောကပါဘဲ”ဟု အပြောင်းအရွေ့ဆိုတာ အချိန်မရွေး ဖြစ်သွားနိုင်ကြောင်း ဟိုစ်ဘခ်က ပြောသွားခဲ့သည်။

လူကာကူ၏ ဘယ်လ်ဂျီယံအသင်းဖော် ကီဗင်ဒီဘရယ်နီသည် အခြား အပြောင်းအရွှေ့တစ်ခုတွင် အဖြည့်ခံအဖြစ် အသုံးချ ခံထားရသည်။ အသက် ၁၉နှစ်အရွယ် Genk ကွင်းလယ်ကစားသမားလေးသည် ချယ်ဆီးသို့ အပြီးသတ် ပြောင်းရွှေ့ဖို့ အပြီးသတ်လှနီးနီး ဖြစ်နေသော်လည်း ချယ်ဆီးအသင်းသည် ခေါ်ယူပြီးပါကလည်း အတွေ့အကြုံ ပိုမိုရရှိစေရန် အန်ဒါလက်ခ်ျသို့ပင် အဌားပြန်လည် ချသွားဖို့ ရှိသည်ဟု သိရသည်။

“ကျွန်တော့်ရဲ့ အနာဂတ်အပေါ် စဉ်းစားဖို့ အချိန်ရောက်ရှိနေခဲ့ပါပြီ။ ကျွန်တော် ချယ်ဆီးမှာ ကစားချင်နေပါတယ်။ ဒါပေမဲ့ အရေးကြီးတဲ့ အချက်က ကျွန်တော် သူတို့နဲ့ ကစားရဖို့ဆိုတာ နောက်ရာသီမှပါ။”ဟု ဒီဘရယ်နီက ပြောသွားခဲ့သည်။
ရွှေမန်းမြို့ ကဖိုက်တာ
ရွှေမန်းမြို့ ကဖိုက်တာ

Posts : 20
Join date : 2011-06-15
Age : 33

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum