ဘာစီလိုနာ၏ အပြောင်းအရွှေ့ လှုပ်ရှားမှုများကို စပိုင်လွှတ်၍ မော်ရင်ဟို စုံစမ်းခိုင်းထားကြောင်း သတင်းများ ထွက်ပေါ်
Page 1 of 1
ဘာစီလိုနာ၏ အပြောင်းအရွှေ့ လှုပ်ရှားမှုများကို စပိုင်လွှတ်၍ မော်ရင်ဟို စုံစမ်းခိုင်းထားကြောင်း သတင်းများ ထွက်ပေါ်
ရီးယဲယ်နည်းပြ မော်ရင်ဟိုသည် ပြိုင်ဘက် ဘာစီလိုနာ အသင်း၏ အပြောင်းအရွှေ့ လှုပ်ရှားမှုများကို စပိုင်အဖွဲ့တစ်ခု ဖွဲ့စည်း၍ စုံစမ်းခိုင်းထားကြောင်း စပိန် မီဒီယာအချို့က ဖော်ပြခဲ့ကြသည်။
မော်ရင်ဟိုသည် ၎င်း၏အေးဂျင့် ဂျော့ခ်ျမန်ဒက်စ် အပါအ၀င် ရင်းနှီးသည့် အေးဂျင့်အချို့ကို ဘာစီလိုနာ အသင်း၏ လှုပ်ရှားမှုများအား စောင့်ကြည့်၍ သတင်းပေးပို့ရန် ခိုင်းစေထားခြင်း ဖြစ်ကြောင်း သိရှိရသည်။ မော်ရင်ဟို၏
ယင်းကဲ့သို့ စီစဉ်ဆောင်ရွက်မှုကို ရီးယဲယ်ဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်ကလည်း သဘောတူ လက်ခံခဲ့ကြောင်း သိရှိရသည်။ ထို့ကြောင့် ရီးယဲယ်အသင်းသည် ဆန်းတို့စ်အသင်းမှ ဘရာဇီးလ် လူငယ်တိုက်စစ်မှူး နေမာကို ဘာစီလိုနာ အသင်းက ခေါ်ယူရန် ကြိုးစားခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာပင် နေမာကို ခေါ်ယူရန် ကြိုးစားနိုင်ခဲ့ပြီး ကစားသမားဟောင်း ရော်နယ်လ်ဒို၏ အကူအညီကို ရယူခဲ့ကြောင်းလည်း သိရှိရသည်။
ထို့ပြင် ရီးယဲယ် အသင်းသည် အဂူရိုနှင့်ဖာဘရီဂတ်စ် တို့ကို ဘာစီလိုနာအသင်း ခေါ်ယူရန် ကြိုးစားပြီး မရှေးမနှောင်းတွင် လိုက်လံ ကြိုးစားနိုင်ခဲ့သည့် အတွက် ယခုကဲ့သို့ သတင်းများ ထွက်ပေါ်လာခဲ့ခြင်းလည်း ဖြစ်သည်။
ယခုသတင်းကို စပိန်မီဒီယာ(၃)ခုမှ ဖော်ပြခဲ့ခြင်း ဖြစ်ပြီး မော်ရင်ဟို အနေဖြင့် ဘာစီလိုနာ နည်းပြ ဂွါဒီယိုလာနှင့် အားကစားဒါရိုက်တာ ဇူဘီဇာရက်တာ တို့၏ လှုပ်ရှားမှုများကို စပိုင်အဖွဲ့အား စောင့်ကြည့် သတင်းပေးပို့ခိုင်းထားခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။ သို့ ရာတွင် ယင်းမီဒီယာများ၏ ဖော်ပြမှု၌ ပါဝင်နေသည့် မော်ရင်ဟို၏အေးဂျင့် ဂျော့ခ်ျမန်ဒက်စ်ကမူ မိမိသည် မည်သူ့အတွက်မှ စပိုင် ပြုလုပ်ခြင်း မရှိကြောင်းနှင့် မိမိနှင့် ပတ်သက်နေသည့် ပုဂ္ဂိုလ် အားလုံးအတွက် အလုပ်လုပ်နေခြင်းသာ ဖြစ်ကြောင်း ငြင်းဆန် ပြောကြားသွားခဲ့သည်။
Similar topics
» မန်ယူသို့ ဖီးလ်ဂျုံးစ်၏အပြောင်းအရွှေ့အား ဘလက်ဘန်းအသင်းတားဆီး ၊ ပေါင်(၁၆.၅)သန်းထက်ပိုပေးမှသာစဉ်းစားမည်ဟု အကြောင်းပြန်
» ထွက်ခွာတော့မည် လီယိုနာဒို နေရာကို ရယူရန် အင်တာမီလန်ဖြင့် စကားပြောနေသည်ဟု ထွက်ပေါ်နေသော သတင်းများကို ငြင်းဆိုသွားသော အင်္ဂလန် နည်းပြ ကာပယ်လို
» ဘာစီလိုနာအသင်း၏ နာမည်ကျော် La Masia အကယ်ဒမီမှ လူငယ်ကစားသမားများကို ခေါ်ယူရန် အာဆင်နယ် ချဉ်းကပ်၊ ယင်းလုပ်ရပ်အား ဘာစီလိုနာအသင်း တာဝန်ရှိသူများ ဒေါသထွက်နေ
» ဘီယာဗိုက်အကြောင်း အမှန်တရားများ
» GOOGLE CHROME ရဲ့ EXTENSIONS များအကြောင်း

Permissions in this forum:
You cannot reply to topics in this forum
|
|