မန်ယူနှင့် ချယ်လ်ဆီးအသင်းတို့က ခေါ်ယူရန် ကြိုးပမ်းနေသော်လည်း အင်တာမီလန်မှ ထွက်ခွာမည်မဟုတ်ဟု ဆနိုက်ဒါ အတည်ပြုပြောကြား
Page 1 of 1
မန်ယူနှင့် ချယ်လ်ဆီးအသင်းတို့က ခေါ်ယူရန် ကြိုးပမ်းနေသော်လည်း အင်တာမီလန်မှ ထွက်ခွာမည်မဟုတ်ဟု ဆနိုက်ဒါ အတည်ပြုပြောကြား
အင်တာမီလန်အသင်း၏ ကွင်းလယ်ကစားသမား ဆနိုက်ဒါက အသင်းမှထွက်ခွာရန် ဆန္ဒမရှိဘဲ ဆက်လက်ကစားသွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
ဟော်လန်ကွင်းလယ်ကစားသမား ဆနိုက်ဒါကို အင်္ဂလန် ထိပ်သီးအသင်းများဖြစ်သည့် မန်ယူ၊ ချယ်လ်ဆီးတို့က ခေါ်ယူရန် အပြင်းအထန် ကြိုးပမ်းလျက်ရှိနေသည်။ မန်ယူအသင်းသည် ဆနိုက်ဒါကို ခေါ်ယူရန် ငွေသားအပြင် တောင်ပံကစားသမား နာနီကို အလိုက်ပေး၍ ကမ်းလှမ်းရန် စီစဉ်နေသလို၊ ချယ်လ်ဆီးအသင်းကလည်း ဆနိုက်ဒါကို ပြောင်းရွှေ့ကြေး အမြောက်အမြားဖြင့် ကမ်းလှမ်းသွားရန် ကြိုးပမ်းနေကြောင်း သိရသည်။
သို့သော်လည်း ဆနိုက်ဒါက '' အင်တာမီလန်ဟာ ကျွန်တော့်ရဲ့ မိသားစုလို ဖြစ်နေပါပြီ။ ဒီအသင်းကို ကျွန်တော်ချစ်မြတ်နိုးတဲ့အပြင် ဒီမှာကစားရတာ ပျော်ရွှင်နေပါပြီ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ဒီအသင်းကနေ ပြောင်းရွှေ့စရာ ဘာအကြောင်းမှ မရှိပါဘူး '' ဟု ပြောကြားခဲ့သည်။
emolay- Posts : 114
Join date : 2011-06-12
Age : 29
Similar topics
» စင်ကာပူလက်ရွေးစင် နည်းပြဟောင်း ဒိန်းမတ်လူမျိုး ပေါလ်ဆင်ကို ခေါ်ယူရန် ဧရာဝတီယူနိုက်တက် စီစဉ်
» အသင်းတွင် မနေချင်သော တိဗက်ဇ်အား အသုံးချကာ အင်တာမီလန် တိုက်စစ်မှုး အီတိုးအား ခေါ်ယူရန် ပြင်ဆင်လာသည့် မန်ချက်စတာ စီးတီး
» ဘာစီလိုနာအသင်း၏ နာမည်ကျော် La Masia အကယ်ဒမီမှ လူငယ်ကစားသမားများကို ခေါ်ယူရန် အာဆင်နယ် ချဉ်းကပ်၊ ယင်းလုပ်ရပ်အား ဘာစီလိုနာအသင်း တာဝန်ရှိသူများ ဒေါသထွက်နေ
» ချယ်လ်ဆီးနည်းပြ ဖြစ်လာရန် ရေပန်းစားနေသည့် ဂူဟစ်ဒင့်ကြောင့် ဆနိုက်ဒါကို မန်ယူအသင်း ခေါ်ယူနိုင်ခွင့် ဆုံးရှုံးရဖွယ်ရှိနေ ဆနိုက်ဒါကို ခေါ်ယူရန် ချယ်လ်ဆီးအသင်းအား ဟစ်ဒင့် တိုက်တွန်း

Permissions in this forum:
You cannot reply to topics in this forum
|
|