Mandalay Fighter Group
Would you like to react to this message? Create an account in a few clicks or log in to continue.

အခေါက်ရွှေဈေးနှုန်း ကျပ်ခြောက်သိန်းငါးသောင်း အောက်သို့ ပြန်လည်ကျဆင်း ယခုထက် ပိုမို၍ ကျဆင်းလာနိုင်ချေ ရှိကြောင်း ရွှေလုပ်ငန်းရှင်အချို့ သုံးသပ်

Go down

အခေါက်ရွှေဈေးနှုန်း ကျပ်ခြောက်သိန်းငါးသောင်း အောက်သို့ ပြန်လည်ကျဆင်း ယခုထက် ပိုမို၍ ကျဆင်းလာနိုင်ချေ ရှိကြောင်း ရွှေလုပ်ငန်းရှင်အချို့ သုံးသပ် Empty အခေါက်ရွှေဈေးနှုန်း ကျပ်ခြောက်သိန်းငါးသောင်း အောက်သို့ ပြန်လည်ကျဆင်း ယခုထက် ပိုမို၍ ကျဆင်းလာနိုင်ချေ ရှိကြောင်း ရွှေလုပ်ငန်းရှင်အချို့ သုံးသပ်

Post  Admin Mon Jun 13, 2011 12:05 pm

အခေါက်ရွှေဈေးနှုန်း ကျပ်ခြောက်သိန်းငါးသောင်း အောက်သို့ ပြန်လည်ကျဆင်း ယခုထက် ပိုမို၍ ကျဆင်းလာနိုင်ချေ ရှိကြောင်း ရွှေလုပ်ငန်းရှင်အချို့ သုံးသပ် D10

ဇွန်လ ၁ ရက်နေ့က တစ်ကျပ်သားလျှင် ကျပ်ခြောက်သိန်းခြောက်သောင်းငါးထောင် အထက် ရှိခဲ့သော အခေါက်ရွှေဈေးနှုန်းမှာ ယခုဇွန်လ ၈ ရက်နေ့မှ စတင်ကာ ကျပ်ခြောက်သိန်းငါးသောင်း အောက်သို့ စတင် ကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရပါသည်။

ပြည်တွင်းရွှေဈေးနှုန်း အတက်အကျသည် ငွေမာ လဲလှယ်မှု နှုန်းထား အပေါ်တွင်လည်း အကျိုးသက်ရောက်မှု ရှိခြင်းကြောင့် ယခုထက် ပိုမို၍ တစ်ဖြည်းဖြည်း ကျဆင်းလာနိုင်ချေ ရှိကြောင်း ရွှေလုပ်ငန်းရှင် အချို့က ဆိုပါသည်။နိုင်ငံတကာ ဈေးကွက်တွင်မူ ရွှေတစ်အောင်စလျှင် နယူးယောက် ပေါက်ဈေးမှာ ဇွန်လ ၁ ရက်နေ့က အမေရိကန် ဒေါ်လာ ၁၅၃၉ ဒသမ ၄၀ ရှိခဲ့ပြီး ယခု ပြည်တွင်းအခေါက်ရွှေ တစ်ကျပ်သား ဈေးနှုန်း
ကျပ်ခြောက်သိန်းလေးသောင်းကိုးထောင်သို့ ပြန်လည်ဆင်းသည့် ဇွန်လ ၈ ရက်နေ့တွင် နိုင်ငံတကာ ပေါက်ဈေးမှာ အမေရိကန်ဒေါ်လာ ၁၅၃၆ ဒသမ ၅၀ ဖြစ်ပေါ်လျက် ရှိသည်။

၁၅ ပဲရည် ရွှေဈေးနှုန်းမှာလည်း ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့က တစ်ကျပ်သားလျှင် ကျပ်ခြောက်သိန်းသုံးသောင်း ၀န်းကျင် ရှိခဲ့ရာမှ ယခု ဇွန်လ ၈ ရက်နေ့တွင်မူ တစ်ကျပ်သားလျှင် ကျပ်ခြောက်သိန်းတစ်သောင်းနှစ်ထောင် ဖြင့်သာ အရောင်းအ၀ယ် ပြုလျက် ရှိကြောင်း သိရသည်။ ''နိုင်ငံတကာ ဈေးကွက်မှာက အခုအချိန်အထိ ရွှေတစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၅၃၅ အထက်မှာ ရှိနေပေမယ့် ပြည်တွင်း ရွှေဈေးကွက်ကတော့ နှုန်းရှင်နဲ့ သွားနေတဲ့ အတွက် ပြည်တွင်းမှာ ငွေမာဈေးကျရင် ရွှေဈေးနှုန်းပါ လိုက်ကျတတ်ပါတယ်။ ဒါကြောင့် ဒီနေ့မှာ ရွှေဈေးနှုန်းက ကျပ်ခြောက်သိန်းခွဲအောက် ရောက်သလို နောက်လာမယ့် တစ်ပတ်၊ ၁၀ ရက် အတွင်းမှာလည်း ရွှေဈေးနှုန်းက အခုထက်ပိုပြီး တစ်အိအိ ကျဆင်းလာနိုင်ချေ ရှိပါတယ်''ဟု ရွှေလုပ်ငန်းရှင် တစ်ဦးက ရှင်းပြပါသည်။

''ရွှေဈေးနှုန်းက ကျပေမယ့် အ၀ယ်ကတော့ တက်မလာသေးဘူး။ ပြန်လာရောင်းတဲ့သူတွေကတော့ များတယ်''ဟု စိန်နန်းတော် စိန်ရွှေရတနာဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။

ELEVEN MEDIA GROUP မှ ကူးယူ ဖော်ပြသည်....

Admin
Admin

Posts : 82
Join date : 2011-06-11
Age : 33
Location : Mandalay

https://mmts.forumotion.com

Back to top Go down

Back to top

- Similar topics
» ပဲခူး-စစ်တောင်းတူးမြောင်း ကြမ်းပြင်မြင့်တက်ကာ တူးမြောင်း ရေသန့်ရှင်းမှုစံနှုန်း ကျဆင်းခြင်းနှင့် ပိုမို ကြုံတွေ့လာရ
» အမေရိကန်ဒေါ်လာဈေး ကျပ် ၇၄၀ အထိ ကျဆင်းလာ
» ဘီယာဗိုက်အကြောင်း အမှန်တရားများ
» GOOGLE CHROME ရဲ့ EXTENSIONS များအကြောင်း
» ကင်ဆာပျောက်တယ်လို့ ပေါ်ပြူလာဖြစ်နေတဲ့ ဂျုံမြက်နုအကြောင်း အစုံအလင်

 
Permissions in this forum:
You cannot reply to topics in this forum