ခြောက်နှစ်ဝန်းကျင် ရိုက်ကူးမှုမရှိခဲ့သည့် ပုဂံဒေသ၌ အဖြူရောင်မြစ်တို့၏ လျှို့ဝှက်ချက် ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမည်
Page 1 of 1
ခြောက်နှစ်ဝန်းကျင် ရိုက်ကူးမှုမရှိခဲ့သည့် ပုဂံဒေသ၌ အဖြူရောင်မြစ်တို့၏ လျှို့ဝှက်ချက် ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမည်
၂၀၀၅ ခုနှစ်ဝန်းကျင်မှ စတင်ကာ ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားများ ရိုက်ကူးမှု မရှိခဲ့သော ပုဂံဒေသတွင် ပုဂံဒေသနောက်ခံရုပ်ရှင်ဇာတ်ကားဖြစ်သည့် ‘အဖြူရောင်မြစ်တို့၏ လျှို့ဝှက်ချက်’ ရုပ်ရှင်ဇာတ်ကားကို ဇွန်လလယ်တွင် သွားရောက်ရိုက်ကူးမည်ဟု သတင်းရရှိပါသည်။
အဆိုပါ ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာကိုဇော်(အရုဏ်ဦး)ကနေတိုး၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်တို့အား အဓိကထား ပုံဖော်သွားမည်ဟု သိရသည်။ ယင်းရုပ်ရှင် ဇာတ်ကားသည် စာရေးဆရာမ လွန်းထားထား၏ အဖြူရောင်မြစ်တို့၏ လျှို့ဝှက်ချက် ၀တ္ထုကို ရုပ်ရှင်အဖြစ် ရိုက်ကူးခြင်းဖြစ်ကြောင်း သိရသည်။
အဖြူရောင်မြစ်တို့၏ လျှို့ဝှက်ချက် ဇာတ်ကားသည် ပြည်ပနိုင်ငံ၌ အနေကြာပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခိုက် ပုဂံဒေသသို့ ဘုရားဖူးသွားခဲ့သည့် အမျိုးသားတစ်ဦး သည် ပုဂံသူ အမျိုးသမီးတစ်ဦးနှင့် ခင်မင်ပတ်သက်ခဲ့ပြီး အဆိုပါအမျိုးသမီးတွင် ရင်သွေးလေး ရရှိခဲ့သည်။ မိဘများ၏ ခွင့်ပြုချက်ရယူကာ လက်ထပ်ယူရန် စီစဉ်ခဲ့သော်လည်း မိဘများ၏ စေညွှန်ချက်အရ ပြည်ပသို့ သွားရချိန်တွင် ပုဂံဒေသတွင် ပတ်သက်ခဲ့သည့် အမျိုးသမီးနှင့် ကင်းကွာခဲ့ရသည်။ အဆိုပါအမျိုးသမီးသည် ရန်ကုန်သို့ တက်လာပြီး လုပ်ငန်းရှင် တစ်ဦးနှင့် လက်ထပ်ဖြစ်ပြီး ကလေးကို မွေးဖွားခဲ့သည်။ ယင်းကလေး၏ ဖခင်အရင်းမည်သူ ဖြစ်သည်ဆိုသော ပဟေဠိအဖြေရှာမှုကို ဇာတ်လမ်းဖွဲ့ထားခြင်းဖြစ်သည်။
ELEVEN MEDIA GROUP မှ ကူးယူဖော်ပြသည်။
Page 1 of 1
Permissions in this forum:
You cannot reply to topics in this forum
|
|