Mandalay Fighter Group
Would you like to react to this message? Create an account in a few clicks or log in to continue.

၂၀၁၁ ခုနှစ် ငါးလတာကာလအတွင်း ပြည်ပရိုက်ကူးရေး အဖွဲ့များအနေဖြင့် ခရီးသွားလုပ်ငန်းများနှင့် တိုက်ရိုက်ချိတ်ဆက် လာရောက်မှု ပိုမိုများပြားလာ

Go down

၂၀၁၁ ခုနှစ် ငါးလတာကာလအတွင်း ပြည်ပရိုက်ကူးရေး အဖွဲ့များအနေဖြင့် ခရီးသွားလုပ်ငန်းများနှင့် တိုက်ရိုက်ချိတ်ဆက် လာရောက်မှု ပိုမိုများပြားလာ Empty ၂၀၁၁ ခုနှစ် ငါးလတာကာလအတွင်း ပြည်ပရိုက်ကူးရေး အဖွဲ့များအနေဖြင့် ခရီးသွားလုပ်ငန်းများနှင့် တိုက်ရိုက်ချိတ်ဆက် လာရောက်မှု ပိုမိုများပြားလာ

Post  Admin Tue Jun 14, 2011 2:10 pm

၂၀၁၁ ခုနှစ် ငါးလတာကာလအတွင်း ပြည်ပရိုက်ကူးရေး အဖွဲ့များအနေဖြင့် ခရီးသွားလုပ်ငန်းများနှင့် တိုက်ရိုက်ချိတ်ဆက် လာရောက်မှု ပိုမိုများပြားလာ Ii10
၂၀၁၁ ခုနှစ်ငါးလတာကာလ အတွင်း ပြည်ပရိုက်ကူးရေး အဖွဲ့များ အနေဖြင့် ခရီးသွားလုပ်ငန်းများနှင့် တိုက်ရိုက်ချိတ်ဆက် လာရောက်မှုပိုမိုများပြားလာခဲ့ပြီး အများစုမှာ မြန်မာနိုင်ငံရှိ ထင်ရှားသည့်နေရာဒေသများ သို့ မှတ်တမ်းရိုက်ကူးရန် လာရောက် ရိုက်ကူးကြခြင်းဖြစ်သည်ဟု သတင်း ရရှိသည်။

“ဒီနှစ်ပိုင်းထဲမှာ ကျွန်တော်တို့ ခရီးသွားအေဂျင်စီနဲ့ ချိတ်ဆက်ပြီး လာကြတဲ့ ခရီးသွားတွေထဲမှာ ပြည်ပ ရိုက်ကူးရေးအဖွဲ့တွေပါ လာပါတယ်။ အဓိကတော့ သူတို့ကပေါ့ပေါ့ပါးပါး လာလည်ရင်းနဲ့ စိတ်ပါဝင်စားတဲ့ နေရာဒေသတွေကို ရိုက်ကူးကြတဲ့သဘောပါပဲ။ ကျွန်တော်တို့ခရီးသွား အေဂျင်စီကို ချိတ်ဆက်လိုက်ခြင်း အားဖြင့် ရိုက်ကူးမယ့်နေရာဒေသတွေ၊ သွားချင်တဲ့နေရာတွေကို အဆင်သင့် စီစဉ်ပေးနိုင်သလို အချိန်ယူရတဲ့အပိုင်းမှာလည်း သက်သာတဲ့အတွက် အခုလို တိုက်ရိုက်ချိတ်ဆက် လာရောက်မှု ပိုများလာတယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ ခရီးသွားအေဂျင်စီအနေနဲ့လည်း ပြည်ပခရီးသွား စိတ်ပါဝင်စားမှု များပြားလာဖို့အတွက် ပြည်ပ ရိုက်ကူးရေးအဖွဲ့တွေ၊ ပြည်ပခရီးသွား အေဂျင်စီတွေနဲ့ပေါင်းပြီး ကြိုး စားကြတာပါ” ဟု Myanmar Tourism Services မှတာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

ထို့အပြင် KBS ရုပ်သံဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း “ကျွန်တော်တို့ရုပ်သံအနေနဲ့ ခရီးသွား အေဂျင်စီနဲ့တွဲပြီး လာရောက် ရိုက်ကူးတာမျိုးရှိသလို တရားဝင် ခွင့်ပြုချက်ရယူပြီး ရိုက်ကူးတာမျိုး လည်းရှိပါတယ်။ ခရီးသွားအေဂျင်စီ နဲ့ရိုက်ကူးတာကတော့ အချိန်လည်းပို မြန်သလို ပုဂ္ဂလိကနဲ့သက်ဆိုင်တဲ့ အကြောင်းအရာမျိုးတွေကို ရိုက်ကူးရာမှာလည်း ခရီးသွားအေဂျင်စီက တစ်ဆင့်ပဲ လာရောက်တဲ့သဘောပါ” ဟုသူ၏ အမြင်အား ပြောပြခဲ့သည်။

၂၀၁၁ ခုနှစ်ငါးလတာကာလ အတွင်း ခရီးသွားအေဂျင်စီများနှင့် ချိတ်ဆက်၍ KBS ရုပ်သံဌာန၊ ထိုင်း သရုပ်ဆောင်တစ်ဦး ပါဝင်သည့် Dream Hunter ရိုက်ကူးရေးအဖွဲ့၊ ဗီယက်နမ်ခရီးသွားအဖွဲ့နှင့် အတူလိုက် ပါလာခဲ့သည့် ဗီယက်နမ်နိုင်ငံ Saigo Cable TV ရုပ်သံရိုက်ကူးရေးအဖွဲ့တို့ လာရောက်၍ ပြည်တွင်းရှိ ထင်ရှားသည့် နေရာဒေသများနှင့် ယဉ်ကျေးမှု များအား ရိုက်ကူးခဲ့သည်ဟု သိရသည်။

Admin
Admin

Posts : 82
Join date : 2011-06-11
Age : 33
Location : Mandalay

https://mmts.forumotion.com

Back to top Go down

Back to top

- Similar topics
» မလေးရှား - မြန်မာ ချစ်ကြည်ရေး ခြေစမ်းပွဲတွင် မြန်မာအသင်း ၂ ဂိုး ဖြင့် ရှုံးနိမ့်
» ၂၀၁၁ MNL အမှတ်ပေးပြိုင်ပွဲတွင် ဂိုးသွင်းဘုရင်ဆုရရှိရန် မျှော်မှန်းထားကြောင်း ပြည့်ဖြိုးဦး ဆို
» ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် ၀င်ငွေခွန်အများဆုံး ပေးဆောင်သူ ကမ္ဘောဇဘဏ်မှ ဖြစ်လာပြီး နှစ်နှစ်ဆက်တိုက် ထိပ်ဆုံးမှပေးဆောင်လာသည့် Myanmar CP ကုမ္ပဏီ နံပါတ်(၄) နေရာအထိ ကျဆင်းသွား
» တရုတ်နိုင်ငံသို့ အလုံးအရင်းဖြင့် စီးဆင်းနေသည့် ကျောက်စိမ်းကဏ္ဍ သဘာဝဓာတ်ငွေ့ကို ပခုံးချင်းယှဉ်လာနိုင် ကျောက်စိမ်း တရားဝင် တင်ပို့မှုမှရငွေ သဘာဝဓာတ်ငွေ့မှ ရငွေနီးပါး အထိ ရှိပြီး အမေရိကန်ဒေါ်လာ ၂ ဘီလျံကျော် ရရှိ

 
Permissions in this forum:
You cannot reply to topics in this forum