Mandalay Fighter Group
Would you like to react to this message? Create an account in a few clicks or log in to continue.

တောကအောင်ချမ်းဈေးဆစ်ပုံ....

Go down

တောကအောင်ချမ်းဈေးဆစ်ပုံ.... Empty တောကအောင်ချမ်းဈေးဆစ်ပုံ....

Post  emolay Tue Jun 14, 2011 4:07 pm

တောကအောင်ချမ်းတစ်ယောက် ရန်ကုန်မြို့သို့ အလည်အပတ်ရောက်လာသည်။ ရန်ကုန်မြို့သို့မလာခင် ရွာမှ လူကြီးမိဘတွေက မှာလိုက်ကြသည်။ ရန်ကုန်မြို့မှာ ဈေးဝယ်ရင် တစ်ဝက်လောက် ဆစ်ပီးမှဝယ် ရန်ကုန်မြို့က ဈေးသည်တွေက အမြတ်အရမ်းတင်တာ တစ်ဝက်လောက်ဆစ်မှ တော်ကာကျမည်ဟု မှာလိုက်ကြသည်။ ဒီလိုနဲ့ မောင်အောင်ချမ်းတစ်ယောက် ယုဇနပလာဇာသို့ရောက်သောအခါ အကျီ င်္ဝယ်ဖို့ ဆိုင်ထဲဝင်လိုက်ပီး အကျီ င်္ကိုမေးလိုက်သောအခါ တစ်သောင်းဟု ဆိုင်ရှင်က ပြောသောအခါ မောင်အောင်ချမ်းတစ်ယောက် လူကြီးမိဘတွေစကားကို ကြားယောင်ပီး ငါးထောင်ရအောင် ဆစ်ပါတော့သည်။ ဆိုင်ရှင်ကလဲ တောသားစုတ်ပြတ်ပြတ်လေးဆိုတော့ ကဲဗျာ .. ယူပါဗျာဆိုပီး ငါးထောင် ထားပေးသောအခါ မောင်အောင်ချမ်းတစ်ယောက် .. ၂၅၀၀ နှင့်ဆစ်ပြန်သည်။ ဆိုင်ရှင်ကလဲ ဈေးဦးပေါက်ဖြစ်နေပီး အရမ်းလဲဆစ်နေတော့ .. ကဲ ယူဗျာ ဆိုပီး ၂၅၀၀ ထားပေးလိုက်ပြန်သည်။ ထိုအခါ မောင်အောင်ချမ်းတစ်ယောက် ၇၅၀ ထားဆိုပီး ပြန်ဆစ်ပြန်သည် ဆိုင်ရှင်ကလဲ ပြောမရ ဈေးဦးပေါက်လဲဖြစ် တောသားစုတ်ပြတ်ပြတ်လေးဆိုတော့ ကဲ..ကဲ အလကားတာ ယူသွားပါတော့လို့ ပေးတော့အခါ .. တောသားမောင်အောင်ချမ်းတစ်ယောက် ပြောလိုက်ပုံက .. အကို နှစ်ထည် မရဘူးလားတဲ့ ဗျာ..
emolay
emolay

Posts : 114
Join date : 2011-06-12
Age : 29

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum