Mandalay Fighter Group
Would you like to react to this message? Create an account in a few clicks or log in to continue.

ပြုတ် ကြော်

Go down

ပြုတ် ကြော် Empty ပြုတ် ကြော်

Post  emolay Tue Jun 14, 2011 4:09 pm

တစ်နေ့တွင် လင်ဖြစ်သူအိမ်ပြန်ရောက်လျှင် စားသောက်ရန် မယားဖြစ်သူမှ ကြက်ဥကြော်ထားပေးသည်။ လင်ဖြစ်သူအိမ်ပြန်ရောက်စဉ်



လင် - မိန်းမ...ဒီနေ့ဘာဟင်းချက်လဲ...

မယား - ကျွန်မရှင့်အတွက် ကြက်ဥ ကြော်ထားပေးတယ်...

လင် - ဟင်...မိန်းမ...မင်းဘာလို့ငါ့အတွက် ကြက်ဥပြုတ် မလုပ်ထားပေးတာလဲ... ဟုပြောပြီး မယားဖြစ်သူကို ဒေါသတကြီးရိုက်နှက်လေသည်။
...



ဒုတိယနေ့တွင် လင်ဖြစ်သူစိတ်ကြိုက်ဖြစ်အောင် မယားဖြစ်သူမှ ကြက်ဥပြုတ်ထားပေးသည်။

လင်ဖြစ်သူအိမ်ပြန်ရောက်စဉ်



လင် - မိန်းမ...ဒီနေ့ဘာဟင်းလဲ...

မယား - ဒီနေ့တော့ ရှင်ပြောထားတဲ့ ကြက်ဥပြုတ် လုပ်ထားပေးတယ်...

လင် - ဟင်...မိန်းမ...ငါဒီနေ့ကြက်ဥကြော်စားချင်တာတောင်မသိဘ
ူးလား... ဟုပြောပြီး မယားဖြစ်သူကိုဒေါသတကြီးထပ်မံရိုက်နှက်ပြန်သည်။



ဒီလိုနဲ့ တတိယနေ့တွင် မယားဖြစ်သူမှာ လင်ဖြစ်သူ ရိုက်နှက်မှုမှလွတ်အောင် ကြက်ဥကြော်တစ်ပွဲ ကြက်ဥပြုတ်တစ်ပွဲ စီစဉ်ထားပေးသည်။ လင်ဖြစ်သူအိမ်ပြန်ရောက်စဉ်



လင် - မိန်းမ...ဒီနေ့ကော ဘာဟင်းလဲဟေ့...

မယားဖြစ်သူမှာ ကိုယ့်ကိုယ်ကိုယုံကြည်မှုဖြင့် ကြက်ဥကြော်တစ်ပွဲ နှင့် ကြက်ဥပြုတ်တစ်ပွဲ ချပေးလေသည်။ လင်ဖြစ်သူမှာ ဘာမှမပြောဘဲ ပိုမိုပြင်းထန်စွာထရိုက်လေသည်။ မယားဖြစ်သူ နားမလည်စွာဖြင့်



မယား - ဒီနေ့ကော...ဘာမှားပြန်ပြီလဲရှင်...

လင် - မင်းကဘာလို့ ကြက်ဥ ကြော်ရမယ့်အလုံးကျပြုတ်ပြီး ပြုတ်ရမယ့်အလုံးကျကြော်ထားရတာလဲ... ဟုပြောလိုက်လေသတည်း။
emolay
emolay

Posts : 114
Join date : 2011-06-12
Age : 29

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum