Mandalay Fighter Group
Would you like to react to this message? Create an account in a few clicks or log in to continue.

နှလုံးဖောက်ပြန်မှု (Heart Attack) ကြောင့် ပျက်စီးသွားသောနှလုံး ပြန်ကောင်းစေသည့် ဆေးဝါး ကြွက်များတွင် စမ်းသပ်မှု အောင်မြင်

Go down

နှလုံးဖောက်ပြန်မှု (Heart Attack) ကြောင့် ပျက်စီးသွားသောနှလုံး ပြန်ကောင်းစေသည့် ဆေးဝါး ကြွက်များတွင် စမ်းသပ်မှု အောင်မြင် Empty နှလုံးဖောက်ပြန်မှု (Heart Attack) ကြောင့် ပျက်စီးသွားသောနှလုံး ပြန်ကောင်းစေသည့် ဆေးဝါး ကြွက်များတွင် စမ်းသပ်မှု အောင်မြင်

Post  ရွှေမန်းမြို့ ကဖိုက်တာ Wed Jun 15, 2011 3:35 am

နှလုံးဖောက်ပြန်မှု (Heart Attack) ကြောင့် ပျက်စီးသွားသော နှလုံး ပြန်လည် ကောင်းမွန်စေသည့် ဆေးဝါးတစ်မျိုးကို သုတေသန ပညာရှင်များက ကြွက်များတွင် စမ်းသပ် အောင်မြင်ခဲ့ကြောင်း သိရသည်။

နှလုံးဖောက်ပြန်မှုကြောင့် နှလုံး ပျက်စီးယိုယွင်းမှုမှာ ယခင်က ပြန်မကောင်းနိုင်တော့သော အခြေအနေ တစ်ရပ်အဖြစ် မှတ်ယူထားခဲ့ကြသည်။ ယခုအခါ Nature ဂျာနယ်တွင် ဖော်ပြချက်အရ thymosin beta 4 ဟု ခေါ်သော ဆေးဝါးသည် နှလုံး ကြီးကြီးမားမား ဖောက်ပြန်မှု ဖြစ်သည့် နှလုံးကို ပြန်လည် ကောင်းမွန်စေကြောင်း သိရသည်။

ဗြိတိသျှ နှလုံးဖောင်ဒေးရှင်းက ယခု အောင်မြင်မှုသည် နှလုံးသုတေသန၏ နတ်ရေစင် ဖြစ်သည်ဟု ချီးကျူးခဲ့ကြသည်။ သို့ရာတွင် လူသားများတွင် သုံးစွဲနိုင်ရန် အတွက် ဆက်လက် လေ့လာရဦးမည် ဖြစ်သည်။
ကျန်းမာရေး စောင့်ရှောက်မှု ကောင်းမွန်လာခြင်းကြောင့် နှလုံးသွေးကြောနှင့်ဆိုင်သော ရောဂါများဖြင့် သေဆုံးသူ အရေအတွက် ကျဆင်းလာသော်လည်း နှလုံးပျက်စီးပြီး သေဆုံးလာသည့် အရေအတွက်မှာမူ မြင့်တက်လာလျက် ရှိသည်။

လန်ဒန် ယူနီဗာစီတီ ကောလိပ်မှ ပညာရှင်များသည် နှလုံးတစ်သျူး ပုံစံ အမျိုးမျိုး အဖြစ် အသွင်ပြောင်းနိုင်သော ဆဲလ်များကို လေ့လာခဲ့ခြင်း ဖြစ်သည်။ အရွယ်ရောက်ပြီးသူများတွင် နှလုံးပြင်ပ မူလဆဲလ်များမှာ နှလုံးကို
ဖုံးနေသော်လည်း မြုံနေလေ့ ရှိသည်။ သိပ္ပံပညာရှင်များက thymosin beat 4 ဟု ခေါ်သော ဓာတုဆေးဝါးဖြင့် ယင်းတို့ကို နှိုးဆွစေခဲ့သည်။

လန်ဒန် ယူနီဗာစီတီ ကောလိပ်မှ ပါမောက္ခ ပေါလ်ရီလေးက ''အရွယ်ရောက်ပြီးသူရဲ့ နှလုံး ပြင်ပအလွှာ ဆဲလ်တွေ၊ နှလုံးကြွက်သားက ဆဲလ်တွေကို နှိုးဆွပြီး နှလုံးကြွက်သားသစ်တွေ ဖြစ်စေအောင် လုပ်လို့ရပါတယ်''ဟု
သုံးသပ်ခဲ့သည်။ နှလုံးသွေး လည်ပတ်မှုကိုလည်း ပိုမို ကောင်းမွန်လာစေခြင်းနှင့်အတူ တစ်သျူး ပျက်စီးမှု လျော့ကျလာပြီး နှလုံးနံရံ ပိုထူလာကြောင်း သိရသည်။

ဗြိတိသျှ နှလုံးဖောင်ဒေးရှင်းမှ ဆေးပညာ ညွှန်ကြားရေးမှူး ပီတာဝေ့စ်ဘာ့ဂ်ျက ယခု သုတေသနနှင့် ပတ်သက်ပြီး အထူး စိတ်လှုပ်ရှားမိကြောင်း၊ သို့ရာတွင် တိရစ္ဆာန်များတွင် စမ်းသပ်မှု အောင်မြင်သော်လည်း လူသားများတွင်ပါ အောင်မြင်မှု ရရှိခြင်းမှာ ရှားပါးကြောင်း သုံးသပ် ပြောကြားခဲ့သည်။
ရွှေမန်းမြို့ ကဖိုက်တာ
ရွှေမန်းမြို့ ကဖိုက်တာ

Posts : 20
Join date : 2011-06-15
Age : 33

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum