Mandalay Fighter Group
Would you like to react to this message? Create an account in a few clicks or log in to continue.

ယာဉ်ပေါ်မှ ကျပ် (၂၂) သိန်းတန် ကင်မရာ ခိုးခံရ၍ တိုင်ကြား

Go down

ယာဉ်ပေါ်မှ ကျပ် (၂၂) သိန်းတန် ကင်မရာ ခိုးခံရ၍ တိုင်ကြား Empty ယာဉ်ပေါ်မှ ကျပ် (၂၂) သိန်းတန် ကင်မရာ ခိုးခံရ၍ တိုင်ကြား

Post  emolay Thu Jun 16, 2011 7:16 am

သော့ခတ် ရပ်ထားသည့် ကားအတွင်းမှ ငွေကျပ် (၂၂) သိန်းတန် ပစ္စည်းများ ခိုးယူခံရသည် ဆိုကာ တိုင်တန်းမှု ဒဂုံမြို့နယ်တွင် ဖြစ်ပွား ခဲ့သည်။ မေလ (၂၂) ရက်နေ့ မွန်းလွဲ ၁း၃၀ အချိန်ခန့်တွင်မင်္ဂလာတောင် ညွန့်မြို့နယ်၊ ကျီတော်ရပ်ကွက်နေ အသက် (၂၇) အရွယ် အမျိုးသား တစ်ဦးသည် ၄င်းပိုင် ဘောက်(စ်) ဝက်ဂွန်း အနီရောင်ယာဉ်ဖြင့် ဒဂုံ မြို့နယ်၊ တပ်မတော်ခန်းမသို့ သွား ရောက်စဉ် ယာဉ်အား ရေကူးကန် လမ်းကြားအနီး ထားခဲ့ကာ ယာဉ် ပေါ်၌ ကျပ် (၂၂) သိန်းတန် ကင်မရာ နှင့် မှန်ဘီလူးတို့ကို အိတ်အနက်ဖြင့် ထည့်လျက် သော့ခတ်ရပ်ထားခဲ့ သည်။ ပြပွဲမှ နာရီဝက်ခန့်အကြာ ပြန်ထွက်လာစဉ် ယာဉ်၏ယာဘက် တံခါးပွင့်နေသည်ကို တွေ့ရ၍ စစ် ဆေးရာ ကင်မရာနှင့် မှန်ဘီလူး ပျောက်ဆုံးနေသည်ကို တွေ့ရ၍ အရေးယူပေးရန် ဒဂုံရဲစခန်းသို့ (ပ) ၈၈/ ၁၁ ပြစ်မှုပုဒ်မ ၃၈၀ အရ အမှု ဖွင့် တိုင်ကြားခဲ့သည်။
emolay
emolay

Posts : 114
Join date : 2011-06-12
Age : 29

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum