Mandalay Fighter Group
Would you like to react to this message? Create an account in a few clicks or log in to continue.

သင့်ရဲ့ရာသက်ပန် ကျန်းမာရေးအပေါ် တိုက်ရိုက်သက်ရောက်နေတဲ့ ပြီးပြည့်စုံမှု ပဓာန ၀ါဒ

Go down

သင့်ရဲ့ရာသက်ပန် ကျန်းမာရေးအပေါ် တိုက်ရိုက်သက်ရောက်နေတဲ့ ပြီးပြည့်စုံမှု ပဓာန ၀ါဒ Empty သင့်ရဲ့ရာသက်ပန် ကျန်းမာရေးအပေါ် တိုက်ရိုက်သက်ရောက်နေတဲ့ ပြီးပြည့်စုံမှု ပဓာန ၀ါဒ

Post  Admin Fri Jun 17, 2011 12:36 am

ဒီလောကကြီးထဲမှာ ပြီးပြည့်စုံမှုပဓာန၀ါဒ (Perfectionism) ဆိုတဲ့ အယူအဆတစ်မျိုး လူတစ်ချို့မှာ ရှိကြပါတယ်။ သူတို့ရဲ့ လိုအင်သဘောက အစစအရာရာမှာ ပြီးပြည့်စုံ ကောင်းမွန်ခြင်းကို ပိုင်ဆိုင် သုံးစွဲခံစား နိုင်ရမယ်၊ လတ်တလောမှာ အဲလို မဖြစ်သေးပေမယ့်လည်း တစ်နေ့အဲလို အခြေအနေဖြစ်ရမယ်လို့ ရည်မှန်းချက်ပန်းတိုင် တိတိကျကျ ထားပြီး ပြင်းပြင်းထန်ထန် အားထုတ်ကြိုးစား တတ်ကြပါတယ်။ ဒါက သူတို့ရဲ့ ၀ိသေသ စရိုက်လက္ခဏာ ဖြစ်ပါတယ်။
သင့်ရဲ့ရာသက်ပန် ကျန်းမာရေးအပေါ် တိုက်ရိုက်သက်ရောက်နေတဲ့ ပြီးပြည့်စုံမှု ပဓာန ၀ါဒ Aa11
(ဒီလို ခံယူချက်မျိုး လူတိုင်းလိုလိုမှာ ရှိနေနိုင်တာပါပဲ၊ သဘာဝပါပဲလို့ ပြောလို့ရပေမယ့် ပြီးပြည့်စုံမှုပဓာန၀ါဒဆိုတာ ပုံမှန်ခံယူချက်တွေထက် ပိုပြီး မြင့်မားပြင်းထန်ပါတယ်။ ဒီသတင်းအက်ဆေးမှာ ပြီးပြည့်စုံမှုပဓာန၀ါဒ အပေါ် ကျန်းမာရေး၊ လူမှုရေး ရှုထောင့်များက သုံးသပ်ဖော်ပြပေးသွားမှာ ဖြစ်ပြီး သုတေသနပညာရှင်များရဲ့ နောက်ဆုံးပေါ် ရလဒ်များကိုပါ ထည့်သွင်းဖော်ပြပေးသွားမှာ ဖြစ်ပါတယ်)

ဒီလိုဝါဒမျိုး ရင်ထဲမှာ ခိုင်ခိုင်မာမာ ရှိနေတတ်ကြတဲ့ သူတွေအားလုံးရဲ့ ၅% ဟာ အထက်တန်းလွှာ လူတန်းစားတွေထဲက ဖြစ်ပြီး ၁၈% လောက်ကသာ ဆင်းရဲချို့တဲ့သူတွေထဲက ဖြစ်ကြပြီး အံ့သြစရာ ကောင်းလောက်စွာ ၇၇%လောက်ဟာ လူလတ်တန်းစားများထဲက ဖြစ်နေကြပါသတဲ့။ ဒီသုတေသနရလဒ်တွေအရ ဘ၀မှာ လိုအင်ဆန္ဒ အပြင်းပြဆုံး သူတွေဟာ လူလတ်တန်းစားတွေ ဖြစ်နေတာ အံ့သြဖွယ် တွေ့ရပါတယ်။

ကျွန်တော့်ရဲ့ ကိုယ်ပိုင်အမြင်အရ မှန်းဆရသလို ယေဘုယျသဘောနဲ့ ပြောရရင် လူချမ်းသာတွေကျတော့ ဘ၀မှာ လျှောက်ရမယ့် လမ်းနဲ့ ပန်းတိုင်ကို အတိအကျ လှမ်းမြင်ပြီးသား ဖြစ်ကာ သာသာယာယာ လျှောက်သွားရုံ ဖြစ်ပါတယ်။ မှန်းခဲ့သလို မဖြစ်ခဲ့ရင်လည်း ကုစားစရာ နည်းလမ်းတွေ အင်အားတွေ တပုံတပင်ကြီးမို့ မဖြစ်မနေ ဆိုတဲ့ စိတ်ဓာတ်နဲ့ ကြိုးစားရခြင်းမျိုး မဟုတ်ဘဲနဲ့ ဂုဏ်သိက္ခာအတွက်၊ ဘ၀ပိုမိုမြင့်မားလာရေးအတွက်၊ ၀ါသနာတစ်ခုအနေနဲ့ ကြိုးစားအားထုတ်ကြတာ ဖြစ်ပါတယ်။ “အမှောင်ကို မမြင်ဖူးရင် အလင်းရှိနေတာလည်း မသိဘူး” ဆိုတဲ့ တာအိုအတွေးအခေါ်စကားတစ်ရပ်လိုပဲပေါ့။ မွေးကတည်းက ပြီးပြည့်စုံအောင် နေလာရတော့ ပြီးပြည့်စုံမှု မရှိခြင်းကို မသိသလို ပြီးပြည့်စုံမှု ရှိခြင်းဆိုတာကိုလည်း ရင်ထဲနှလုံးသားထဲက အထူးတလည် မခံစားမိကြသလို ဘ၀နဲ့ချီပြီး နေ့တိုင်းပြင်းပြင်းပြပြ လိုချင်တောင့်တ နေတာမျိုး မရှိကြတဲ့အတွက် ပြီးပြည့်စုံမှုပဓာန၀ါဒီတွေထဲမှာ သူတို့ဟာ အရေအတွက် အနည်းဆုံး ဖြစ်နေရတာ ဖြစ်နိုင်ပါတယ်။ သင့်ရဲ့ရာသက်ပန် ကျန်းမာရေးအပေါ် တိုက်ရိုက်သက်ရောက်နေတဲ့ ပြီးပြည့်စုံမှု ပဓာန ၀ါဒ Bb10
န်တော်ဒီလို ပြောလို့ အထက်တန်းလွှာတွေကို အရည်အချင်း မရှိဘူးလို့ မဆိုလိုပါဘူး။ သူတို့တွေဟာ အင်္ဂလိပ်စာ၊ နည်းပညာ စတဲ့ ဘာသာရပ်တွေ အပြင် စီးပွားရေးအမြင်၊ လူမှုရေးအမြင် စတာတွေမှာ အခြေခံ အရမ်းကောင်းပြီးသား လူများသာ ဖြစ်ပါတယ်)

ဒါဆို မွေးကတည်းက လိုတာမရ သူများဘ၀တွေကို အားကျနေခဲ့ရတဲ့ သူတွေကရော ကြီးပြင်းလာရင်း ပြီးပြည့်စုံမှုပဓာန၀ါဒကို ကိုင်စွဲသူတွေထဲမှာ အများဆုံး အရေအတွက် ဖြစ်နေသင့်တာပေါ့။ တကယ်တမ်းကျတော့ ဒီလိုမဟုတ်ကျပြန်ဘူး။ သူတို့လည်း လူတွေဆိုတော့ ပြီးပြည့်စုံခြင်းကို ဘယ်မလိုချင်ပဲ နေပါလိမ့်မလဲ။ ဒီလိုလူတွေ ထဲက အများစုဟာ လိုချင်ပေမယ့်လည်း မဖြစ်နိုင်ခြင်း တံတိုင်းတွေ အရမ်းခြားလို့၊ ဘယ်လောက်ကြိုးစားကြိုးစား ထိရောက်တဲ့ ပံ့ပိုးမှု မရနိုင်တဲ့အတွက် နောက်ဆုံးတော့ လက်လျှော့ကာ လူလတ်တန်းစားဘ၀လောက်နဲ့ပဲ လက်လျှော့တင်းတိမ် ရောင့်ရဲသွားကြတတ်ပါတယ်။

(မဆိုင်တာ ကြားဖြတ်ပြောရရင် Smile

လူမမာလေးဟာ
သူရဲကောင်းဖြစ်ချင်ရှာလွန်းလို့
ဓားကို အကြိမ်ကြိမ် သွေးပါတယ်။
ဒါပေမယ့်……
ထွက်ခွာသွားတဲ့ ရထားတစ်စင်းရဲ့
ဥသြသံအဆုံးမှာ
လေးကြိုးလေးဟာ “ထောင်း”ကနဲ ပြတ်သွားတယ်
အော်…….. ရှုံးပြန်ပြီကွယ်……………..

ဆိုတဲ့ တာရာမင်းဝေရဲ့ ကဗျာအပိုင်းအစလေး တစ်ခု (စာလုံးအချို့ လွဲနေနိုင်သည်) ထဲကလို ကြုံတွေ့ခဲ့ရလို့ ပြီးပြည့်စုံမှုပဓာန၀ါဒကို အားမတန် မာန်လျှော့ လွှတ်ချခဲ့ရတာမျိုး ဖြစ်ပါလိမ့်မယ်)

လူလတ်တန်းစားတွေကျတော့ အထက်တန်းလွှာ အသိုင်းအ၀ိုင်းနဲ့ ထိတွေ့မှု ရှိရာကနေ မျှော်လင့်ချက်ကို ကြမ်းခင်းဈေးကြီးကြီးနဲ့ ဈေးကွက် စဖွင့်ဖြစ်သွားသလို၊ မရှိမရှားဘ၀မှာ တစ်ခါတစ်လေ ကြုံတွေ့ရတတ်တဲ့ လူမှုဒုက္ခတွေကလည်း သူတို့ရဲ့ အမြင့်ဆုံးတက်လိုစိတ်ကို ဆပွားပေးလိုက်သလိုပါပဲ။ လူလတ်တန်းစားရဲ့ အားအကိုးဆုံး ပင်ကိုယ်စွမ်းရည်ကတော့ ပညာပဲဖြစ်ပြီး ပညာကြောင့်သာ ပြီးပြည့်စုံမှုတွေကို သိရှိတွက်ဆ ကြိုးစားတည်ဆောက် လာနိုင်တာ ဖြစ်ပါတယ်။ ချို့တဲ့သူတွေဟာ များသောအားဖြင့် ဒီအပိုင်းမှာလည်း အားနည်းလို့ ပြီးပြည့်စုံမှုပဓာန၀ါဒီ(Perfectionists) တွေ အားလုံးရဲ့ ၁၈% လောက်ပဲ ရှိနေကြတာလို့ သုံးသပ်မိပါတယ်။

လိုရင်းအကြောင်းအရာကို ဆက်ဆွေးနွေးရရင် ပြီးပြည့်စုံမှုပဓာန၀ါဒီ တွေဟာ အကောင်းဆုံးတွေ ပိုင်ဆိုင်ရဖို့ အရည်အချင်းအမျိုးမျိုးတွေ စုစည်းပြီး ယှဉ်ပြိုင်တိုက်ခိုက် ရုန်းကန်လှုပ်ရှားကြပါတယ်။ တစ်နေ့နေ့မှာ ကြယ်စင်ပတ်လည် ၀န်းရံလျက် ရှိတဲ့ ရွှေပြည်တော်ကြီးကို ပိုင်ဆိုင်ရမယ်ဆိုတဲ့ ရွှေရောင်နတ်သမီးအိပ်မက် တစ်ခုကို မက်ရင်းနဲ့ပေါ့။ ဒီလိုစိတ်ကို လွန်ကဲအစွန်းရောက်စွာ မွေးမြူသူတွေဟာ ကောင်းကျိုးလည်း ရှိသလို ဆိုးကျိုးတွေလည်း ခံစားရနိုင်တယ်လို့ မကြာသေးမီက သုတေသနရလဒ်များအရ သိရပါတယ်။

အရာအားလုံး ပြီးပြည့်စုံရေး အတွက် ကြိုးစားရုန်းကန် တဲ့အခါမှာ ရည်မှန်းချက် အကောင်အထည်ဖော်ရေး အစီအစဉ်တွေ တင်းကျပ်တဲ့ စည်းကမ်းတွေကို သုံးတတ်ကြပါတယ်။ ဒီလိုလုပ်တဲ့ အခါမှာ ပုံမှန်မဟုတ်တဲ့ စိတ်ဖိအားတွေ များလာစေပြီး အမှားတွေလည်း လုပ်မိလာတတ်စေပါတယ်။ ဂရုစိုက်လွန်းတဲ့ ကြားက အမှားအယွင်းတွေ ဖြစ်ရင် စိတ်ဖိစီးမှုတွေ၊ စိတ်ဓာတ်ကျမှုတွေ ပိုခံစားရတတ်ပြီ ရောဂါတွေ ၀င်လာတတ်ကြပါတယ်။

ဘယ်သူမှ ဘ၀မှာ perfect မဖြစ်နိုင်ဘူး ဆိုတာ နှလုံးသွင်းသင့်ပါတယ်။ ဒါကိုကလည်း လူ့ဘ၀ရဲ့ အနှစ်သာရ အရသာ ဖြစ်ပါတယ်။

ကော်တီဇော (Cortisol) လို့ခေါ်တဲ့ စတီးရွိုက်ဟော်မုန်းတစ်မျိုးဟာ လူတစ်ယောက် မနက်အိပ်ရာနိုးပြီး မကြာခင် သွေးတွင်းမှာအနိမ့်ဆုံးပမာဏကနေ စထွက်ပါတယ်။ တစ်ညလုံး အိပ်စက် အနားယူနေစဉ် ခန္ဓာကိုယ်ကို လွှမ်းမိုးထိန်းသိမ်း ထားတဲ့ အိပ်စက်ခြင်းဟော်မုန်း မယ်လတိုနင် (Melatonin) ရဲ့ အလှည့်(ည)ကို ကော်တီဇောတွေက ပြောင်းလဲနေရာယူလိုက်ကြလို့ မယ်လတိုနင် ထွက်ရှိမှု ရပ်ဆိုင်းသွားပြီး ကော်တီဇောတွေရဲ့ အလှည့် (နေ့) ဖြစ်သွားပါတယ်။

ကော်တီဇောရဲ့ ကောင်းတဲ့ အာနိသင်တွေကြောင့် လူတိုင်းဟာ မနက်အိပ်ရာထပြီးရင် တစ်နေ့တာအတွက် ရင်ဆိုင်လှုပ်ရှား ကြိုးစားဖို့ စိတ်ပိုင်းဆိုင်ရာကော ရုပ်ပိုင်းဆိုင်ရာပါ အင်အားတွေ ရရှိနေသလို ခံစားကြရတာ ဖြစ်ပါတယ်။ အိပ်စက်ချိန် မပြည့်လို့ မယ်လတိုနင်တွေရဲ့ အာနိသင် မကုန်သေးရင် တစ်နေ့လုံး အိပ်ချင်မူးတူး ဖြစ်နေတတ်ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကော်ဖီ လက်ဖက်ရည် စတဲ့ ကဖိန်းဓာတ်ပါတဲ့ စားသောက်ဖွယ်တွေဟာ ကော်တီဇောထွက်အောင် လှုံ့ဆော်ပေးလို့ မနက်ပိုင်းသိပ်မလန်းပေမယ့် ဒါတွေ သောက်လိုက်ရင် လဲ လန်းသွားသလို ခံစားရတာ ဖြစ်ပါတယ်။

(ဗဟုသုတ ဆက်ပြောရရင် ဒီဟော်မုန်းဟာ နှလုံးခုန်မှု၊ သွေးလှည့်ပတ်မှု၊ ဦးနှောက်သက်ဝင်လှုပ်ရှားနေမှုတွေကိုပါ အားပေးနိုင်လို့ ဟိုက်ဒရိုကော်တီဇုန်း (Hydrocortisone) ဆိုတဲ့ ကော်တီဇောကို အသက်ငင်နေတဲ့ လူနာတွေ၊ ရှော့ဖြစ်တဲ့ လူနာတွေကို ထိုးပေးတာ ဖြစ်ပါတယ်။ အရပ်ထဲမှာခေါ်ခေါ်နေကြတဲ့ အသက်ကယ်ဆေးဆိုတာ ကော်တီဇောပဲ ဖြစ်ပါတယ်) ဒါတွေက ကော်ဒီဇောရဲ့ ကောင်းတဲ့ အချက်တွေ ဖြစ်ပါတယ်။
သင့်ရဲ့ရာသက်ပန် ကျန်းမာရေးအပေါ် တိုက်ရိုက်သက်ရောက်နေတဲ့ ပြီးပြည့်စုံမှု ပဓာန ၀ါဒ Cc10

မိမိရပ်တည်တည်ရှိနေတဲ့ ပတ်ဝန်းကျင်မှု အာရုံစူးစိုက်မှု၊ စိတ်ပါဝင်စားမှု အင်အားတွေကို လူတကာထက် သာချင်လို့ အချိန်နဲ့အမျှ စိုက်ထုတ်နေတဲ့ ပြီးပြည့်စုံမှုပဓာန၀ါဒီတွေမှာ သွေးတွင်းကော်တီဇောပမာဏဟာ ပုံမှန်လူတွေထက် များနေရတာ ဖြစ်ပါတယ်။ဒီလိုဖြစ်တဲ့အတွက် သူတို့ဟာ ပိုမို သွက်လက်ထက်မြက်နေကြပေမယ့် စိတ်ဖိစီးမှုဟော်မုန်း (stress hormone) လို့လည်း အမည်တွင်တဲ့ ကော်တီဇောဟာ အချိန်ပြည့် တောက်လျှောက်ထွက်နေရင် ရေရှည်မှာ သွေးဖိအားနဲ့ နှလုံးခုန်နှုန်းကို ပုံမှန်ထက် ပိုမိုမြင့်တက်လာစေကာ အသက်အရွယ်ရလာချိန်မှာ သွေးတိုးရောဂါရဖို့ အကြောင်းအရင်းတစ်ရပ် ဖြစ်စေကြောင်း၊ ပြီးပြည့်စုံမှုပဓာန၀ါဒနဲ့ သွေးတိုးရောဂါဟာ တိုက်ရိုက် ဆက်စပ်နေပြီး နှလုံးသွေးကြောကျဉ်း၊ ဦးနှောက်သွေးကြောပေါက် လေဖြတ်ရောဂါတွေနဲ့ သွယ်ဝိုက်ဆက်စပ်နေကြောင်း လူသန်းပေါင်းများစွာကို အချိန်ယူ လေ့လာထားချက်များအရ သိရပါတယ်။
သင့်ရဲ့ရာသက်ပန် ကျန်းမာရေးအပေါ် တိုက်ရိုက်သက်ရောက်နေတဲ့ ပြီးပြည့်စုံမှု ပဓာန ၀ါဒ Dd12
ဒီတွေ့ရှိချက်များအကြောင်းကို Live Science ၀က်ဘ်ဆိုက်မှာ အောက်ပါအတိုင်း ဝေဖန်ရေးသားထားပါတယ်။

“ပြီးပြည့်စုံမှုပဓာန၀ါဒတွင် အသွင်သဏ္ဍာန်အားဖြင့် နှစ်မျိုး ကွဲထွက်နေပါသည်။ အပြုသဘောဆောင်သော ဘက်မှကြည့်လျှင် ဘ၀တွင် အဆင့်အတန်းမြင့်မားစွာ နေလိုစိတ် တိုးတက်လိုစိတ် အဖြစ် တည်ရှိနေပြီး၊ အဖျက်သဘောဆောင်သော သံသယလွန်ကဲမှု၊ အမှားများအပေါ် ချို့ယွင်းချက်များ အပေါ် သောကပိုတတ်ခြင်း၊ ချို့ယွင်းချက်ကင်းအောင် ပြုပြင်ဖန်တီးရာမှ ရရှိသော ဖိအားများ ခံစားရလွန်ခြင်း စသော အချက်များလည်း ပြီးပြည့်စုံမှုပဓာန၀ါဒီတို့၏ စိတ်နေစိတ်ထားများအဖြစ် တွေ့ရသည်။ ထို့ပြင် ပြီးပြည့်စုံမှုပဓာန၀ါဒီတို့သည် ပုံမှန်အခြေအနေတွင် ကိုယ်စွမ်းကိုယ်စ အရာ၌ အခြားသူများထက် ထက်မြက်သယောင် ရှိသော်လည်း ဖိစီးမှုများနှင့် ဆုံးဖြတ်ပြုမူဆောင်ရွက်ရသော အခြေအနေများအောက်တွင်တော့ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း လျော့ကျသွားတတ်ခြင်းသည် အဆိုးဆုံးအချက်ပင် ဖြစ်သည်”

ကမ္ဘာကြီးပေါ်မှာ ရှိတဲ့ အတွေးအခေါ်တွေ အားလုံးကို ဦးတည်ချက်အရ အမျိုးအစားခွဲရင် နှစ်မျိုးပဲ ရှိပါတယ်။ D နှစ်လုံး လို့ အမှတ်သညာ ပြုထားကြပါတယ်။ Development (ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ခြင်း သို့မဟုတ် လောကီအတွေးအခေါ်များ) နဲ့ Detachment (အနှောင်အဖွဲ့ ဖြတ်တောက်ခြင်း သို့မဟုတ် လောကုတ္တရာအတွေးအခေါ်များ) လို့ D နှစ်လုံးနဲ့ ကိုယ်စားပြုပါတယ်။

ကျွန်တော်တို့ဟာ အခုလတ်တလောမှာ Detachment တွေ မတွေးနိုင် မကျင့်နိုင်သေးလို့၊ ပုထုဇဉ် လူသားတွေပဲမို့ Development တွေကိုပဲ လိုက်စားတွေးခေါ်နေကြတာ သဘာဝ ကျပါတယ်။ ဒါပေမယ့် ပြီးပြည့်စုံမှုပဓာန၀ါဒကျတော့ Development တွေရဲ့ အမြင့်ဆုံး၊ အစွန်းရောက်တဲ့ အနေအထား ရှိနေပါတယ်။ အစွန်းရောက်တယ်ဆိုတာ လောကီလောကုတ္တရာ ဘယ်ဖက်မှာမှ မကောင်းနိုင်ပါဘူး။ ဒါကြောင့် မြတ်ဗုဒ္ဓက အစွန်းတရားများကို ပယ်ကာ အလယ်အလတ် မဇ္ဈိမပဒိပဒါ လမ်းစဉ် (Via Media) ကိုပဲလိုက်သင့်ကြောင်း သတ္တ၀ါတို့အကျိုးကို ရည်မျှော်ကာ ဟောဖော်ကြားခဲ့တာ ဖြစ်ပါတယ်။

အစွန်းရောက်တယ်ဆိုတာ အန္တရာယ်ပဲ (Extreme is dangerous.) ဆိုတဲ့ သိုးဆောင်းစကားပုံလေး ကလည်း မှတ်သားစရာပါပဲ။ လူတစ်ယောက်အတွက် သူ့ဘ၀ကို အမြင့်မားဆုံး ရောက်အောင် ကြိုးစားချင်စိတ်ရှိတာ အပြစ်မဆိုသာပေမယ့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေမှာ အနုတ်လက္ခဏာ သက်ရောက်ခြင်း ရှိစေမယ့် အမူအကျင့် စိတ်နေစိတ်ထားတွေကိုတော့ ရှောင်ကြဉ်ကာ ငြိမ်းချမ်းမြင့်မားတဲ့ အောင်မြင်မှုကို ရရှိနိုင်ပါစေကြောင်း ရည်ရွယ်ကာ စုစည်းတင်ပြလိုက်ပါတယ်။

Admin
Admin

Posts : 82
Join date : 2011-06-11
Age : 33
Location : Mandalay

https://mmts.forumotion.com

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum