Mandalay Fighter Group
Would you like to react to this message? Create an account in a few clicks or log in to continue.

မလေးရှား - မြန်မာ ချစ်ကြည်ရေး ခြေစမ်းပွဲတွင် မြန်မာအသင်း ၂ ဂိုး ဖြင့် ရှုံးနိမ့်

Go down

မလေးရှား - မြန်မာ ချစ်ကြည်ရေး ခြေစမ်းပွဲတွင် မြန်မာအသင်း ၂ ဂိုး ဖြင့် ရှုံးနိမ့် Empty မလေးရှား - မြန်မာ ချစ်ကြည်ရေး ခြေစမ်းပွဲတွင် မြန်မာအသင်း ၂ ဂိုး ဖြင့် ရှုံးနိမ့်

Post  ရွှေမန်းမြို့ ကဖိုက်တာ Sun Jun 19, 2011 11:09 am

မလေးရှား - မြန်မာ ချစ်ကြည်ရေး ခြေစမ်းပွဲတွင် မြန်မာအသင်း ၂ ဂိုး ဖြင့် ရှုံးနိမ့် 01210
ဇွန်လ ၁၈ ရက်နေ့ မလေးရှား နိုင်ငံတွင် သွားရောက် ခြေစမ်းခဲ့သော မြန်မာ ဘောလုံးအသင်းမှာ မပေးသင့်သော ဂိုးများကို ပေးခဲ့ရသည်။ ဂိုးသမား၏ စွမ်းစွမ်းတမံ အားထုတ်မှုကြောင့် ဂိုးများစွာ မပေးခဲ့ရခြင်း ဖြစ်သည်။ အကယ်၍ နောက်တန်းလူများ သေချာကျနစွာ ရှင်းထုတ်နိုင်ခဲ့ပါက မလေးရှား ဘောလုံးအသင်းကို အနိုင်ယူနိုင် ပေလိမ့်မည်။ အရှုံးထဲမှ သင်ခန်းစာ တစ်ပုဒ် ရလိုက်သည်ဟု ဆိုချင်ပါသည်။ မြန်မာ ဘောလုံးသမားလေးများ အစွမ်းကုန် ကြိုးစားခဲ့ ကြပါသည်။ သို့သော် နည်းပြ၏ မလိုလားအပ်သော လူစားလဲမှုများကို မြင်တွေ့ခဲ့ရသည်။ ချစ်ကြည်ရေး ခြေစမ်းပွဲဟု ဆိုသော်ငြားလည်း အခွင့်အရေးရတိုင်း လူစားလဲရပါမည် ဆိုလျှင် ကစားသမား သုံးဦးသာ လူစားလဲခွင့်ရှိသော တကယ့်ပွဲစဉ်များကို မည်သို့ကိုင်တွယ် မည်နည်း? စဉ်းစားစရာပင် ဖြစ်လေတော့သည်။

မလေးရှား ရာသီဥတုမှာ ပူအိုက်သည်ဟု ဆိုသော်လည်း မြန်မာ ဘောလုံးအသင်းနှင့် ကစားမည့်အချိန် မတိုင်မီမှာတော့ မိုးကရွာ ကွင်းထဲမှာ မိုးရေတွေက အပြည့်နှင့်ဆိုတော့ မြန်မာ အားကစားသမားများ စိတ်ကြိုက် ကစားနိုင်ဖို့ အခြေအနေက ပေးလာခဲ့သည်ဟု ထင်မြင်မိသည်မှာ အမှန်ပင်။ ကျွန်တော်တို့ မြန်မာတွေဟာ မိုးရာသီကို မှီခိုအားထားတဲ့ လူမျိုး ၊ မိုးကိုချစ်တတ်သော လူမျိုး ၊ မိုးရေထဲတွင် ဘောလုံး ကစားရတာကို နှစ်သက်သော လူမျိုး ဖြစ်နေသောကြောင့်ပင်။ သို့သော် မြန်မာ ဘောလုံးသမား လူငယ်တွေ ဖြစ်နေသောကြောင့် အရှုံးကို လက်ခံခဲ့ရတာလား မပြောတတ်တော့။ ရေတွေများစွာ ၀ပ်နေသော ကစားကွင်းမှာ ရန်ကုန် သုဝဏ္ဏကွင်းလောက် မကောင်းတာတော့ သေချာနေသည်။ ထို့ကြောင့် မြန်မာ ကစားသမားတွေ၏ ခြေစွမ်းကို ခန့်မှန်းရခက် စေခဲ့သည်။ ပထမပိုင်း အစမှာတော့ မြန်မာအသင်း၏ ထုံးစံအတိုင်း တစ်ဖက်အသင်းကို တုန်လှုပ်သွားစေတာ အမှန်ဖြစ်သည်။ မလေးရှားအသင်းမှာ ဆူဇူကီးဖလားရ အသင်းကြီးမှ ၀ါရင့်ကစားသမားနှင့် လူငယ်ကစားသမားများ အချိုးကျ ပေါင်းစပ်ကာ ပုံဖော်ကစား သွားခဲ့ကြသည်။ မြန်မာ ဂိုးသမားကြောင့်သာ မြန်မာအသင်း အခြေအနေ ကောင်းခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်းမှာတော့ လူငယ်တွေချည်းဟု ထင်မြင်မိသည်။ အရပ်အမောင်း အရွယ်အစား အနေအထားအရ အနည်းငယ် ကွာခြားနေသည်။ လေ့ကျင့်မှုအရ မလေးရှား ဘောလုံးသမားတွေမှာ မြန်မာ အားကစားသမားတွေထက် သာလွန်နေတာကို ပွဲချိန်ကြာသည်နှင့် သိသာလာတာ တွေ့ရသည်။

ပထမပိုင်းတွင် မြန်မာ အသင်းမှ ထိုးဖောက် တိုက်စစ်ဆင်မှုကို မလေးရှား ကစားသမားများ အသဲအသန် ဖျက်ထုတ် ကာကွယ်ခဲ့ရသည်။ မြန်မာ အသင်းသည် လျှင်လျှင်မြန်မြန်ပင် ။ မလေးရှား နောက်တန်း ကစားသမားများ၏ ဖျက်ထုတ်မှု သေချာတိကျ၍သာ မြန်မာတို့ ဂိုးကံခေ ခဲ့ရခြင်းဖြစ်သည်။ ပထမပိုင်း၏ မိနစ် ၂၀ ကျော်သာ ရှိနေသေးချိန်တွင် နည်းပြမှ လူစားလဲမှုတွေ စတင်လုပ်ဆောင် နေပါပြီ။ ၂၇ မိနစ်တွင် မလေးရှား ညာတောင်ပံ ကစားသမားမှ ခုတ်တင်ပေးလိုက်သော ဘောလုံးကို မြန်မာနောက်တန်းလူမှ ခေါင်းတိုက် ဖျက်ထုတ်ပါသည်။ ဘောလုံးမှာ အဝေးသို့ ရောက်ရှိမသွားပဲ ဂိုးဧရိယာထဲသို့ ပြန်ကျလာရာ မြန်မာ နောက်တန်းလူ တစ်ဦးမှ ထပ်မံ ခေါင်းတိုက် ဖျက်ထုတ်လိုက်ရာ တစ်ဖက် ရှေ့တန်း ကစားသမား၏ ခြေထောက်ထဲသို့ ဂိုးသွင်းခွင့်ကို ပေးလိုက်သလို ဖြစ်သွားတော့သည်။ ပထမဂိုး ပေးလိုက်ရခြင်းပင်။ မြန်မာ ရှေ့တန်း ကစားသမား ကျော်ကိုကို မှာလည်း တစ်ဖက် နောက်တန်း ကစားသမား၏ သေချာမှုကြောင့် တိုး၍ မရနိုင်ပေ။ လူစားဝင်လာသော ကစားသမားများမှာလည်း အသင်းကို တွန်းအားပေးနိုင်သူ မရှိခဲ့။ စိုးမြတ်မင်းကို သတိရမိသည်။ သူဝင်လာပြီ ဆိုလျှင် မြန်မာ အသင်းကစားပုံ ပြောင်းလဲ တိုးတက်လာတာ တွေ့ရသည်ပဲ။ မြန်မာအသင်း ဂိုးသွင်းခွင့် ကြုံသော်လည်း တစ်ဖက်အသင်း၏ ခံစစ် ကောင်းမွန်မှုကြောင့် ခြေပဂိုး ရလုနီးမှ လွဲချော်ခဲ့ရသည်။ ဒုတိယပိုင်း ၅၄မိနစ်တွင် ပေးလိုက်ရသော ဒုတိယဂိုးမှာလည်း မြန်မာအသင်း နောက်တန်း၏ ဖျက်ထုတ်မှု မသေချာ မတိကျသောကြောင့် ပေးခဲ့ရခြင်း ဖြစ်သည်။

မြန်မာအသင်း၏ အားနည်းချက်မှာ လူအရွယ် အနေအထားချင်း မမျှတသည်ကို သိလျှက်နှင့် အမြင့်ဘောများကို ထပ်ကာထပ်ကာ သုံးနေခြင်းပင်။ သေချာတိကျသော အမြင့်ပေးဘော ဆိုလျှင် ပြောစရာမရှိပေ။ နောက်တစ်ခုမှာ ဘယ်တောင်ပံ ကစားသမား ပိုင်စိုးကို မှီခို အားထားနေခြင်းပင်။ မြန်မာ ဘောလုံးသမားများသည် ဘောလုံးရပြီဆိုသည်နှင့် ပိုင်စိုးထံသို့ အများဆုံး ပေးပို့နေခြင်း ဖြစ်သည်။ ပေးပို့မှု တိကျလျှင် မပြောသာ။ ပေးပို့လိုက်သော အမြင့်ဘောလုံးများမှာ ပျက်သွားသည်က ၇၀ ရာခိုင်နှုန်းခန့် ဖြစ်နေသည်။ မိုင်းအိုက်နိုင် ၀င်လာသော အချိန်တွင် တစ်ဖက်ဂိုးသမားကို ချိန်းခြောက်နိုင်ခဲ့သည်။ ခြေစမ်းပွဲ ချစ်ကြည်ရေးပင် ဖြစ်လင့်ကစား ထိခိုက်ဒဏ်ရာ ရသောပြစ်ဒဏ်မျိုး ဖြစ်ခဲ့သော အချိန်တွင် မြန်မာ အားကစား အများစုမှာ တစ်ဖက် ကစားသမား အပေါ်တွင် ယဉ်ကျေးမှုအရ သွားရောက် ထူပေးခြင်း ၊ လက်ဆွဲနှုတ်ဆက်ခြင်း မပြုခြင်းမှာ ပရော်ဖက်ရှင်နယ် အားကစားသို့ တက်လှမ်းနေသော မြန်မာ ဘောလုံးလောက၏ လိုအပ်ချက် ဖြစ်နေသေးသည်။ မြန်မာ အားကစား ဘောလုံးသမားများ၏ ကြိုးစားမှုကိုတော့ အသိအမှတ်ပြု ရပါသည်။ မြန်မာတွေ အရင်လို မဟုတ်မခံ စိတ်ထက် အားကစားစိတ်ဖြင့် ကစားသောကြောင့်ပင်။ မြန်မာ ဘောလုံး တိုးတက်စေကြောင်း မှတ်တမ်းတင်ရ ပါသည်။
ရွှေမန်းမြို့ ကဖိုက်တာ
ရွှေမန်းမြို့ ကဖိုက်တာ

Posts : 20
Join date : 2011-06-15
Age : 33

Back to top Go down

Back to top

- Similar topics
» မကွေး FC ကို ခြေစမ်းပွဲတွင် ရန်ကုန်ယူနိုက်တက်အနိုင်ရ၊ ယှဉ်ပြိုင်ခဲ့သည့် ခြေစမ်းပွဲ(၃)ပွဲစလုံးကို အနိုင်ရထားပြီး တိုက်စစ်မှူးသစ် ဂျူဗီနယ် ခြေစွမ်းပြလျက်ရှိ
» ၂၀၁၁ ခုနှစ် ငါးလတာကာလအတွင်း ပြည်ပရိုက်ကူးရေး အဖွဲ့များအနေဖြင့် ခရီးသွားလုပ်ငန်းများနှင့် တိုက်ရိုက်ချိတ်ဆက် လာရောက်မှု ပိုမိုများပြားလာ
» မန်ယူကစားသမားဟောင်း ဟင်းနရစ်လာဆင် ရန်ကုန်မြို့သို့ ဧပြီလအတွင်း လာရောက်လည်ပတ်မည်ဖြစ်ကြောင်းသိရ၊ ရန်ကုန်နှင့် မုံရွာမြို့တို့တွင် သရုပ်ပြခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန်စီစဉ်
» တရုတ်နိုင်ငံသို့ အလုံးအရင်းဖြင့် စီးဆင်းနေသည့် ကျောက်စိမ်းကဏ္ဍ သဘာဝဓာတ်ငွေ့ကို ပခုံးချင်းယှဉ်လာနိုင် ကျောက်စိမ်း တရားဝင် တင်ပို့မှုမှရငွေ သဘာဝဓာတ်ငွေ့မှ ရငွေနီးပါး အထိ ရှိပြီး အမေရိကန်ဒေါ်လာ ၂ ဘီလျံကျော် ရရှိ

 
Permissions in this forum:
You cannot reply to topics in this forum