ခေါင်းစဉ်မရှိတဲ့ကဗျာတစ်ပုဒ်

Go down

ခေါင်းစဉ်မရှိတဲ့ကဗျာတစ်ပုဒ် Empty ခေါင်းစဉ်မရှိတဲ့ကဗျာတစ်ပုဒ်

Post  emolay on Mon Jun 13, 2011 1:11 am

အနာတရဖြစ်ဖို့တော့

နင့်ရောငါ့ရော မမျော်လင့်ခဲကြဘူး

အခုတော့ဒဏ်ရာဆိုတာ နာကျင်စေတတ်တဲ့ အရာမှန်း

ဝေးကွာမှ သိခဲ့ရတယ်……………….

သံယောဇဉ် ဆိုတာကလည်း အကွာအဝေး

မတိုင်းထွာစကောင်းသော အရာတစ်ခုဘဲ

မိုးရေတစ်စက်ဟာ

သမုဒ္ဒရာကို ချိုမြိန်စေနိုင်မလား?

ချစ်သူ…………ရယ်

ငါ့ မျက်ရည်တစ်စက်ကတော့

မင်းကို မခါးသက်စေချင်ဘူး……………

ဝေးကွာခြင်းကို ဘယ်သူ ချိုမြိန်နိုင်မလဲလေ

ငါအကြောင်းမကြားနိုင်တဲ့ အရပ်မှာ

မင်း မပျော်မွေ့လိုက်ပါနဲ့ ချစ်သူ

မဆုံနိုင်တဲ့ရက် မှာ သာတဲ့ လ,

အဓိပ္ပာယ်မဲ့ လှပမှုပဲ ဖြစ်မှာပါ

ချစ်သူ…..ရယ်

ငါဆီပြန်လာခဲ့ပါ………

အဝေးမှာ အဆွေးတွေနဲ့ မရှင်သန်လိုက်ပါနဲ့…..

emolay
emolay

Posts : 114
Join date : 2011-06-12
Age : 25

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum