ဆာ...ယို...နာ...ရာ (2)
Page 1 of 1
ဆာ...ယို...နာ...ရာ (2)
မာယာများတယ်
နံမည်မတပ်ရက်ပေမယ့်
အိပ်မက်ရိုင်းတွေက
ငါ့ကိုခြောက်လှန့်နေခဲ့တာ
ဆယ်စုနှစ်တစ်ခုကြာခဲ့ပြီ
နှလုံးသားဆတ်ဆတ်ခါ
ထပ်ပြီးမနာကျင်တော့ဘူး
ပဉ္စမံအနမ်းကို
ထပ်ပြီးမလွမ်းရဲတော့ဘူး
တိမ်တိုက်လိုလေနှင်ရာ
ထပ်ပြီးမပါချင်တော့ဘူး
စွန့်လွှတ်ဖို့ခက်ပေမယ့်
စွန့်ပစ်ရက်မှတော့လည်း
မင်းထိုက် မင်းကံ
ငါ့အချစ်နဲ့မထိုက်တန်တော့ဘူး
နွမ်းလျ ထုံကျင်
ရင်ခွင်ဗလာ
ယဲ့ယဲ့သာမြည်တမ်းနိုင်တော့တယ်
ဝဋ်ကြွေးရှိလည်းကျေပါစေ
ဒီဘဝတော့
ဒီမျှသာ
ဆာ...ယို...နာ...ရာ...။
နံမည်မတပ်ရက်ပေမယ့်
အိပ်မက်ရိုင်းတွေက
ငါ့ကိုခြောက်လှန့်နေခဲ့တာ
ဆယ်စုနှစ်တစ်ခုကြာခဲ့ပြီ
နှလုံးသားဆတ်ဆတ်ခါ
ထပ်ပြီးမနာကျင်တော့ဘူး
ပဉ္စမံအနမ်းကို
ထပ်ပြီးမလွမ်းရဲတော့ဘူး
တိမ်တိုက်လိုလေနှင်ရာ
ထပ်ပြီးမပါချင်တော့ဘူး
စွန့်လွှတ်ဖို့ခက်ပေမယ့်
စွန့်ပစ်ရက်မှတော့လည်း
မင်းထိုက် မင်းကံ
ငါ့အချစ်နဲ့မထိုက်တန်တော့ဘူး
နွမ်းလျ ထုံကျင်
ရင်ခွင်ဗလာ
ယဲ့ယဲ့သာမြည်တမ်းနိုင်တော့တယ်
ဝဋ်ကြွေးရှိလည်းကျေပါစေ
ဒီဘဝတော့
ဒီမျှသာ
ဆာ...ယို...နာ...ရာ...။
emolay- Posts : 114
Join date : 2011-06-12
Age : 29
Page 1 of 1
Permissions in this forum:
You cannot reply to topics in this forum
|
|