Mandalay Fighter Group
Would you like to react to this message? Create an account in a few clicks or log in to continue.

ယောကျာ်းမာယာသဲကိုးဖြာ

Go down

ယောကျာ်းမာယာသဲကိုးဖြာ Empty ယောကျာ်းမာယာသဲကိုးဖြာ

Post  emolay Mon Jun 13, 2011 1:40 am

ယောကျာ်းအပြောနဲ့အလုပ်နဲ့မညီပုံလေးတွေပါ

တစ်ဘက်စောင်းနင်းမကောင်းဘူးပြောတာတော့မဟုတ်ပါဘူး

လက်ရှိဖြစ်နေတာနဲ့သူတို့ပြောတတ်တာလေးတွေပါ

အားလုံးတော့ဘယ်ဟုတ်မလဲ...... ၉၀%လောက်တော့ဟုတ်တယ်......



၁။ လှလို့ချစ်တာမဟုတ်ဘူး ချစ်လို့လှတာပါ တဲ့

--->ဒါဆိုရုပ်ဆိုးဆိုးမိန်းကလေးတစ်ယောက်ကိုယောကျာ်းတွေမြင်မြင်ချင်း ချစ်တတ်ကြပါသလား?

၂၊ အချစ်အတွက်ဆို အရာရာစွန့်လွတ်ရဲပါတယ် တဲ့

--->သိပ်အများကြီးမတောင်းဆိုပါဘူး သင်တို့သိပ်ကြိုက်တဲ့ Gameတစ်ခုကိုတောင်သင်တို့ဖြတ်နိုင်ကြလို့လား?

၃။ အချစ်ကလွဲရင် ဘာမှမမက်မောပါဘူး တဲ

--->ဒါဆိုဘာအရည်အချင်းမှမရှိတဲ့ လမ်းဘေးက အကြော်သည်ကောင်မလေး တစ်ယောက်ကိုသင်ဘာလို့ တစ်ခါမှစိတ်ကူးမကြည့်ဘူးတာလဲ?

၎။ ဘာပဲပဲဖြစ်ဖြစ်အမြဲချစ်နေမယ် တဲ့

--->ဒါဆိုသင့်ချစ်သူရဲ့အားနည်းချက် တစ်ခုအတွက် လူကြားထဲမှာ သင်ဘာလို့ရှက်သလိုခံစားနေရတာလဲ?

၅။ အရင်ကဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ အရေးမကြီးပါဘူး တဲ့

--->ဒါဆို ရည်းစားတွေအများကြီးရှိခဲ့ဘူးတဲ့မိန်းကလေးတစ်ယောက်ကို သင်တို့ဘာလို့အထင်သေးတတ်ကြတာလဲ?

၆။ အချစ်တခုပဲလိုချင်တာပါ တဲ့

--->ဒါဆို သင့်ချစ်သူရဲ့ တခြားဘဝအစိတ်အပိုင်းတွေကို သင်ဘာလို့ သင့်စိတ်ကြိုက်ဖြစ်ချင်နေတာလဲ? ချစ်နေရင်ပြီးရောမဟုတ်ဘူးလား?

၇။ ကိုယ့်အချစ်ကရယူပိုင်ဆိုင်ခြင်း မဟုတ်ပါဘူး တဲ့

--->ဒါဆို သင့်ချစ်သူသာ Virginအစစ်မဟုတ်ဘူး လို့သင်သိလိုက်ရတဲ့တစ်နေ့ သင်သူ့ကိုအရင်လိုချစ်နေဦးမှာလာ

း?

၈။ ဆံဖြူသွားကျိုးတဲ့ အထိချစ်ပါ့မယ် တဲ့

--->ဒါဆို ဒီခေတ်ကြီးမှာ ဘာလို့ Sponsorယဉ်ကျေးမူတွေ ပေါ်ပေါက်လာရသလဲ?

၉။ တစ်သက်မှာ တစ်ယောက်ပဲ တဲ့

--->ဒီလိုသာဆို မယားငယ်ဆိုတာရှိလာနိုင်ပါ့မလား?



ကိုကိုတွေ မောင်မောင်တွေလည်း အချိန်လေးအားလေးရှိရင် ဖြေကြည့်ပါ။ ကိုယ့်ကိုကိုယ်ကာကွယ်တဲ့ မုသားတွေမပါပဲပေါ့
emolay
emolay

Posts : 114
Join date : 2011-06-12
Age : 29

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum