Mandalay Fighter Group
Would you like to react to this message? Create an account in a few clicks or log in to continue.

CSS (Cascading Style Sheet)

Go down

CSS (Cascading Style Sheet) Empty CSS (Cascading Style Sheet)

Post  emolay Mon Jun 13, 2011 4:30 am

web development တစ်ယောက်ဖြစ်ဖို့ အတွက်မရှိမဖြစ်အလိုအပ်ဆုံးကတော့ CSS ကိုလဲ သိဖို့ လိုအပ်ပါတယ် မန်ဘာများအနေနဲ့ ကလဲ မိမိတို့ သိသမျှလေးတွေ

ဝေမျှပေးဖို့ ဖိတ်ခေါ်ပါတယ်....

အမြည်းလေးကျွေးမယ်..ဟဲဟဲ CSS မှာသုံးနည်းကများကြီးမရှိပါဘူး...

Internal CSS
External CSS
Inline
Class & ID

အဲ့လိုရေးနည်းလေးတွေရှိပါတယ်....

INTERNAL CSS

ဆိုတာ ၀က်ပေ့ထဲမှာ ရှိတဲ့ head ထဲမှာ ထည့်ပြီးသုံးရတာပါ။
head ထဲမှာ <style>{}</style> ဆိုပြီးတော့ ထည့်ပြီးရေးတာပါ

EXTERNAL CSS

ဆိုတာ CSS တွေရေးထားတဲ့ ကုဒ်တွေကို တစ်ခြား notepad တစ်ခုနဲ့  HTML ၀က်ပေ့ကို ချိတ်ပေးတာဖြစ်ပါတယ်။
CSS တွေရေးထားတဲ့ကုဒ်တွေ ရှိတဲ့ notepad တစ်ခုတည်းက အလုပ်မလုပ်ပါဘူး
CSS အတွက်ရေးထားတဲ့ကုဒ်တွေကို notepad မှာမှတ်ရတဲ့အခါ .css နဲ့ မှတ်ရပါမယ်
မောစ်တင်လိုက်တဲ့အချိန်မှာ စာလုံးပုံစံပြောင်းသွားတာတို့  မောစ်ကိုဖိထားလို့ ရှိရင် တစ်ပုံ မောစ်ကိုလွတ်လိုက်ရင် တစ်ပုံ ပုံစံအမျိုးမျိုးပြောင်းစေရန်အတွက် ဒီ Css code ၄ ခုလုံးကိုသုံးရပါတယ်

.aa:link:ဒါကတော့ ၀က်ပေ့ပေါ်မှာမူလရှီနေတဲ့ စာလုံးသို့ မဟုတ် ပုံရဲ့ အနေအထားကို ချိတ်ဆက်ဖို့ အတွက့် code ဖြစ်ပါတယ်

.aa:visited: ဒါကတော့ မောစ် နှိပ်ထားတဲ့ အခြေအနေ မှာ ဖြစ်ပါတယ်

.aa:hover: စာလုံးသို့ မဟုတ် ပုံပေါ်တင်လိုက်တဲ့အချိန်မှာ ချိတ်ဆက်တဲ့လင့်ဖြစ်ပါတယ်

.aa:active:လင့်တစ်ခုအလုပ်လုပ်ပြီးတဲ့အချိန်မှာပေါ်တဲ့လင့်ဖြစ်ပါတယ်
HTML ဆို <html> စပြီး</html>နဲ့ ဆုံးသလို CSS မှာလဲ <style>CSS</style>ဆိုပြီးရေးပါတယ်။ နောက်တစ်ခု
မှတ်ထားရမှာကတော့  CSS Style code ဟာ head tag အတငွ်းမှာပဲ ရှိရပါမယ။် CSS စရေးမယ်ဆိုပြီး
ဒီလိုကြော်ငြာရပါတယ်။ </title> ပြီးတော့ </head> မဆုံးမီ ကြားမှာရေးရမယ်။ဆိုလိုတာက </title> နဲ့ </head>
ကြားမှာ CSS style code ကိုကြော်ငြာပေးရမှာပါ။ ဒီလိုလေးပါ ။

<head><title>My Test</title>
<style type=text/css>
<style>
</head>
CSS ကိုရေးမယ်ဆိုရင် သူ့ ရဲ့ ရေးထုံးစည်းမျဉ်းကတော့
selector {property: value} ပါ။ အဲဒါကို ရေးမယ်ဆိုရင်
body {background-color: black}
ဒီနေရာမှာ
body -- > selector
property-- > backgroun-color
value -- > black

ဖြစ်ပါတယ်။ နောက်ပိုင်း အခေါ်အဝေါ်တွေ သုံးရင် selector ၊ property ၊ value တွေနဲ့ သုံးမှာမို့လို့
ဘာကိုဆိုလိုတယ်သိအောင် မှတ်ထားဖို့ လိုပါတယ်။
body {backgroun-color: black} အလုပ်လုပ်ပုံကတော့ body လို့ ရေးထားတဲ့အတွက် web pages တိုင်းရဲ့ body
တိုင်းကို နောက်ခံအရောင် အမဲရောင်အနေနဲ့ သက်ရောက်မှာ ဖြစ်ပါတယ်။
အစိမ်းရောင်ထည့်ချင်တယ်ဆိုရင် body {backgroun-color: green} ပေါ့။
တကယ်လို့ value တန်ဖိုးဟာ စာလုံးတစ်လုံးထက်ပိုနေရင် Double Quote အတွင်းထည့်ရေးပါတယ်။
P {font-family: “sans serif”}
ထို့ နည်းအတူပဲ property မှာလဲ တစ်ခုထက်ပိုပြီးထည့်ချင်ရင် ( ; ) လေး ထည့်ရေးရပါတယ်။
P {text-align:center; color: red}
emolay
emolay

Posts : 114
Join date : 2011-06-12
Age : 29

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum