Mandalay Fighter Group
Would you like to react to this message? Create an account in a few clicks or log in to continue.

ခြစားမှုများကြောင့် ကျဆင်းနေသည့် ဖီဖာ၏ ဂုဏ်သိက္ခာကို မိမိ ပြန်လည် မြှင့်တင်ပေးမည်ဟု ဘလတ္တာ ကတိပြု ဖီဖာ အကြံပေး အဖြစ် ဆောင်ရွက်ရန် ကစ်ဆင်ဂျာ သဘောတူညီ

Go down

ခြစားမှုများကြောင့် ကျဆင်းနေသည့် ဖီဖာ၏ ဂုဏ်သိက္ခာကို မိမိ ပြန်လည် မြှင့်တင်ပေးမည်ဟု ဘလတ္တာ ကတိပြု ဖီဖာ အကြံပေး အဖြစ် ဆောင်ရွက်ရန် ကစ်ဆင်ဂျာ သဘောတူညီ Empty ခြစားမှုများကြောင့် ကျဆင်းနေသည့် ဖီဖာ၏ ဂုဏ်သိက္ခာကို မိမိ ပြန်လည် မြှင့်တင်ပေးမည်ဟု ဘလတ္တာ ကတိပြု ဖီဖာ အကြံပေး အဖြစ် ဆောင်ရွက်ရန် ကစ်ဆင်ဂျာ သဘောတူညီ

Post  emolay Mon Jun 13, 2011 4:51 am

ခြစားမှုများကြောင့် ကျဆင်းနေသည့် ဖီဖာ၏ ဂုဏ်သိက္ခာကို မိမိ ပြန်လည် မြှင့်တင်ပေးမည်ဟု ဘလတ္တာ ကတိပြု ဖီဖာ အကြံပေး အဖြစ် ဆောင်ရွက်ရန် ကစ်ဆင်ဂျာ သဘောတူညီ Bbbbbb10

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ) ဥက္ကဋ္ဌ ဘလတ္တာက ခြစားမှုများကြောင့် ကျဆင်းလျက် ရှိနေသည့် ဖီဖာ၏ ဂုဏ်သိက္ခာကို မိမိ ပြန်လည် မြှင့်တင်ပေးသွားမည် ဖြစ်ကြောင်း၊ ဖီဖာအပေါ် လူအများ ယုံကြည်မှု ပြန်လည် ရရှိလာအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကတိပြု ပြောကြားခဲ့သည်။

ဘလတ္တာသည် မကြာသေးမီကမှ ဖီဖာဥက္ကဋ္ဌ ရွေးကောက်ပွဲတွင် ပြိုင်ဘက်မရှိဖြင့် စတုတ္ထမြောက် ရာထူးသက်တမ်းကို ပြန်လည် ထမ်းဆောင်ရမည် ဖြစ်သည်။ ဘလတ္တာက 'လက်ရှိ အချိန်ဟာ ဖီဖာရဲ့ ဂုဏ်သိက္ခာကို ပြန်လည် တည်ဆောက်ဖို့ ပြင်ဆင်ရမယ့်အချိန် ပါပဲ။ ဒါဟာ ကျွန်တော့်အတွက် နံပါတ်(၁) ဆောင်ရွက်ရမယ့် ကိစ္စရပ်တစ်ခု ဖြစ်ပြီး အခုဆိုရင် ကျွန်တော်ဟာ အဲ့ဒီအတွက် စီမံကိန်းတွေကို စတင် ဆောင်ရွက်နေပါပြီ။ ကျွန်တော်တို့အပေါ် စွပ်စွဲမှုတွေ၊ ပြစ်တင်မှုတွေ စတဲ့ အချက်တွေကို ချေဖျက်သွားမှာ ဖြစ်ပါတယ်။ ဒီကိစ္စဟာ တစ်နေ့တည်းနဲ့ အပြီးမလုပ်နိုင်ပေမယ့် ကျွန်တော်တို့ကတော့ အကောင်းဆုံး ကြိုးစားသွားမှာပါ'ဟု ပြောကြားခဲ့သည်။ ယခုအခါ ဘလတ္တာသည် ခြစားမှုများကို တိုက်ဖျက်ရန် အတွက် Solution Committee တစ်ခု ဖွဲ့စည်းသွားရန် စီစဉ်လျက် ရှိနေပြီး ယင်းကော်မတီတွင် နာမည်ကျော် ပုဂ္ဂိုလ်များကို အဖွဲ့ဝင်အဖြစ် ခန့်အပ်သွားရန် စီစဉ်နေကြောင်း သိရသည်။

ဘလတ္တာသည် ယင်းအဖွဲ့အစည်းတွင် ပါဝင်ရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ကစ်ဆင်ဂျာ၊ ဟော်လန် ဂန္ထ၀င်ကစားသမား ဂျိုဟန်ခရိုက်ဖ် တို့အပြင် နာမည်ကျော် ပြဇာတ်အဆိုတော် The Three Tenors အဖွဲ့မှ ဒိုမင်ဂို စသူ တို့ကိုလည်း ကမ်းလှမ်းမှုများ ပြုလုပ်ထားသည်။ လက်ရှိ အချိန်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ကစ်ဆင်ဂျာမှာ ယင်းအဖွဲ့အစည်းတွင် ပါဝင်ရန် သဘောတူညီခဲ့ပြီး ဖီဖာအကြံပေး အဖြစ် ဆောင်ရွက်သွားမည်ဟု ဘလတ္တာထံ အကြောင်းပြန်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ကျန်သည့် ပုဂ္ဂိုလ်(၂)ဦးမှာလည်း မကြာမီ ယင်းအဖွဲ့အစည်းဝင် အဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ဗြိတိန်မီဒီယာများက ဖော်ပြလျက် ရှိနေသည်။ ကစ်ဆင်ဂျာက မိမိအနေဖြင့် အားကစားလောက အတွက် ကူညီပေးနိုင်မည် ဆိုပါက အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ နောက်ဆုံး ဆုံးဖြတ်ချက် မချမှတ်မီ ဖီဖာ၏ Solution Committee တွင် မည်သူပါဝင်မည်၊ မည်ကဲ့သို့ စည်းမျဉ်းများ ကျင့်သုံးမည်ကို သိရှိလိုကြောင်း ပြောကြားခဲ့သည်။
emolay
emolay

Posts : 114
Join date : 2011-06-12
Age : 29

Back to top Go down

Back to top

- Similar topics
» ပါကစ္စတန် ဈေးတစ်ခုတွင် ဗုံးဖောက်ခွဲမှု နှစ်ခုကြောင့် လူ ၃၀ ကျော် သေဆုံး
» ချီလီမီးတောင် လေးလုံးတွဲ အုပ်စုကြီး ပေါက်ကွဲမှုကြောင့် လူထောင်ပေါင်းများစွာ နေရပ် စွန့်ခွာခဲ့ရ
» နှလုံးဖောက်ပြန်မှု (Heart Attack) ကြောင့် ပျက်စီးသွားသောနှလုံး ပြန်ကောင်းစေသည့် ဆေးဝါး ကြွက်များတွင် စမ်းသပ်မှု အောင်မြင်
» ချယ်လ်ဆီးနည်းပြ ဖြစ်လာရန် ရေပန်းစားနေသည့် ဂူဟစ်ဒင့်ကြောင့် ဆနိုက်ဒါကို မန်ယူအသင်း ခေါ်ယူနိုင်ခွင့် ဆုံးရှုံးရဖွယ်ရှိနေ ဆနိုက်ဒါကို ခေါ်ယူရန် ချယ်လ်ဆီးအသင်းအား ဟစ်ဒင့် တိုက်တွန်း

 
Permissions in this forum:
You cannot reply to topics in this forum