Mandalay Fighter Group
Would you like to react to this message? Create an account in a few clicks or log in to continue.

ချယ်လ်ဆီးနည်းပြ ဖြစ်လာရန် ရေပန်းစားနေသည့် ဂူဟစ်ဒင့်ကြောင့် ဆနိုက်ဒါကို မန်ယူအသင်း ခေါ်ယူနိုင်ခွင့် ဆုံးရှုံးရဖွယ်ရှိနေ ဆနိုက်ဒါကို ခေါ်ယူရန် ချယ်လ်ဆီးအသင်းအား ဟစ်ဒင့် တိုက်တွန်း

Go down

ချယ်လ်ဆီးနည်းပြ ဖြစ်လာရန် ရေပန်းစားနေသည့် ဂူဟစ်ဒင့်ကြောင့် ဆနိုက်ဒါကို မန်ယူအသင်း ခေါ်ယူနိုင်ခွင့် ဆုံးရှုံးရဖွယ်ရှိနေ ဆနိုက်ဒါကို ခေါ်ယူရန် ချယ်လ်ဆီးအသင်းအား ဟစ်ဒင့် တိုက်တွန်း Empty ချယ်လ်ဆီးနည်းပြ ဖြစ်လာရန် ရေပန်းစားနေသည့် ဂူဟစ်ဒင့်ကြောင့် ဆနိုက်ဒါကို မန်ယူအသင်း ခေါ်ယူနိုင်ခွင့် ဆုံးရှုံးရဖွယ်ရှိနေ ဆနိုက်ဒါကို ခေါ်ယူရန် ချယ်လ်ဆီးအသင်းအား ဟစ်ဒင့် တိုက်တွန်း

Post  Admin Mon Jun 13, 2011 10:13 am

ချယ်လ်ဆီးနည်းပြ ဖြစ်လာရန် ရေပန်းစားနေသည့် ဂူဟစ်ဒင့်ကြောင့် ဆနိုက်ဒါကို မန်ယူအသင်း ခေါ်ယူနိုင်ခွင့် ဆုံးရှုံးရဖွယ်ရှိနေ ဆနိုက်ဒါကို ခေါ်ယူရန် ချယ်လ်ဆီးအသင်းအား ဟစ်ဒင့် တိုက်တွန်း Mmmmmm10

မန်ယူအသင်းသည် အင်တာမီလန် အသင်း၏ ဟော်လန် ကွင်းလယ်လူ ဆနိုက်ဒါအား ခေါ်ယူရန် ကြိုးပမ်းလျက် ရှိနေသော်လည်း ယင်းကြိုးပမ်းမှုမှာ ချယ်လ်ဆီးနည်းပြ ဖြစ်လာရန် ရေပန်းစားနေသည့် ဟော်လန်လူမျိုးနည်းပြ ဂူဟစ်ဒင့်ကြောင့် ပျက်ပြယ်ဖွယ် ရှိနေကြောင်း သိရှိရသည်။

ဟစ်ဒင့်က ဆနိုက်ဒါအား ခေါ်ယူရန် ချယ်လ်ဆီးအသင်းထံသို့ တိုက်တွန်း ပြောဆိုမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ မန်ယူအသင်းသည် ယခု နွေရာသီတွင် ဘောလုံးကစားခြင်းမှ အနားယူသွားသည့် ၀ါရင့်ကွင်းလယ်လူ ပေါလ်စခိုးလ်၏ နေရာတွင် အစားထိုးရန် ဆနိုက်ဒါကို ပစ်မှတ်ထားနေပြီး မန်ယူအသင်း၏ မြို့ခံပြိုင်ဘက် မန်စီးတီး အသင်းကလည်း ၎င်းအားခေါ်ယူရန် စိတ်ဝင်စားနေသည်။ ဟစ်ဒင့်သည် လာမည့် ရက်သတ္တပတ်များ အတွင်း ချယ်လ်ဆီး အသင်းနည်းပြ ရာထူးကို ရယူတော့မည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိနေပြီး ၎င်းက ချယ်လ်ဆီးအသင်း တာဝန်ရှိသူများအား ဆနိုက်ဒါကို ခေါ်ယူထားသင့်သည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆနိုက်ဒါသည် အင်တာမီလန်အသင်း ဖလား (၃) လုံး ရရှိခဲ့သည့် ၂၀၀၉-၁၀ ဘောလုံးရာသီ၌ ခြေစွမ်းပြ ကစားခဲ့သူ ဖြစ်ပြီး ၂၀၁၀ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင်လည်း ဟော်လန်အသင်း ဒုတိယဆု ရရှိခဲ့ရာ၌ သူ၏စွမ်းဆောင်မှုများက အဓိက ကျခဲ့သည်။ ဆနိုက်ဒါသည် ယူရို-၂၀၀၈ ပြိုင်ပွဲ နှင့် ၂၀၁၀ ကမ္ဘာ့ဖလား ပြိုင်ပွဲများတွင် ခြေစွမ်းပြ ကစားခဲ့ခြင်းကြောင့် ယင်းပြိုင်ပွဲနှစ်ခု၌ သူပါဝင်ကစားခဲ့သည့် (၁၁)ပွဲတွင် ပွဲစဉ်အလိုက် အကောင်းဆုံးဆု(Man of the Match) (၆)ကြိမ်တိုင် ရရှိခဲ့သူ ဖြစ်သည်။

ချယ်လ်ဆီးအသင်း တာဝန်ရှိသူများသည် လာမည့် ရက်သတ္တပတ် အတွင်း တူရကီ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ မာမက်အော့ဇ်ဂျီနာနှင့် တွေ့ဆုံသွားမည် ဖြစ်ပြီး ဟစ်ဒင့်ကို ခေါ်ယူရေး အတွက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း
ဗြိတိန်သတင်းစာများက ဖော်ပြခဲ့သည်။

Admin
Admin

Posts : 82
Join date : 2011-06-11
Age : 33
Location : Mandalay

https://mmts.forumotion.com

Back to top Go down

Back to top

- Similar topics
» နေတိုးအဖွဲ့ဝင် နိုင်ငံများ စစ်ရေး ပူးပေါင်းပါဝင်မှု တိုးမြှင့်ရန် အမေရိကန် ကာကွယ်ရေးဝန်ကြီး တိုက်တွန်း
» ပါကစ္စတန် ဈေးတစ်ခုတွင် ဗုံးဖောက်ခွဲမှု နှစ်ခုကြောင့် လူ ၃၀ ကျော် သေဆုံး
» မန်ယူနှင့် ချယ်လ်ဆီးအသင်းတို့က ခေါ်ယူရန် ကြိုးပမ်းနေသော်လည်း အင်တာမီလန်မှ ထွက်ခွာမည်မဟုတ်ဟု ဆနိုက်ဒါ အတည်ပြုပြောကြား
» ခြစားမှုများကြောင့် ကျဆင်းနေသည့် ဖီဖာ၏ ဂုဏ်သိက္ခာကို မိမိ ပြန်လည် မြှင့်တင်ပေးမည်ဟု ဘလတ္တာ ကတိပြု ဖီဖာ အကြံပေး အဖြစ် ဆောင်ရွက်ရန် ကစ်ဆင်ဂျာ သဘောတူညီ
» စင်ကာပူလက်ရွေးစင် နည်းပြဟောင်း ဒိန်းမတ်လူမျိုး ပေါလ်ဆင်ကို ခေါ်ယူရန် ဧရာဝတီယူနိုက်တက် စီစဉ်

 
Permissions in this forum:
You cannot reply to topics in this forum