Mandalay Fighter Group
Would you like to react to this message? Create an account in a few clicks or log in to continue.

စင်ကာပူလက်ရွေးစင် နည်းပြဟောင်း ဒိန်းမတ်လူမျိုး ပေါလ်ဆင်ကို ခေါ်ယူရန် ဧရာဝတီယူနိုက်တက် စီစဉ်

Go down

စင်ကာပူလက်ရွေးစင် နည်းပြဟောင်း ဒိန်းမတ်လူမျိုး ပေါလ်ဆင်ကို ခေါ်ယူရန် ဧရာဝတီယူနိုက်တက် စီစဉ် Empty စင်ကာပူလက်ရွေးစင် နည်းပြဟောင်း ဒိန်းမတ်လူမျိုး ပေါလ်ဆင်ကို ခေါ်ယူရန် ဧရာဝတီယူနိုက်တက် စီစဉ်

Post  Admin Mon Jun 13, 2011 11:40 am

စင်ကာပူလက်ရွေးစင် နည်းပြဟောင်း ဒိန်းမတ်လူမျိုး ပေါလ်ဆင်ကို ခေါ်ယူရန် ဧရာဝတီယူနိုက်တက် စီစဉ် Aaaaaa15

ဧရာဝတီယူနိုက်တက်အသင်းသည် စင်ကာပူလက်ရွေးစင်အသင်းနှင့် ဒိန်းမတ်လက်ရွေးစင်အသင်း လက်ထောက်နည်းပြဟောင်း ပေါလ်ဆင်ကို ခေါ်ယူနိုင်ရန် ဆွေးနွေးမှုများပြုလုပ်နေကြောင်း သိရှိရသည်။

ဧရာဝတီယူနိုက်တက်အသင်းသည် နည်းပြချုပ်အဖြစ် ခန့်အပ်ရန်အတွက် ပေါလ်ဆင်ကို ကမ်းလှမ်းမှုများ ပြုလုပ်နေခြင်းဖြစ်ပြီး နောက်ဆုံးအဆင့် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။ ပေါလ်ဆင်သည် စင်ကာပူလက်ရွေးစင်အသင်းကို ၂၀၀၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ ကိုင်တွယ်ခဲ့ပြီး အာမေးနီးယားအသင်းကိုလည်း ၂၀၀၈ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်သည်။ ထို့ပြင် ဒိန်းမတ်လက်ရွေးစင်အသင်း၏ လက်ထောက်နည်းပြအဖြစ် ၁၉၉၀ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပြီး ဒိန်းမတ်လက်ရွေးစင်အသင်း ယူရို-၉၂ဖလား ရရှိရာတွင် လက်ထောက်နည်းပြအဖြစ် ပါဝင်ခဲ့သည်။ ၎င်းသည် လက်ရှိတွင် အာဖရိကတိုက်မှ တန်ဇန်နီးယား လက်ရွေးစင်အသင်း၏ နည်းပြချုပ်အဖြစ် ဆောင်ရွက်နေကြောင်း သိရှိရသည်။ ဧရာဝတီယူနိုက်တက်အသင်းသည် ပေါလ်ဆင်အား ကမ်းလှမ်းမှု မအောင်မြင်ခဲ့ပါက ဦးတင်မြင့်အောင်က နည်းပြချုပ်အဖြစ် ဆက်လက်တာဝန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

အသင်းပိုင်ရှင် အပြောင်းအလဲဖြစ်ပေါ်ပြီးနောက် ဧရာဝတီယူနိုက်တက်အသင်းသည် အောင်မြင်မှုရရှိရန် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိရာ နိုင်ငံခြားနည်းပြ အပါအ၀င် ကစားသမားသစ်များကိုလည်း ခေါ်ယူရန် စီစဉ်လျက်ရှိသည်။ ယခု အပြောင်းအရွှေ့ကာလတွင် အသင်းမတည်ငြိမ်မှုများ ရှိခဲ့သောကြောင့် အမာခံကစားသမားအများစု အသင်းမှ ထွက်ခွာမှုရှိခဲ့သော်လည်း သီဟစည်သူ(ဂိုး)၊ မင်းမင်းသူ စသည့်ကစားသမားများကိုမူ ထိန်းထားနိုင်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်ဘောလုံးရာသီတွင် Delta United အမည်ဖြင့်ယှဉ်ပြိုင်ခဲ့ရာတွင် ပြိုင်ပွဲဝင်(၁၁)သင်းအနက် အဆင့် (၈)နေရာ၌သာ ရပ်တည်နိုင်ခဲ့ပြီး၂၀၀၉ MNL အမှတ်ပေးပြိုင်ပွဲတွင်မူ ဒုတိယ ရရှိခဲ့သည်။

ELEVEN MEDIA GROUP မှကူးယူဖော်ပြသည်

Admin
Admin

Posts : 82
Join date : 2011-06-11
Age : 33
Location : Mandalay

https://mmts.forumotion.com

Back to top Go down

Back to top

- Similar topics
» ကွင်းလယ်ဒိုင်အား ဝေဖန် ပြစ်တင်ခဲ့သည့် မနောမြေ နည်းပြချုပ်နှင့် Southern နည်းပြချုပ်တို့ ပြစိဒဏ်များ ချမှတ်ခံရ
» ပြီးခဲ့သည့် ၂၀၁၀-၁၁ ရာသီတွင် အင်္ဂလန်လိဂ်အသင်းများ၌ နည်းပြများထုတ်ပယ်ခံရမှု မြင့်တက်ခဲ့ဟု LMA စစ်တမ်းဖော်ပြ၊ League One တွင် ထုတ်ပယ်ခံရသည့် နည်းပြ(၁၂)ဦးအထိရှိခဲ့
» IP Change နည်း
» Apple က အာကာသယာဉ်နှင့်တူသော ရုံးသစ် တည်ဆောက်ရန် စီစဉ်
» ဟန်ဒါဆန်ကို ခေါ်ယူပြီးသော်လည်း နောက်ထပ် ကစားသမား (၄) ဦး အတွက် ပေါင်သန်း(၅၀)ခန့် ထပ်မံ အသုံးပြုရန် လီဗာပူးလ် စီစဉ်

 
Permissions in this forum:
You cannot reply to topics in this forum