Mandalay Fighter Group
Would you like to react to this message? Create an account in a few clicks or log in to continue.

တရုတ်နိုင်ငံသို့ အလုံးအရင်းဖြင့် စီးဆင်းနေသည့် ကျောက်စိမ်းကဏ္ဍ သဘာဝဓာတ်ငွေ့ကို ပခုံးချင်းယှဉ်လာနိုင် ကျောက်စိမ်း တရားဝင် တင်ပို့မှုမှရငွေ သဘာဝဓာတ်ငွေ့မှ ရငွေနီးပါး အထိ ရှိပြီး အမေရိကန်ဒေါ်လာ ၂ ဘီလျံကျော် ရရှိ

Go down

တရုတ်နိုင်ငံသို့ အလုံးအရင်းဖြင့် စီးဆင်းနေသည့် ကျောက်စိမ်းကဏ္ဍ သဘာဝဓာတ်ငွေ့ကို ပခုံးချင်းယှဉ်လာနိုင် ကျောက်စိမ်း တရားဝင် တင်ပို့မှုမှရငွေ သဘာဝဓာတ်ငွေ့မှ ရငွေနီးပါး အထိ ရှိပြီး အမေရိကန်ဒေါ်လာ ၂ ဘီလျံကျော် ရရှိ Empty တရုတ်နိုင်ငံသို့ အလုံးအရင်းဖြင့် စီးဆင်းနေသည့် ကျောက်စိမ်းကဏ္ဍ သဘာဝဓာတ်ငွေ့ကို ပခုံးချင်းယှဉ်လာနိုင် ကျောက်စိမ်း တရားဝင် တင်ပို့မှုမှရငွေ သဘာဝဓာတ်ငွေ့မှ ရငွေနီးပါး အထိ ရှိပြီး အမေရိကန်ဒေါ်လာ ၂ ဘီလျံကျော် ရရှိ

Post  Admin Mon Jun 13, 2011 12:03 pm

https://i.servimg.com/u/f26/16/56/88/79/cccccc10.jpg

မြန်မာနိုင်ငံ၏ နံပါတ်(၁) ပို့ကုန် သဘာဝဓာတ်ငွေ့ ပြည်ပတင်ပို့မှုမှ ရငွေ ပမာဏနှင့် ကျောက်စိမ်းတင်ပို့မှုမှ ရငွေ ပမာဏသည် လွန်ခဲ့သည့် နှစ်များ အတွင်းက ၃ ဆမှ ၆ အထိ ကွာခြားချက် ရှိသော်လည်း ယခုအခါ ကျောက်စိမ်း တင်ပို့မှုမှ ရငွေ တန်ဖိုးသည် သဘာဝဓာတ်ငွေ့ကဏ္ဍအား ယှဉ်လာနိုင်သည် အထိ ထိုးတက်လာကြောင်း သိရသည်။

တရားဝင်ပို့တာနဲ့တင် သဘာဝဓာတ်ငွေ့ကို ပခုံးချင်းယှဉ်တယ် . . .
၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံမှ ပြည်ပသို့ ကျောက်စိမ်း တရားဝင် တင်ပို့မှုမှ ရငွေသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလျံကျော် အထိ ရှိခဲ့ပြီး မြန်မာ့ နံပါတ်(၁) ပို့ကုန် သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ ရငွေမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလျံ ရှိခဲ့ခြင်းကြောင့် တန်းတူ အနေအထားသို့ ရောက်ရှိလာသည်ဟု သတ်မှတ်ရမည် ဖြစ်ကြောင်း လေ့လာသူ စီးပွားရေး ပညာရှင်များက သုံးသပ်ခဲ့သည်။
ကျောက်စိမ်း တရားဝင် တင်ပို့မှုမှ ရငွေသည် ငါးနှစ် အတွင်း ခြောက်ဆကျော် အထိ ခုန်တက်လာခြင်း ဖြစ်ပြီး တင်ပို့မှု သက်တမ်း တစ်လျောက် စံချိန်တင် ရရှိခဲ့သည့်နှစ် ဖြစ်ကြောင်းနှင့် ကျောက်စိမ်း ထုတ်ယူမှုမှာလည်း စံချိန် တင်ခဲ့သည်ဟု သိရသည်။

''၂၀၀၆ တုန်းက ကျောက်စိမ်း ပြည်ပပို့တာက တရားဝင် စာရင်းအရဆိုရင် အမေရိကန်ဒေါ်လာ ၃၅၅ သန်းကျော်ပဲ ရှိတာ။ အခု ၅ နှစ်အတွင်းမှာပဲ ဒေါ်လာ ၂ ဒသမ ၂ ဘီလျံကျော် အထိ ခုန်တက်လာတယ်။ မနှစ်ကတောင် အမေရိကန်ဒေါ်လာ ၁ ဘီလျံ မပြည့်ဘူးလေ။ တရားဝင် တင်ပို့တဲ့စာရင်းအရတင် ဒီလောက်ထိ ရှိလာတယ် ဆိုတဲ့ အတွက် လက်ရှိ သဘာဝဓာတ်ငွေ့ကဏ္ဍကို ပခုံးချင်း ယှဉ်လာတဲ့ နောက်ထပ် ကဏ္ဍတစ်ခုလို့ သတ်မှတ်ရမှာပဲ။ တရားမ၀င် တင်ပို့တာပါ ထည့်တွက်မယ် ဆိုရင်တော့ သဘာဝဓာတ်ငွေ့ကဏ္ဍကို ကျော်တောင်တက်သွားဦးမယ်လို့ မှန်းထားတဲ့အတွက် သဘာဝဓာတ်ငွေ့နဲ့ ပခုံးချင်း ယှဉ်နိုင်တယ်လို့ ပြောရဲတာ။ မှောင်ခိုဆိုတာ နည်းမျိုးစုံနဲ့ နိုင်ငံတိုင်းမှာ ရှိနေတာပဲ။ မရှိဘူးလို့ ပြောလို့မရဘူးလေ''ဟု စီးပွားရေးပညာရှင်တစ်ဦးက ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ် အတွက် ထုတ်ပြန်ထားသည့် ကုန်သွယ်မှု စာရင်းများ အပေါ် အခြေခံကာ ပြောကြားခဲ့ပါသည်။

တရားဝင် တင်ပို့မှုသည်ပင် ယခု ပမာဏအထိ ရှိမည် ဆိုလျှင် မဖြစ်မနေ ရှိမည် ဖြစ်သည့် နည်းမျိုးစုံဖြင့် တင်ပို့နေသော မှောင်ခိုလမ်းကြောင်းကိုသာ အနည်းနှင့်အများ တားဆီးနိုင်မည် ဆိုပါက တိုင်းပြည်ဝင်ငွေ အတွက်
အားကိုးလောက်သည့် ကဏ္ဍ ဖြစ်မည်ဟုလည်း သုံးသပ်ကြသည်။
ကျောက်စိမ်း တရားဝင် တင်ပို့မှုမှ ရငွေသည် ငါးနှစ်အတွင်း ခြောက်ဆကျော် အထိ ခုန်တက်လာခြင်း ဖြစ်ပြီး တင်ပို့မှုသက်တမ်း တစ်လျှောက် စံချိန်တင် ရရှိခဲ့သည့်နှစ် ဖြစ်ကြောင်းနှင့် ကျောက်စိမ်း ထုတ်ယူမှုမှာလည်း စံချိန်တင်ခဲ့သည်ဟု သိရ...

တရုတ်ကို အလုံးအရင်းနဲ့ စီးဆင်းနေတဲ့ မြန်မာပြည်ရဲ့ နောက်ထပ် ရွှေမည်း . . .
''၂၀၀၀ ခုနှစ်လောက်က စပြီး ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်း အပြင် ရဲတံခွန်ကပါ ဓာတ်ငွေ့တွေကို ပြည်ပ စပို့နိုင်တယ်။ အခုဆိုရင် အာရှပစိဖိတ်ဒေသမှာ ပိုက်လိုင်းနဲ့ဓာတ်ငွေ့ တင်ပို့တဲ့ နိုင်ငံထဲမှာ မြန်မာက အင်ဒိုနီးရှားပြီးရင် ဒုတိယ တင်ပို့မှု အများဆုံး နိုင်ငံပဲ။ အင်ဒိုကလည်း ပထမလို့သာပြောတာ မြန်မာနဲ့ကွာတာ မဟုတ်ဘူး။ သဘာဝဓာတ်ငွေ့ တင်ပို့နိုင်တဲ့နောက်ပိုင်း မြန်မာရဲ့ ကုန်သွယ်မှုပမာဏက နေ့ချင်းညချင်း တက်လာတယ်။ အဲဒီအတွက် မြန်မာရဲ့ရွှေမည်းလို့ ဂက်စ်ကို တင်စားကြတယ်။ အခု နောက်ထပ် ရွှေမည်းလို့ တင်စားရမှာက ကျောက်စိမ်း ဖြစ်လာပြီ။ တရားဝင် တင်ပို့မှုတင် သဘာဝဓာတ်ငွေ့နီးပါး ဖြစ်လာပြီလေ။ ဆိုလိုတာက သဘာဝဓာတ်ငွေ့က ပိုက်လိုင်းနဲ့ ထွက်သမျှ တင်ပို့တာ ကိန်းဂဏန်း ကွာခြားစရာ သိပ်မရှိဘူး။ ကျောက်စိမ်းက ဘယ်လမ်းကပဲဖြစ်ဖြစ် ရသလောက် ထွက်သွားနိုင်တယ်။ ဒီတော့ နည်းမျိုးစုံနဲ့ ထွက်နေတဲ့ ပမာဏနဲ့ အခု တရားဝင် ပမာဏသာ ပေါင်းလိုက်ရင် သဘာဝဓာတ်ငွေ့ တင်ပို့နိုင်မှုထက်များတောင် နေနိုင်တယ်လေ။ ဒါကြောင့် အများပြည်သူ သတိထားမိအောင် နောက်ထပ် ရွှေမည်းလို့ ပြောရတာ''ဟု ကျောက်စိမ်း အရည်အသွေး အကဲဖြတ် ပညာရှင်တစ်ဦး က ပြောကြားခဲ့ပါသည်။

ကျောက်စိမ်း အဓိက ထွက်ရှိရာ ကချင်ပြည်နယ် တစ်ဝိုက်တွင် တစ်နိုင်တစ်ပိုင် ကျောက်တူးသူ ဖြစ်စေ၊ ကုမ္ပဏီ အမည်တပ်ပြီး ကျောက်တူးသူ ဖြစ်စေ၊ အကျိုးတူ ဟူသည့် ကုမ္ပဏီကြီးများမှ ကျောက်တူးသူများ ဖြစ်စေ၊
ကုမ္ပဏီကြီးများဖြင့် ချိတ်ဆက်ထားသည့် ကုမ္ပဏီငယ်လေးများ ဖြစ်စေ ကိုယ်တွေ့မျက်မြင် လုပ်ကိုင်နေသူတိုင်း ပြောမည့်စကားမှာ မြန်မာ့ကျောက်စိမ်းကို အဓိက ၀ယ်ယူနေသည့် နိုင်ငံမှာ တရုတ်ဟုသာ ဖြေလိမ့်မည်ဟု
ကျောက်မျက်လုပ်ငန်း လုပ်ကိုင်သူများက ဆိုပါသည်။

''ကျောက်တစ်လုံး ရတာနဲ့ ဂျိတ် အမျိုးအစားလား၊ ပဲလား၊ လန့်လား ခွဲပြီးတာနဲ့ ရောင်းရင် တရုတ် လော်ပန်ကိုပဲ ရောင်းကြတာပဲ။ တရုတ်ကလည်း အခိုင်အမာ ခြေကုပ်ယူပြီးကို ၀ယ်နေတာလေ။ အရင်းအနှီးနောက်က
ထည့်ပေးတယ်၊ ဒီက မြန်မာကုမ္ပဏီက လုပ်ကွက်ရအောင် တာဝန်ယူပေးရတာမျိုးနဲ့လည်း ၀င်ရောက် နေရာယူထားတာ ရှိတယ်။ ဒီတော့ ထွက်သမျှကျောက် အကုန်နီးပါးကတော့ တရုတ်ကို ရောင်းနေတယ် ဆိုတာပဲ။ ကျွန်တော် ကျောက်တူးလာတာ ကြာပါပြီ။ ၁၉၉၄ နောက်ပိုင်းမှာ ကျောက်စိမ်းတူးဖော်မှု ဆက်တိုက် မြင့်တက်လာသလို နယ်မြေတွေလည်း အခုဆို သူ့အပိုင်ငါ့အပိုင်တွေ ဖြစ်ကုန်ပြီ။ တစ်နိုင်တစ်ပိုင် အတွက်တောင် နေရာမကျန်တော့ဘူး။ ဒီက ထွက်သမျှလည်း အားလုံးနီးပါးကို တရုတ်လော်ပန်ဆီပဲ ရောင်းကြတယ်''ဟု ဖားကန့်မြို့နယ် စိုင်းတောင်အုပ်စုမှ တစ်နိုင်တစ်ပိုင် ကျောက်တူးသူတစ်ဦး က ပြောပြခဲ့သည်။

တရားမ၀င်သာနည်းခဲ့မယ် ဆိုရင် . . .
ကိုင်တွယ်ရ ရှုပ်ထွေးနိုင်သည့် ကျောက်စိမ်း၊ ကျောက်မျက်ကဏ္ဍတွင် တရားမ၀င် အရင်းအနှီး၊ တရားမ၀င် ပြည်ပ ထွက်သွားသည့် ပမာဏများ နည်းပါးခဲ့မည် ဆိုလျှင် ယခုထက် နိုင်ငံအတွက် ပိုကောင်းမွန်လာနိုင်သည်ဟု
လုပ်ငန်းရှင်များက သုံးသပ်သည်။

''နောက်ပိုင်းမှာ နိုင်ငံသားပိုင် ကုမ္ပဏီတွေကို ကျောက်စိမ်း လုပ်ကွက်တွေ ချထားပေးလာတဲ့ပုံစံက ကောင်းပါတယ်။ နိုင်ငံသားတွေ အကျိုးအမြတ် ပိုခံစားရတာပေါ့။ ဒါပေမယ့် ဒီဘက်မှာ လုပ်ပိုင်ခွင့်ရအောင် ဖန်တီးပြီး တစ်ဘက် နိုင်ငံက လုပ်ငန်းရှင်ရဲ့ အရင်းအနှီးနဲ့ လုပ်ကိုင်နေတာတွေ များနေတာကတော့ နိုင်ငံအတွက်ဆိုရင်တော့ နာတာပေါ့။ ဥပမာ အရည်ကောင်းမယ့်ကျောက် ဆိုရင် တရုတ်လုပ်ငန်းရှင်ဆီကို ရောက်တယ်။ အရည်မကောင်းတဲ့ ကျောက်ဆို မြန်မာ လုပ်ငန်းရှင်ဆီ ရောက်တယ်။ ပြီးတော့ နည်းအမျိုးမျိုးနဲ့ တစ်ဖက်နိုင်ငံကို ကျောက်တွေ ထွက်နေတာ ကျွန်တော်တို့ တစ်သက်ပဲ။ ဒါတွေကို အကုန်လုံးလည်း သိနေပုံပဲ။ ထိန်းချုပ်ရ ထိန်းသိမ်းရ ခက်ခဲလို့ပဲလို့ မြင်မိပါတယ်။ ဒါပေမယ့် ဒေသခံတွေ နိုင်ငံသားတွေထက် တစ်ဖက် လုပ်ငန်းရှင်တွေ အတွက် အခွင့်အလမ်း ပိုဖြစ်နေတာမျိုး၊ မတန်တဆဈေးနဲ့ အောက်လမ်းက ထွက်နေတာမျိုးတွေကိုတော့ ရသလောက် ကြပ်မတ်နိုင်ရင်၊ နည်းနိုင်သမျှ နည်းအောင် လုပ်နိုင်ရင် ပိုအကျိုးရှိမယ်လို့ ပြောချင်တာပါ။ မှောင်ခိုဆိုတာ ဘယ်မှာဖြစ်ဖြစ် ရှိနိုင်ပါတယ်။ လုံးဝပျောက်ဖို့ မဖြစ်ရင်တောင် လျော့သွားဖို့ လိုတယ်လို့ ပြောချင်တာပါ''ဟု ကျောက်မျက်လုပ်ငန်းရှင် တစ်ဦးကလည်း သုံးသပ် ပြောကြားခဲ့ပါသည်။
ဘဏ္ဍာရေးနှစ်အလိုက် ကျောက်စိမ်းထုတ်ယူမှု ဘဏ္ဍာရေးနှစ် ကီလိုဂရမ်

ခုနှစ် ကီလိုဂရမ်
၂၀၀၀-၂၀၀၁ ၁၁၀၉၆
၂၀၀၁-၂၀၀၂ ၈၁၇၄
၂၀၀၂-၂၀၀၃ ၁၀၈၇၉
၂၀၀၃-၂၀၀၄ ၁၀၇၅၄
၂၀၀၄-၂၀၀၅ ၁၄၉၈၇
၂၀၀၅-၂၀၀၆ ၂၀၀၀၅
၂၀၀၆-၂၀၀၇ ၂၀၄၅၈
၂၀၀၇-၂၀၀၈ ၂၀၂၆၆
၂၀၀၈-၂၀၀၉ ၃၂၉၂၁

Admin
Admin

Posts : 82
Join date : 2011-06-11
Age : 33
Location : Mandalay

https://mmts.forumotion.com

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum