Mandalay Fighter Group
Would you like to react to this message? Create an account in a few clicks or log in to continue.

ဂျောက်ဂျက်၏ ‘တိုင်းသိပြည်သိ’ စီးရီးအား ယခုနှစ်အတွင်း ဖြန့်ချိမည်

Go down

ဂျောက်ဂျက်၏ ‘တိုင်းသိပြည်သိ’ စီးရီးအား ယခုနှစ်အတွင်း ဖြန့်ချိမည် Empty ဂျောက်ဂျက်၏ ‘တိုင်းသိပြည်သိ’ စီးရီးအား ယခုနှစ်အတွင်း ဖြန့်ချိမည်

Post  Admin Tue Jun 14, 2011 1:58 pm

ဟစ်ဟော့ပ်အဆိုတော် ဂျောက်ဂျက်၏ ‘တိုင်းသိပြည်သိ’ အမည်ရှိ ဒုတိယစီးရီးကို ယခုနှစ် အောက်တိုဘာလအတွင်း ဖြန့်ချိရန် စီစဉ်ထားကြောင်း သိရပါသည်။

ဂျောက်ဂျက်သည် အဆိုပါတေး စီးရီးတွင် တေးသီချင်း ၁၁ ပုဒ် ထည့်သွင်းထားပြီး ထွက်ရှိရန် ပြင်ဆင် ဆောင်ရွက်မှု၌ ရာခိုင်နှုန်းအများစု ပြီးစီးသွားပြီဟု သိရသည်။

“ကျွန်တော့်ရဲ့ဒုတိယစီးရီး ‘တိုင်းသိပြည်သိ’ အခွေလုပ်ဆောင်မှု အများကြီး ပြီးသွားပါပြီ။ အဲဒီအခွေကို အလွန်ဆုံး ၁၀ လပိုင်း နောက်ဆုံးထား ထွက်မယ်။ ဒုတိယစီးရီးက ပထမ စီးရီးနဲ့ လုံးဝမတူပါဘူး။ မတူတဲ့ ပုံစံတစ်မျိုးနဲ့ တွေ့ရမှာပါ။ အဆိုပိုင်းရော အတီးပိုင်းရော ထူးခြားမှုတွေတော့ ရှိပါတယ်”ဟု ဂျောက်ဂျက်က ပြောကြားခဲ့သည်။

ဂျောက်ဂျက်သည် ပထမစီးရီး ‘ငါသည်သာငါ့ပြိုင်ဘက်’ စီးရီးဗီစီဒီ ရိုက်ကူးမှုကိုလည်း လုပ်ဆောင်လျက်ရှိပြီး လက်ရှိတွင် ၎င်းတစ်ဦးတည်း သီဆိုထားသည့် တေးသီချင်းခြောက် ပုဒ်အားရိုက်ကူးမှု ပြီးစီးသွားပြီဟု သိရသည်။ အဆိုပါဗီစီဒီတွင် မော်ဒယ်အသစ်များနှင့်အတူ ရသ၊ ကျော်ထွဋ်ဆွေနှင့် ဂျောက်ဂျက် ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည်။

Admin
Admin

Posts : 82
Join date : 2011-06-11
Age : 33
Location : Mandalay

https://mmts.forumotion.com

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum