Mandalay Fighter Group
Would you like to react to this message? Create an account in a few clicks or log in to continue.

မကွေး FC ကို ခြေစမ်းပွဲတွင် ရန်ကုန်ယူနိုက်တက်အနိုင်ရ၊ ယှဉ်ပြိုင်ခဲ့သည့် ခြေစမ်းပွဲ(၃)ပွဲစလုံးကို အနိုင်ရထားပြီး တိုက်စစ်မှူးသစ် ဂျူဗီနယ် ခြေစွမ်းပြလျက်ရှိ

Go down

မကွေး FC ကို ခြေစမ်းပွဲတွင် ရန်ကုန်ယူနိုက်တက်အနိုင်ရ၊ ယှဉ်ပြိုင်ခဲ့သည့် ခြေစမ်းပွဲ(၃)ပွဲစလုံးကို အနိုင်ရထားပြီး တိုက်စစ်မှူးသစ် ဂျူဗီနယ် ခြေစွမ်းပြလျက်ရှိ Empty မကွေး FC ကို ခြေစမ်းပွဲတွင် ရန်ကုန်ယူနိုက်တက်အနိုင်ရ၊ ယှဉ်ပြိုင်ခဲ့သည့် ခြေစမ်းပွဲ(၃)ပွဲစလုံးကို အနိုင်ရထားပြီး တိုက်စစ်မှူးသစ် ဂျူဗီနယ် ခြေစွမ်းပြလျက်ရှိ

Post  Admin Mon Jun 13, 2011 11:34 am

မကွေး FC ကို ခြေစမ်းပွဲတွင် ရန်ကုန်ယူနိုက်တက်အနိုင်ရ၊ ယှဉ်ပြိုင်ခဲ့သည့် ခြေစမ်းပွဲ(၃)ပွဲစလုံးကို အနိုင်ရထားပြီး တိုက်စစ်မှူးသစ် ဂျူဗီနယ် ခြေစွမ်းပြလျက်ရှိ Pe8-1811

၂၀၁၁ MNL ပြိုင်ပွဲအတွက် ပြင်ဆင်နေသော ရန်ကုန်ယူနိုက်တက်အသင်းနှင့် မကွေး FC အသင်းတို့သည် ပြီးခဲ့သည့် ဇန်န၀ါရီလ (၃)ရက်နေ့၊ ညနေပိုင်းက ရန်ကုန်ယူနိုက်တက်အသင်းပိုင် လေ့ကျင့်ရေးကွင်းတွင် ခြေစမ်းကစားခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းက (၂-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်ယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးများကို ချာလက်စ်အိုဘီနှင့် အသစ်ခေါ်ယူထားသော တိုက်စစ်မှူး ဂျူဗီနယ်တို့က သွင်းယူပေးခဲ့သည်။ ဘရာဇီးလ်တိုက်စစ်မှူး ဂျူဗီနယ်သည် ခြေစမ်းပွဲ (၃)ပွဲစလုံးတွင် ခြေစွမ်းပြကာ ရန်ကုန်ယူနိုက်တက်အသင်းအတွက် ဂိုးများသွင်းယူနိုင်ခဲ့ပြီး မနောမြေ၊ ဧရာဝတီယူနိုက်တက်အသင်းတို့နှင့် ပွဲစဉ်များတွင် (၂)ဂိုးစီ သွင်းယူနိုင်ခဲ့သည်။ ယခုပွဲစဉ်၌ နှစ်သင်းစလုံးတွင် လူစုံပါဝင်ခဲ့ပြီး မကွေး FC အသင်းတွင် ဒဏ်ရာမှ ပြန်လည်သက်သာလာသည့် တိုက်စစ်မှူး စည်သူဝင်းလည်း ပါဝင်ကစားခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် လာမည့် ဇန်န၀ါရီလ (၈)ရက်နေ့တွင် ဥဿာယူနိုက်တက်အသင်းနှင့် ထပ်မံခြေစမ်းကစားမည်ဖြစ်ကြောင်း သိရသည်။

ဇန်န၀ါရီ (၃)ရက်နေ့က အောင်ဆန်းကွင်း၌ KBZ FC နှင့် ရတနာပုံအသင်းတို့ ခြေစမ်းရာတွင် (၁-၁) ဂိုးစီ သရေကျခဲ့ကြောင်းလည်း သိရှိရသည်။


ELEVEN MEDIA GROUP မှ ကူးယူဖော်ပြသည်

Admin
Admin

Posts : 82
Join date : 2011-06-11
Age : 33
Location : Mandalay

https://mmts.forumotion.com

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum