Mandalay Fighter Group
Would you like to react to this message? Create an account in a few clicks or log in to continue.

၂၀၁၁ MNL အမှတ်ပေးပြိုင်ပွဲတွင် ဂိုးသွင်းဘုရင်ဆုရရှိရန် မျှော်မှန်းထားကြောင်း ပြည့်ဖြိုးဦး ဆို

Go down

၂၀၁၁ MNL အမှတ်ပေးပြိုင်ပွဲတွင် ဂိုးသွင်းဘုရင်ဆုရရှိရန် မျှော်မှန်းထားကြောင်း ပြည့်ဖြိုးဦး ဆို Empty ၂၀၁၁ MNL အမှတ်ပေးပြိုင်ပွဲတွင် ဂိုးသွင်းဘုရင်ဆုရရှိရန် မျှော်မှန်းထားကြောင်း ပြည့်ဖြိုးဦး ဆို

Post  Admin Mon Jun 13, 2011 11:37 am

၂၀၁၁ MNL အမှတ်ပေးပြိုင်ပွဲတွင် ဂိုးသွင်းဘုရင်ဆုရရှိရန် မျှော်မှန်းထားကြောင်း ပြည့်ဖြိုးဦး ဆို Dddddd11

နေပြည်တော် FC ၏ တိုက်စစ်မှူးဖြစ်သူ ပြည့်ဖြိုးဦးက လာမည့် ၂၀၁၁ MNL အမှတ်ပေးပြိုင်ပွဲတွင် အသင်းအတွက် အဓိကကျသောဂိုးများသွင်းယူရန်နှင့် ဂိုးသွင်းဘုရင်ဆု ရရှိရန် မျှော်မှန်းထားကြောင်း ပြောကြားခဲ့သည်။

မကွေး FC ကစားသမားဟောင်း ပြည့်ဖြိုးဦးက " ပြီးခဲ့တဲ့ရာသီမှာ ကျွန်တော့်အနေနဲ့ မျှော်မှန်းသလောက် ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ ဒဏ်ရာပြဿနာရှိနေလို့ ပုံမှန်ခြေစွမ်းမရရှိခဲ့တာပါ။ လာမယ့်ပြိုင်ပွဲမှာတော့ အသင်းအောင်မြင်မှုရဖို့ အစွမ်းကုန် ကြိုးစားမှာဖြစ်ပြီး ဂိုးသွင်းဘုရင်ဆုရရှိတဲ့အထိ အသင်းအတွက် ဂိုးတွေသွင်းနိုင်ဖို့ မျှော်မှန်းထားပါတယ် " ဟု ပြောကြားခဲ့သည်။

ပြည့်ဖြိုးဦးသည် MNL ပြိုင်ပွဲ အစတွင် မကွေး FC ၌ ပါဝင်ကစားခဲ့ပြီး ၂၀၁၀ MNL ပြိုင်ပွဲ ဒုတိယအကျော့၌ နေပြည်တော် FC သို့ ပြောင်းရွှေ့ရောက်ရှိလာသည်။ နေပြည်တော် FC သည် ၂၀၁၁ MNL ပြိုင်ပွဲတွင် အောင်မြင်မှုရရှိရန်အတွက် တိုက်စစ်ပိုင်းကို အားဖြည့်ပြင်ဆင်လျက်ရှိရာ KBZ FC တိုက်စစ်မှူး စထက်နိုင်ဝင်းနှင့် ဇေယျာရွှေမြေမှ စည်သူသန်းတို့ကို ခေါ်ယူနိုင်ခဲ့ကြောင်း သိရသည်။

ELEVEN MEDIA GROUP မှကူးယူဖော်ပြသည်။

Admin
Admin

Posts : 82
Join date : 2011-06-11
Age : 33
Location : Mandalay

https://mmts.forumotion.com

Back to top Go down

Back to top

- Similar topics
» ဘီယာဗိုက်အကြောင်း အမှန်တရားများ
» ၂၀၁၁ ခုနှစ် ငါးလတာကာလအတွင်း ပြည်ပရိုက်ကူးရေး အဖွဲ့များအနေဖြင့် ခရီးသွားလုပ်ငန်းများနှင့် တိုက်ရိုက်ချိတ်ဆက် လာရောက်မှု ပိုမိုများပြားလာ
» ကင်ဆာပျောက်တယ်လို့ ပေါ်ပြူလာဖြစ်နေတဲ့ ဂျုံမြက်နုအကြောင်း အစုံအလင်
» GOOGLE CHROME ရဲ့ EXTENSIONS များအကြောင်း
» ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် ၀င်ငွေခွန်အများဆုံး ပေးဆောင်သူ ကမ္ဘောဇဘဏ်မှ ဖြစ်လာပြီး နှစ်နှစ်ဆက်တိုက် ထိပ်ဆုံးမှပေးဆောင်လာသည့် Myanmar CP ကုမ္ပဏီ နံပါတ်(၄) နေရာအထိ ကျဆင်းသွား

 
Permissions in this forum:
You cannot reply to topics in this forum