Mandalay Fighter Group
Would you like to react to this message? Create an account in a few clicks or log in to continue.

လစ်ဗျား အသွင်ကူးပြောင်းရေး ကောင်စီကို နိုင်ငံတကာက ငွေကြေး အကူအညီပေးမည်ဟု ကြေညာ

Go down

လစ်ဗျား အသွင်ကူးပြောင်းရေး ကောင်စီကို နိုင်ငံတကာက ငွေကြေး အကူအညီပေးမည်ဟု ကြေညာ Empty လစ်ဗျား အသွင်ကူးပြောင်းရေး ကောင်စီကို နိုင်ငံတကာက ငွေကြေး အကူအညီပေးမည်ဟု ကြေညာ

Post  Admin Mon Jun 13, 2011 4:24 pm

လစ်ဗျား အသွင်ကူးပြောင်းရေး ကောင်စီကို နိုင်ငံတကာက ငွေကြေး အကူအညီပေးမည်ဟု ကြေညာ Dd11

အာရပ်စော်ဘွားများ ပြည်ထောင်စု၊ အဘူဒါဘီမြို့တွင် ဇွန် ၉ ရက် ကုလဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ရာ ကဒါဖီ အစိုးရ ဖြုတ်ချနိုင်ရေး ကြိုးပမ်းနေသော လစ်ဗျား အသွင်ကူးပြောင်းရေး ကောင်စီ TNC ကို နိုင်ငံတကာက ငွေကြေး အကူအညီ ပေးမည်ဟု ကြေညာခဲ့ခြင်းဖြင့် လစ်ဗျား အတိုက်အခံများကို စိတ်ဓာတ်မြှင့်တင်ပေး ခဲ့သည်။

ကဒါဖီ နုတ်ထွက်ရေး အတွက် အဓိက ဆွေးနွေးရမည့်သူမှာ ၎င်း၏သား ဆာ့ဖ်ကဒါဖီ ဖြစ်သည်ဟု လစ်ဗျား အတိုက်အခံအဖွဲ့က ပြောကြားခဲ့သည်။ တောင်ပိုင်း စစ်မျက်နှာပြင်တွင် တိုက်ခိုက်မှု ပြုလုပ်နေဆဲ ဖြစ်ပြီး ကဒါဖီ၏ နေ့ရက်များ အဆုံးသတ်ရန် နီးကပ်လာနေပြီဟု National Front for the Salvation of Libya မှ မိုဟာမက်အလီအဘီဒယ်လာ က ဆိုသည်။

လစ်ဗျားရှိ ကဒါဖီ တိုက်ခိုက်ရေး သမားများ အတွက် အမေရိကန်က ဒေါ်လာ ၂၆ သန်း ထပ်မံ ကူညီမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ကြေညာခဲ့သည်။ အီတလီနိုင်ငံက လစ်ဗျား အသွင်ကူးပြောင်းရေး ကောင်စီသို့ ဒေါ်လာသန်း ၅၈၀ ကူညီပေးသွားမည်ဟု ကတိပြုခဲ့သော်လည်း လက်နက်များ ကူညီပေးမည် မဟုတ်ဟု အီတလီ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားသည်။ လစ်ဗျားတွင် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရန် အတွက် ကူဝိတ်နိုင်ငံက ဒေါ်လာသန်း ၁၈၀ လှူဒါန်းမည် ဖြစ်ကြောင်း ဒုတိယ၀န်ကြီးချုပ် ရှိတ်ခ်မိုဟာမက်ဒ်ဆာဘာဟ်အယ်ဆာမန် က ပြောကြားသည်။

ကဒါဖီသည် လစ်ဗျား စစ်ဘက် ထိန်းချုပ်ရေး၊ ညွှန်ကြားရေးဆိုင်ရာ ကိစ္စများတွင် ပါဝင်ပြီး စစ်ဘက်ခေါင်းဆောင် ဖြစ်နေခြင်းကြောင့် ကုလ ဆုံးဖြတ်ချက်အရ ကဒါဖီကို ပစ်မှတ်ထား တိုက်ခိုက်ခွင့် ရှိကြောင်း နေတိုးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက စီအင်န်အင်န်၏ မေးမြန်းချက်ကို ပြောကြားခဲ့သည်။

လစ်ဗျား အသွင်ကူးပြောင်းရေး ကောင်စီကို လစ်ဗျား ပြည်သူများ၏ တရားဝင် ကိုယ်စားလှယ် အဖြစ် အမေရိကန်နိုင်ငံက တရားဝင် အသိအမှတ် မပြုသေးသော်လည်း ၀ါရှင်တန်တွင် ယင်း ကောင်စီ၏ ရုံးတစ်ရုံး လာရောက် ဖွင့်လှစ်ရန် အမေရိကန်သမ္မတ အိုဘားမားက ဖိတ်ခေါ်ခဲ့သည်။

ELEVEN MEDIA GROUP မှကူးယူဖော်ပြသည်...

Admin
Admin

Posts : 82
Join date : 2011-06-11
Age : 33
Location : Mandalay

https://mmts.forumotion.com

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum