နေတိုးအဖွဲ့ဝင် နိုင်ငံများ စစ်ရေး ပူးပေါင်းပါဝင်မှု တိုးမြှင့်ရန် အမေရိကန် ကာကွယ်ရေးဝန်ကြီး တိုက်တွန်း
Page 1 of 1
နေတိုးအဖွဲ့ဝင် နိုင်ငံများ စစ်ရေး ပူးပေါင်းပါဝင်မှု တိုးမြှင့်ရန် အမေရိကန် ကာကွယ်ရေးဝန်ကြီး တိုက်တွန်း
နေတိုးအဖွဲ့ဝင် ဥရောပနိုင်ငံများကသာ စစ်ရေး အသုံးစရိတ်များ တိုးမြှင့်ခြင်းနှင့် ကာကွယ်ရေးတွင် စိတ်အားထက်သန်စွာ ပူးပေါင်း ဆောင်ရွက်မှု မရှိလျှင် မြောက်အတ္တလန္တိတ်စာချုပ် အဖွဲ့(နေတိုး)၏ အနာဂတ်သည် မရေမရာ ဖြစ်သွားနိုင်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ် က ပြောကြားခဲ့သည်။
အာဖဂန်နှင့် လစ်ဗျား စစ်ဆင်ရေးများတွင် နေတိုးအဖွဲ့ဝင်နိုင်ငံများက စစ်ဘက်နှင့် နိုင်ငံရေးအရ ပူးပေါင်း ဆောင်ရွက်လိုသည့် ဆန္ဒလျော့ပါးလာခြင်း အပေါ် ယခုလကုန်တွင် အနားယူတော့မည့် ရောဘတ်ဂိတ်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
အမေရိကန် တပ်ဖွဲ့ဝင် အရေအတွက်ကို ဖယ်ထားလျှင်ပင် နေတိုးအဖွဲ့ ဝင် နိုင်ငံအားလုံး၏ တပ်ဖွဲ့ဝင် အရေအတွက်မှာ နှစ်သန်းကျော် ရှိနေသော်လည်း အာဖဂန်တွင် တပ်ဖွဲ့ဝင် ၂၅၀၀၀ မှ ၄၅၀၀၀ ကြား ထားရှိရေး ခက်ခက်ခဲခဲ ဆောင်ရွက်နေရကြောင်း ဂိတ် က ပြောကြားခဲ့သည်။
အမေရိကန် လုံခြုံရေး မူဝါဒ၏ ထောက်တိုင်အဖြစ် နှစ် ၆၀ ကျော်ကြာ တည်ရှိခဲ့သော နေတိုးတွင် အဖွဲ့ဝင် နိုင်ငံများက တစ်ပြား၊ နှစ်ပြား ခွာကာ နိုင်ငံရေးအရ စိတ်အားထက်သန်မှု ကင်းမဲ့နေမည် ဆိုလျှင် အမေရိကန်၏ ထောက်ပံ့မှု အဆုံးသတ်သွား နိုင်ကြောင်း သတိပေးခဲ့သည်။
''သမိုင်းမှာ အရဲရင့်ဆုံး စစ်ရေး မဟာမိတ် အဖွဲ့ကြီးဟာ လူနေနည်းတဲ့ တိုင်းပြည်က လက်နက်မကောင်းတဲ့ အစိုးရကို စစ်ဆင်နွှဲတာ ၁၁ ပတ်တောင် ကြာနေပါပြီ။ ဒီအချိန်မှာပဲ မဟာမိတ် အများစုဟာ ကျည်ကုန်နေပါပြီ။
ခြားနားချက်တွေကို ထေမိစေဖို့ အမေရိကန်ကို နောက်တစ်ကြိမ် ပြန်လိုအပ်နေပြန်ပါပြီ''ဟု ဂိတ် က ပြောကြားခဲ့သည်။ ထို့အပြင် လစ်ဗျား စစ်ဆင်ရေးတွင် အဖွဲ့ဝင် ၂၈ နိုင်ငံ အနက် ရှစ်နိုင်ငံသာ ပါဝင်ခြင်းနှင့် လက်နက်အင်အား မကောင်းခြင်းအပေါ် ဝေဖန်ခဲ့သည်။
၁၉၄၉ ခုနှစ်က ဆိုဗီယက် အန္တရာယ်ကို ရင်ဆိုင်ရန် အမေရိကန် ဦးဆောင်ပြီး နေတိုးကို တည်ထောင်ခဲ့သည်။
ELEVEN MEDIA GROUP မှ ဖော်ပြသည်....
Similar topics
» တစ်ရပ်တည်းနေသူကလှည့်ဖြားပြောဆို သားမယားအဖြစ် ပြုကျင့်ရန်ကြံစည်
» ချယ်လ်ဆီးနည်းပြ ဖြစ်လာရန် ရေပန်းစားနေသည့် ဂူဟစ်ဒင့်ကြောင့် ဆနိုက်ဒါကို မန်ယူအသင်း ခေါ်ယူနိုင်ခွင့် ဆုံးရှုံးရဖွယ်ရှိနေ ဆနိုက်ဒါကို ခေါ်ယူရန် ချယ်လ်ဆီးအသင်းအား ဟစ်ဒင့် တိုက်တွန်း
» ချယ်လ်ဆီးနည်းပြ ဖြစ်လာရန် ရေပန်းစားနေသည့် ဂူဟစ်ဒင့်ကြောင့် ဆနိုက်ဒါကို မန်ယူအသင်း ခေါ်ယူနိုင်ခွင့် ဆုံးရှုံးရဖွယ်ရှိနေ ဆနိုက်ဒါကို ခေါ်ယူရန် ချယ်လ်ဆီးအသင်းအား ဟစ်ဒင့် တိုက်တွန်း
Page 1 of 1
Permissions in this forum:
You cannot reply to topics in this forum
|
|