Mandalay Fighter Group
Would you like to react to this message? Create an account in a few clicks or log in to continue.

ပဲခူး-စစ်တောင်းတူးမြောင်း ကြမ်းပြင်မြင့်တက်ကာ တူးမြောင်း ရေသန့်ရှင်းမှုစံနှုန်း ကျဆင်းခြင်းနှင့် ပိုမို ကြုံတွေ့လာရ

Go down

ပဲခူး-စစ်တောင်းတူးမြောင်း ကြမ်းပြင်မြင့်တက်ကာ တူးမြောင်း ရေသန့်ရှင်းမှုစံနှုန်း ကျဆင်းခြင်းနှင့် ပိုမို ကြုံတွေ့လာရ Empty ပဲခူး-စစ်တောင်းတူးမြောင်း ကြမ်းပြင်မြင့်တက်ကာ တူးမြောင်း ရေသန့်ရှင်းမှုစံနှုန်း ကျဆင်းခြင်းနှင့် ပိုမို ကြုံတွေ့လာရ

Post  Admin Mon Jun 13, 2011 5:19 pm

ပဲခူး-စစ်တောင်းတူးမြောင်း ကြမ်းပြင်မြင့်တက်ကာ တူးမြောင်း ရေသန့်ရှင်းမှုစံနှုန်း ကျဆင်းခြင်းနှင့် ပိုမို ကြုံတွေ့လာရ Qaqaqa10
ပဲခူး-စစ်တောင်း တူးမြောင်းမှာ ပဲခူးမြစ်နှင့်စစ်တောင်းမြစ်အား ကြားဖြတ် ချိတ်ဆက်ပေးထားပြီး ပဲခူးခရိုင် ဝေါမြို့နယ်နှင့် သနပ္ပင်မြို့နယ် တို့ကို ဖြတ်သန်း ဖောက်လုပ်ထားမှုကြောင့် ဒေသတွင်း ရေလမ်းခရီး သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ရေချို ငါးဖမ်းလုပ်ငန်းတို့ အတွက် အလွန် အရေးပါကြောင်း သိရသည်။ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်း များစွာ ဖန်တီးပေးနေသော တူးမြောင်း ဖြစ်သည်။ ထို့အပြင် တူးမြောင်း ဖြတ်သန်းသွားရာ ဒေသများတွင် တူးမြောင်းရေကို သုံးရေအဖြစ် တွင်ကျယ်စွာ အသုံးပြုလျက် ရှိကြောင်း သိရသည်။

ပဲခူး-စစ်တောင်း တူးမြောင်းမှာ ဝေါမြို့နယ်၊ မြစ်ကျိုးကျေးရွာမှ သနပ္ပင်မြို့နယ် ရေတံခါးတာဝ ကျေးရွာအထိ အလျား ၃၈ မိုင် ရှိကြောင်း သိရသည်။

တူးမြောင်းမှာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၂၀ ကျော် ကြာမြင့်နေပြီ ဖြစ်သောကြောင့် တူးမြောင်းကြမ်းပြင် မြင့်တက် တိမ်ကောလာမှုကြောင့် ယခုအချိန်တွင် မိုးရာသီ ဖြစ်သော်လည်း စက်လှေ အသေးစားများသာ ကောင်းမွန်စွာ သွားလာနိုင်ပြီး စက်လှေ အကြီးများမှာမူ အကန့်အသတ်ဖြင့်သာ သွားလာနေကြကြောင်း သိရသည်။ ထို့အတူ တူးမြောင်းရေ သန့်ရှင်းမှု စံနှုန်း လျော့ကျလာမှု တို့ကြောင့် တူးမြောင်းအတွင်း ကျက်စားသည့် ရေသတ္တ၀ါ မျိုးစိတ်များမှာလည်း ရှားပါးလာခဲ့ကြောင်း သိရသည်။

''တူးမြောင်းက ရေတိမ်နေတော့ စက်လှေ အကြီးတွေ နေရာတိုင်း သွားလို့မရသေးဘူး။ ကျွန်တော်တို့စက်လှေ ဆိုရင် ကြီးတော့ သနပ္ပင်ဘက်ကနေ ဝေါအထိပဲ သွားလို့ရသေးတယ်။ ဝေါမြို့နဲ့မြစ်ကျိုး အကြားမှာ တူးမြောင်းက သောင်တွေထွန်းပြီး ရေအတော်လေး တိမ်တယ်။ အရင်တုန်းကတော့ နွေရောမိုးပါ စက်လှေကြီးတွေ အဆင်ပြေပြေ သွားလို့ရတယ်။ အခုတော့ မိုးရွာတာ တစ်လကျော်သွားပြီ အချို့ နေရာတွေမှာ ရေက အတော်လေး တိမ်သေးတယ်''ဟု စက်လှေသမား တစ်ဦးက ပြောကြားပါသည်။

''ဒေသခံတွေကလည်း တူးမြောင်းထဲကို စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာတွေ ပိုပြီး လုပ်လာတယ်''ဟု ဒေသခံက ဆိုသည

Admin
Admin

Posts : 82
Join date : 2011-06-11
Age : 33
Location : Mandalay

https://mmts.forumotion.com

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum