Mandalay Fighter Group
Would you like to react to this message? Create an account in a few clicks or log in to continue.

Sexဆိုတာ …

Go down

Sexဆိုတာ … Empty Sexဆိုတာ …

Post  emolay Tue Jun 14, 2011 4:03 pm

ကလေးငယ်လေးတယောက်က ဖခင်ဖြစ်သူကိုကပ်ပြီး တိုးတိုးလေးမေးတယ် ။

“ဖေဖေ……sex ဆိုတာဘာလဲဟင်”

ဖခင်ဖြစ်သူဟာ အတော်အဖြေရခက်သွားတယ် ။
ကလေးငယ်ရဲ့သိလိုစိတ်ရှိတဲ့ စူးစမ်းမှုကိုလည်း ပိတ်ပင်ငေါက်ငမ်းပြီး မတားမြစ်ချင်ဘူး ။
တည့်တည့်ကြီးပွင့်ပွင့်လင်းလင်း ပြောချလိုက်ဖို့ကလည်း ..
ကလေးငယ်ရဲ့စိတ်ထဲမှာ ညစ်ညမ်းတဲ့ မဖွယ်မရာစိတ်ကူးတွေ ၀င်သွားမှာစိုးတယ် ။
ဒါနဲ့….

“အေး…..ဒီလိုသားရဲ့။
sex ဆိုတာ လူသားမျိုးနွယ်တွေ ပေါက်ဖွားဖို့အတွက် လိုအပ်တဲ့ကိစ္စတခုပေါ့ကွာ ။
ဒီကိစ္စဟာဆိုရင်…… ဘာညာဘာညာနဲ့ လျှောက်သွယ်ဝိုက်ပြီး ပြောရတော့တာပေါ့ ။
ပြီးတော့မှ “ဖေဖေရှင်းပြတာ သဘောပေါက်ရဲ့လား”လို့မေးတယ် ။
ကလေးငယ်ကလည်းရိုးရိုးသားသားဘဲဖြေတယ် ။

“ဟင့်အင်း”

ဒါနဲ့ ဖခင်ဖြစ်သူဟာ နောက်ထပ် ကွေ့ကာဝိုက်ကာနဲ့ ၁၅မိနစ်လောက်ကြာအောင် ထပ်ရှင်းပြတော့လည်း
ကလေးငယ်က သဘောမပေါက်ပြန်ဘူး။
တတိယအကြိမ် ရှင်းပြီးတဲ့နောက်မှာတော့ ဖခင်ဖြစ်သူက စိတ်မရှည်တော့ဘူး ။
တော်တော်စိတ်တိုလာပြီး..

“နေစမ်းပါဦး၊ဘာဖြစ်လို့မင်းက ဒီလောက်တောင် သိချင်နေရတာလဲ”

ကလေးငယ်က သူ့လက်ထဲက အင်္ဂလိပ်လိုရိုက်ထားတဲ့ လျှောက်လွှာကိုပြပြီး ...

“ဟောဒီလျှောက်လွှာထဲမှာ… Name လို့ရေးထားတဲ့ကွက်လပ်မှာ ကျွန်တော့်နာမည်ကို ရေးဖြည့်ရမယ်ဆိုတာကို သိပါတယ် ။
Age လို့ ရေးထားတဲ့ ကွက်လပ်ထဲမှာ ကျွန်တော့်အသက်ကို ထည့်ရမယ် ဆိုတာလည်း သိတာပဲ ။
ဒါပေမယ့် .... Sexလို့ ရေးထားတဲ့ ကွက်လပ်မှာတော့ ဘာရေးထည့်ရမှန်း မသိလို့အဖေရ”
emolay
emolay

Posts : 114
Join date : 2011-06-12
Age : 29

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum