Mandalay Fighter Group
Would you like to react to this message? Create an account in a few clicks or log in to continue.

ရှင်းလို့မရတဲ့ ပြသနာ

Go down

ရှင်းလို့မရတဲ့ ပြသနာ Empty ရှင်းလို့မရတဲ့ ပြသနာ

Post  emolay Tue Jun 14, 2011 4:10 pm


ဘိုသန်ကိုမင်း အရက်ဆိုင်တစ်ဆိုင်တွင် အရက်မူးနေလေ၏။

ထိုအရက်ဆိုင်ထဲသို့ ကိုမြက် ၀င်လာကာ



ကိုမြက် ။ ။ ဟေ့လူ၊ဒီလောက်နေ့ခင်းကြောင်တောင် ရာသီဥတု ဒီလောက်ပူတာ .. ဘာဖြစ်လို့ ဒီမှာလာထိုင်ပြီး မူးနေရတာလဲ။



ဘိုသန်ကိုမင်း ။ ။ ရှင်းလို့ မရတဲ့ပြသနာ ကြောင့် ပေါ့ ဂျာ ..။



ကိုမြက်။ ။ ပြောစမ်းပါဦး၊ ဘာတွေများ ဆိုးဆိုးဝါးဝါးဖြစ်ခဲ့လို့လဲ။



ဘိုသန်ကိုမင်း ။ ။ ဒီနေ့မနက်ကပေါ့ ဂျာ ။ ငါက ထုံးစံအတိုင်း ငါ့နွားမကို နို့ညှစ်နေခဲ့တာ ။နို့ပုံးပြည့်ခါနီးလောက်လည်း ရောက်ရော သေနာမက သူ့ဘယ်ခြေကို မြှောက်ပြီး နို့ပုံးကို ပိတ်ကန်လိုက်တယ်လေ။



ကိုမြက် ။ ။ အင်း၊အဖြစ်ကဒီလောက်လဲမဆိုးသေးပါဘူး။



ဘိုသန်ကိုမင်း ။ ။ ဒါနဲ့ ငါလည်း သူ့ဘယ်ခြေထောက်ကိုဆွဲ၊ ကြိုးနဲ့ ဘယ်ဘက်ကတိုင်မှာ ချည်ထားလိုက်တယ်လေ။



ကိုမြက် ။ ။ ပြီးတော့ကော။



ဘိုသန်ကိုမင်း ။ ။ ဒါနဲ့ ..ငါလည်း နို့ဆက်ညှစ်တာပေါ့။ နို့ပုံးပြည့်ခါနီးလည်းရောက်ရော အဲဒီနွားမက သူ့ညာခြေကိုမြှောက်ပြီး နို့ပုံးကိုပိတ်ကန်ပြန်ရော...။



ကိုမြက် ။ ။ အဲဒီတော့ခင်ဗျားကဘာလုပ်လိုက်လဲ။



ဘိုသန်ကိုမင်း ။ ။ ခုနကလို ငါလည်း သူ့ညာခြေထောက်ကိုဘေးကိုဆွဲ၊ ကြိုးနဲ့ ညာဘက်ကတိုင်မှာ ချည်ထားလိုက်တာပေါ့။



ကိုမြက် ။ ။ ပြီးတော့ကော။



ဘိုသန်ကိုမင်း ။ ။ ငါလည်း ပြန်ထိုင်ပြီး နို့ပြန်ညှစ်တာပေါ့။ ပုံးပြည့်ခါနီးလောက်လဲရောက်ပြန်ရော သောက်နွားမ ကသူ့အမြီးနဲ့ပုံးကိုခတ်ပြီး မှောက်ပစ်လိုက်ပြန်တယ် ဂျာ ။



ကိုမြက် ။ ။ အဲဒီတော့ခင်ဗျားဘာဆက်လုပ်လိုက်လဲ။



ဘိုသန်ကိုမင်း ။ ။ ငါ့မှာလည်း ချည်စရာကြိုးက ကုန်နေပြီ ။ဒါနဲ့ ငါ့ဘောင်းဘီက ခါးပတ်ကိုဖြုတ်၊ နွားမရဲ့အမြီးနဲ့တွဲပြီး ခေါင်မိုးမှာ ချည်ထားလိုက်မယ် ဆိုပြီး နွားမ အမြီးလေး ကို မြှောက် ၊ နွားမ နောက်မှာ မတ်တတ် ရပ်နေတုန်း .... ငါ့ဘောင်းဘီက အောက်ကိုကျွတ်ကျ၊ "ဗြုန်း" ဆိုငါ့မိန်းမက ဝင်လာ၊ ဘယ်လိုမှ ဖြေရှင်းလို့မရတော့ဘူးဂျာ ...။
emolay
emolay

Posts : 114
Join date : 2011-06-12
Age : 29

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum