Mandalay Fighter Group
Would you like to react to this message? Create an account in a few clicks or log in to continue.

*ကိစ္စမရှိပါဘူး*

Go down

*ကိစ္စမရှိပါဘူး* Empty *ကိစ္စမရှိပါဘူး*

Post  emolay Tue Jun 14, 2011 4:13 pm

မုတ်ဆိတ်မွေး ပါးသိုင်းမွေးရိတ်ဖို့ လူတစ်ယောက် ဆံပင်ညှပ်ဆိုင်ထဲ ဝင်လာပါတယ်။
သူ့အလှည့်ရောက်တော့ ဆံသဆရာက သူမုတ်ဆိတ်မွေး၊ ပါးသိုင်းမွေးတွေကို စပြီး ရိတ်ပါတယ်..

မုတ်ဆိတ်မွေး နဲ့ နှုတ်ခမ်းမွေးကို ရိတ်တဲ့အခါ ပြဿနာ မရှိပေမဲ့ပါးသိုင်းမွေးရိတ်တော့
နည်းနည်းခက်နေတယ်။သူ့ပါးကနည်းနည်းခွက်နေတာကိုး။

ဒါနဲ့ ဆံသဆရာက သစ်သားနဲ့ လုပ်ထားနဲ့ အလုံးလေး တစ်လုံးကိုပေးလိုက်ပြီး ပြောတယ်..

"ဒါလေးကို ခဏငုံထားလိုက်၊ ဒါမှ ပါးသိုင်းမွေး ရိတ်ရတာ အဆင်ပြေမယ်"..

"အဲ...ဟုတ်တယ်ဗျ"

အဲဒီလူလည်း သဘောကျသွားတယ်၊ ဒီ ဆံသဆရာမဆိုးဘူး
တော်တော်ဥာဏ်ပြေးသားဘဲ လို့တွေးနေတယ်။

ညာဘက်ပါးကို ရိတ်တော့ ညာဘက်ပါးစောင်မှာ ငုံလိုက်၊
ဘယ်ဘက်ပါးကို ရိတ်တော့ဘက်ဘက်ပါးစောင်မှာ ငုံလိုက်နဲ့ လုပ်နေရင်း
ဆံသဆရာကို လှမ်းနောက်လိုက်တယ်... ...

"ခုလိုငုံထားတုန်း ခင်ဗျားသစ်သားလုံးလေးကိုမျိုချမိရင် ဘယ်လိုလုပ်မလဲ"

"ကိစ္စမရှိပါဘူးဗျာ။ နောက်နေ့ 'အီး' ပါရင် ပြန်ထွက်လာမှာဘဲ မဟုတ်လား၊
အဲဒီတော့မှရေဆေးပြီး ပြန်လာပေးပေါ့၊
တခြားသူတွေလဲ ဒီလိုဘဲ ပြန်လာပေးနေကျဘဲဟာ"...တဲ့။
emolay
emolay

Posts : 114
Join date : 2011-06-12
Age : 29

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum