Mandalay Fighter Group
Would you like to react to this message? Create an account in a few clicks or log in to continue.

ငတ်တာတောင်နည်းသေးတယ်

Go down

ငတ်တာတောင်နည်းသေးတယ် Empty ငတ်တာတောင်နည်းသေးတယ်

Post  emolay Tue Jun 14, 2011 4:23 pm

တခါကပေါ့ လူပျိုကြီးတယောက်နဲ့ အပျိုကြီးတယောက်တို့ ကားအတူတူမောင်းလာကြတယ်။ကားမောင်းရင်းလူပျိုကြီးက ဂီယာချိန်းတော့ အပျိုကြီးပေါင်ကို လက်နဲ့ကိုင်မိတယ်။သာယာတဲ့ အတွေ့အထိကြောင့် လက်ကိုပြန်မရုပ်မိဘူး။အတော်လေးကြာ
လာတော့ အပျိုကြီးက အသံတုန်တုန်ယင်ယင်နဲ့ စကားပြောပါတယ်။
"ဒီမှာ....ဒီမှာ
ဓမ္မသစ်ကျမ်းအခန်းကြီးငါးထဲက
အခန်းငယ် သုံးကိုသတိရပြီး
ဆင်ခြင်ပါ"
လူပျိုကြီးလဲ အပျိုကြီးရဲ့ သတိပေးစကားကြောင့် သက်ပြင်းလေးချပြီးလက်ကိုပြန်ရုပ်လိုက်ရတယ်။ဒါပေမယ့် သိပ်မကြာပါ
ဘူး ဂီယာထိုးရင် လက်ကထပ်ကိုင်ထားပြန်တယ်။အပျိုကြီးကလဲ ထပ်ပြီးသတိပေးရပြန်တယ်။
"ဒီမှာရှင့်....ဒီမှာ
ဓမ္မသစ်ကျမ်းအခန်းကြီးငါးထဲက
အခန်းငယ်သုံးကို သတိရပါ"
လူပျိုကြီးလဲ သတိပေးသံစကားအဆုံးမှာ သက်ပြင်းလေးချပြီး လက်ကိုပြန်ရုပ်လိုက်ရပြန်တယ်။ဒီလိုနဲ့ အပျိုကြီးဆင်းမဲ့နေ
ရာရောက်လို့ ကားရပ်ပေးလိုက်တယ်။ဒီတခါမှာတော့ အပျိုကြီးက သက်ပြင်းကို ခပ်ကြမ်းကြမ်းလေး ချပြီး ကားပေါ်ကဆင်းသွားပါ
တယ်။လူပျိုကြီးက အပျိုကြီးရဲ့ သတိပေးစကားကိုမမှတ်မိတာကြောင့် ကားဒတ်ရှ်ဘုတ်ထဲက ဓမ္မသစ်ကျမ်း စာအုပ်လေးကို ထုတ်

ဖတ်လိုက်ပါတယ်။ဓမ္မသစ်ကျမ်းအခန်းကြီးငါး အခန်းငယ်သုံးထဲမှာ ပါတဲ့စသားကြောင့် လူပျိုကြီးခမြာ တော်တော်လေး ကြေကွဲသွား
ရပါတယ်။ကိုယ့်ကိုကိုယ်လဲ အပြစ်တင်လိုက်တယ်။
" ဟိုက်..........

သေစမ်းကွာ...ငတ်တာတောင်နဲသေးတယ်
တောက်....အရေးထဲကြမှ ဒီစာသားကိုမေ့နေရတယ်လို့ကွာ"
ဓမ္မသစ်ကျမ်းအခန်းကြီးငါး အခန်းငယ်သုံးထဲမှာ ပါတဲ့စာသားက
"အမောင်လူသား
ရှေ့ကိုတိုးလော့" တဲ့.........။
emolay
emolay

Posts : 114
Join date : 2011-06-12
Age : 29

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum