Mandalay Fighter Group
Would you like to react to this message? Create an account in a few clicks or log in to continue.

Apple က အာကာသယာဉ်နှင့်တူသော ရုံးသစ် တည်ဆောက်ရန် စီစဉ်

Go down

Apple က အာကာသယာဉ်နှင့်တူသော ရုံးသစ် တည်ဆောက်ရန် စီစဉ် Empty Apple က အာကာသယာဉ်နှင့်တူသော ရုံးသစ် တည်ဆောက်ရန် စီစဉ်

Post  ရွှေမန်းမြို့ ကဖိုက်တာ Wed Jun 15, 2011 3:34 am

Apple က အာကာသယာဉ်နှင့်တူသော ရုံးသစ် တည်ဆောက်ရန် စီစဉ် Tt10
Apple သည် ၀န်ထမ်း ၁၂၀၀၀ ကို တစ်နေရာတည်းတွင် ထားရှိနိုင်မည့် အာကာသယာဉ်နှင့် ပုံစံတူသော ရုံးပရိဝုဏ်သစ် တစ်ခုကို လာမည့်နှစ်တွင် စတင် တည်ဆောက်ရန် စီစဉ်နေသည်။

ကယ်လီဖိုးနီးယားပြည်နယ် ကျူပါတီနိုတွင် တည်ဆောက်မည့် ရုံးပရိဝုဏ်သစ် တည်ဆောက်ရေး အတွက် Apple ၏ အမှုဆောင်အရာရှိချုပ် စတိဂျော့က မြို့ကောင်စီတွင် ဇွန် ၇ ရက်နေ့က တက်ရောက် ရှင်းလင်းပြောကြားသည်။ လောလော ဆယ်တွင် Cupertino မြို့၌ Apple ၏ ရုံးအဆောက်အအုံများ ရှိနေသော်လည်း နေရာလုံလောက်မှု မရှိတော့ကြောင်း ဂျော့က ပြောကြားခဲ့သည်။ HP ထံမှ ၀ယ်ယူထားသော ဧက ၁၅၀ ကျယ်ဝန်းသည့် မြေပေါ်တွင် အလယ်၌ ကွက်လပ်ထားရှိပြီး အ၀ိုင်းပုံသဏ္ဍာန် လေးထပ် အဆောက်အအုံ တည်ဆောက်မည် ဖြစ်သည်။ ပရိဝုဏ်ထဲတွင် တစ်ပြိုင်နက်တည်း လူ ၃၀၀၀ စားသောက်နိုင်သော ကော်ဖီဆိုင် တစ်ခုလည်း ပါဝင်မည် ဖြစ်သည်။ ပရိဝုဏ်သစ် တည်ဆောက်ရေး အတွက် မြို့ကောင်စီထံမှ သဘောတူညီချက် မကြာမီ ရရှိမည်ဟု မျှော်လင့်ထားပြီး ရုံးပရိဝုဏ်သစ်သို့ ၂၀၁၅ ခုနှစ်တွင် ပြောင်းရွှေ့နိုင်ရန် ဂျော့က မျှော်လင့်ထားသည်။ လေးထပ်ရုံး အဆောက်အအုံသည် ဗိသုကာ လက်ရာတွင် အံ့သြဖွယ်တစ်ခု ဖြစ်လာမည် ဖြစ်ပြီး မှန်တစ်ချပ်ချင်းစီ အသုံးပြုမည် မဟုတ်ဘဲ ရုံးအတွက် မှန်ကွေးများကို အချပ်လိုက် အသုံးပြုမည် ဖြစ်သည်။
ရွှေမန်းမြို့ ကဖိုက်တာ
ရွှေမန်းမြို့ ကဖိုက်တာ

Posts : 20
Join date : 2011-06-15
Age : 33

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum