Mandalay Fighter Group
Would you like to react to this message? Create an account in a few clicks or log in to continue.

တော်ဝင်စင်တာ စိန်ရတနာဆိုင်မှ ရတနာများ (၇၈)သိန်းဖိုး အလိမ်ခံရ

Go down

တော်ဝင်စင်တာ စိန်ရတနာဆိုင်မှ ရတနာများ (၇၈)သိန်းဖိုး အလိမ်ခံရ Empty တော်ဝင်စင်တာ စိန်ရတနာဆိုင်မှ ရတနာများ (၇၈)သိန်းဖိုး အလိမ်ခံရ

Post  emolay Thu Jun 16, 2011 7:15 am

ဒဂုံမြို့နယ်၊ တော်ဝင်စင်တာ မြေညီထပ်တွင် ဖွင့်လှစ် ထားသော စိန်ရတနာဆိုင်မှ (၇၈)သိန်းတန် ရတနာပစ္စည်းကို အမည်မသိ အမျိုးသမီး တစ်ဦးက လိမ်လည်ရယူ သွားကြောင်း စုံစမ်း သိရှိရသည်။

ဖြစ်စဉ်မှာ ၂၀၁၁ ခုနှစ် ဇွန်(၄)ရက်၊ ညနေ ၆နာရီ အချိန်တွင် တော်ဝင်စင်တာ မြေညီထပ်တွင် ဖွင့်လှစ်ထားသော....စိန်ရတနာ အရောင်းဆိုင်သို့ အသက် (၅၀) ခန့်အရွယ်ရှိ အမျိုးသမီး တစ်ဦး ရောက်ရှိလာပြီး စိန်ရတနာပစ္စည်း ကြည့်ချင်ကြောင်း ပြောဆိုသဖြင့်ဝန်ထမ်းဖြစ် မ.....မှ ကျပ်(၇၈) သိန်းတန်ဖိုးရှိပစ္စည်း(၃) မျိုးအားပြသပေးခဲ့ကြောင်း၊ ၄င်း အမျိုးသမီးမှ (.....) ပိုးထည်တိုက်နှင့် မိတ်ဆွေဖြစ်ကြောင်း၊ ဈေးလျှော့ရောင်းချရန် ပြောပြီး ငွေကျပ်(၅) သိန်းစရံငွေပေး၍ ပစ္စည်းများအား အပေါ်ထပ် (....) ပိုးထည်ဆိုင်သို့ လာပို့ရန် ပြောသဖြင့် ဝန်ထမ်း အမျိုးသမီးတစ်ဦးမှ ပစ္စည်း (၃)မျိုးယူ၍ (...) ပိုးထည်ဆိုင် ရှေ့တွင် ထိုင်နေသည့် ၄င်း အမျိုးသမီး အားပေးခဲ့ကြောင်း၊ အဆိုပါ အမျိုးသမီးမှ ခဏစောင့်နေ၊ ငွေ သွားယူမည်ပြောပြီး ပစ္စည်းအိတ်ယူသွားကြောင်း၊ လိုက်လံ ရှာဖွေရာ မတွေ့တော့သဖြင့် တိုင်တန်း အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အမှု နှင့်ပတ်သက်၍ ဒဂုံရဲစခန်းမှ(ပ) ၉၉/ ၂၀၁၁၊ ပုဒ်မ-၄၂၀ ဖြင့်အမှုဖွင့် ၍အရေးယူ ဆောင်ရွက်နိုင် ရန် စီစဉ်လျက် ရှိကြောင်း သိရှိရသည်။



*

emolay
emolay

Posts : 114
Join date : 2011-06-12
Age : 29

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum