Mandalay Fighter Group
Would you like to react to this message? Create an account in a few clicks or log in to continue.

ဝိုင်းဝန်း ရိုက်သတ်ခဲ့ သည်ဆိုမှု အရေးယူထား

Go down

ဝိုင်းဝန်း ရိုက်သတ်ခဲ့ သည်ဆိုမှု အရေးယူထား Empty ဝိုင်းဝန်း ရိုက်သတ်ခဲ့ သည်ဆိုမှု အရေးယူထား

Post  emolay Thu Jun 16, 2011 7:15 am

မုန့်ဟင်းခါးဖိုးငွေ မပေးသဖြင့် ဝိုင်းဝန်း ရိုက်သတ် ခဲ့သည်ဆိုမှု အင်းစိန်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်။ မေလ (၂၂) ရက်နေ့ နံနက် ၃း၅၅ အချိန်ခန့်က အင်းစိန် ရဲစခန်းမှ ဒုရဲအုပ် သိန်းကျော်နှင့်အဖွဲ့သည် လှည့်ကင်း ဆောင်ရွက်နေစဉ် အင်းစိန်ပန်း ခြံအနီးရှိ လမ်းသစ်လမ်းနံဘေးတွင် (အသက်၄၀) အရွယ် အမျိုးသား တစ်ဦး၏ အလောင်းတွေ့ရှိသဖြင့် စုံစမ်းခဲ့သည်။ စုံစမ်းချက်အရ မေလ (၂၁) ရက်နေ့ ည (၁၁) နာရီအချိန်ခန့်က အင်းစိန်မြို့နယ်နေ ရာဂျူး(ခ)အောင် သန်းရောင်းချသည့် မုန့်ဟင်းခါးအား သေဆုံးသူ အမျိုးသားက စားပြီး မုန့် ဟင်းခါးဖိုး မပေးသဖြင့် ရာဂျူး(ခ) အောင်သန်းနှင့် အနီးရှိ ဆိုက်ကား နင်းသူ ဋ္ဌေးဝင်း (၃၅) နှစ်တို့က ဝိုင်းဝန်းထိုး ကြိတ်ရိုက်နှက်ခဲ့ သဖြင့် လဲကျသေဆုံး ခဲ့ကြောင်း ဆိုသည်။ သက်ဆိုင်ရာက (ပ)၉၇၃/၁၁ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အရေးယူထား ကြောင်း သိရသည်။
emolay
emolay

Posts : 114
Join date : 2011-06-12
Age : 29

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum