Mandalay Fighter Group
Would you like to react to this message? Create an account in a few clicks or log in to continue.

မေ ၂၀ မှ ၂၅ ရက် အတွင်း မိုးကြိုး ပစ်ခံရ၍ သေဆုံးသူ သုံးဦး ရှိ

Go down

မေ ၂၀ မှ ၂၅ ရက် အတွင်း မိုးကြိုး ပစ်ခံရ၍ သေဆုံးသူ သုံးဦး ရှိ Empty မေ ၂၀ မှ ၂၅ ရက် အတွင်း မိုးကြိုး ပစ်ခံရ၍ သေဆုံးသူ သုံးဦး ရှိ

Post  emolay Thu Jun 16, 2011 7:18 am

ရခိုင်ပြည်နယ်တွင် မိုးကြိုး ပစ် ခံရသဖြင့် ၂၀၁၀ခုနှစ်တွင် ၁၀ဦး ခန့်သေဆုံးခဲ့ပြီး ၂၀၁၁ခုနှစ် မေလ ၂၀ ရက်မှ ၂၅ ရက် အတွင်း မိုးကြိုး ပစ်ခံရ၍ သေဆုံးသူ သုံးဦး ရှိခဲ့ကြောင်း သိရ သည်။

၎င်း သေဆုံးသူများနှင့် ဖြစ်စဉ် များမှာ ၂၀-၅-၂၀၁၁ရက် မွန်းလွဲ ၂နာရီ မာန်အောင်မြို့၊ ခအုန်းမောင် ကျေးရွာနေ ပြည့်ဖြိုးအောင် (၁၉) နှစ် (ဘ)ဦးမောင်ချေ၊ ရေလုပ်သား သည် ပင်လယ်ကမ်းစပ်တွင်ဇနီး၊ ရွာသား ငါးဦးနှင့်အတူ ကရောင်း (ရခိုင်အခေါ်ဂျင်း) ရာနေစဉ် မိုးကြိုး ပစ်၍ သေဆုံးသွားခဲ့သဖြင့် မာန် အောင်ရဲစခန်းက သေမှုသေခင်း အမှတ်စဉ်(၂/၁၁) အရ လည်းကောင်း၊ မေလ ၂၂ရက် ညဥ့် ၉နာရီတွင် ကျောက်တော်မြို့နယ်၊ ပိုက်ခွင်ကျေး ရွာနေ မောင်မြဝင်း (၁၈)နှစ် (ဘ) ဦးစောသာထွန်း ကျဘမ်းလုပ်သား ငါးရှာနေစဉ် မိုးကြိုးပစ် သေဆုံးသဖြင့် ကျောက်တော်မြို့နယ် အပေါက်ဝရဲစခန်းကသေမှုသေခင်း အမှတ်စဉ်(၄/၁၁)အရလည်းကောင်း၊ မေလ ၂၅ရက် ညနေ ၄နာရီအချိန် ရမ်းဗြဲမြို့နယ် ပြင်ချောင်းကြိုအုပ်စု၊ နားတောင်ကျေးရွာ အရှေ့ဘက် ၃မိုင်ခန့်အကွာ၊ ပြင်ချောင်းကြီးပိုက် ဆိပ်နေ မအေးအေးသန်း (၃၂)နှစ် (ဘ)ဦးဘဝင်း မှီခိုမှာ တဲ၏ မီးဖိုခန်း တွင် ထမင်းချက်နေစဉ် မိုးကြိုးပစ် သေဆုံးသဖြင့် ရမ်းဗြဲရဲစခန်းက သေမှုသေခင်း အမှတ်စဉ်(၅/၁၁) အရလည်းကောင်း ရေးဖွင့်ထားရှိပြီး စုံစမ်းစစ်ဆေးလျက် ရှိကြကြောင်း သတင်းရရှိပါသည်။
emolay
emolay

Posts : 114
Join date : 2011-06-12
Age : 29

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum