Mandalay Fighter Group
Would you like to react to this message? Create an account in a few clicks or log in to continue.

ယီမင်သို့ သမ္မတ ဆာလက်ဟ် ပြန်လာဖွယ်ရှိ

Go down

ယီမင်သို့ သမ္မတ ဆာလက်ဟ် ပြန်လာဖွယ်ရှိ Empty ယီမင်သို့ သမ္မတ ဆာလက်ဟ် ပြန်လာဖွယ်ရှိ

Post  Admin Mon Jun 13, 2011 4:33 pm

ယီမင်သို့ သမ္မတ ဆာလက်ဟ် ပြန်လာဖွယ်ရှိ Gg10

သမ္မတ နန်းတော်တွင် တိုက်ခိုက်ခံရမှုကြောင့် ခန္ဓာကိုယ်တွင် ၄၀ ရာခိုင်နှုန်းကျော် လောင်ကျွမ်းခြင်း၊ အဆုတ်ပျက်စီးခြင်း၊ ဦးခေါင်းမှ သွေးယိုစီးခြင်း စသည့် ဒဏ်ရာများ ရရှိခဲ့သော ယီမင်သမ္မတ ဆာလက်ဟ်သည် ဆော်ဒီတွင် ခွဲစိတ်ကုသမှု ခံ ယူအပြီး နိုင်ငံသို့ မကြာမီ ပြန်လာဖွယ် ရှိကြောင်း သိရသည်။

နိုင်ငံကို ဆယ်စုနှစ် သုံးခုကြာ အုပ်စိုးလာခဲ့သော ဆာလက်ဟ်သည် နိုင်ငံသို့ ပြန်လာသည် ဖြစ်စေ၊ ပြန်မလာသည် ဖြစ်စေ အာဏာကို ဆာလက်ဟ် ထပ်မံ မဆုပ်ကိုင်နိုင်ရေး အတွက် ကြိုးပမ်းသွားမည်ဟု အတိုက်အခံတို့က ကြေညာခဲ့သည်။ ဇွန် ၄ ရက်တွင် ကြားဖြတ်သမ္မတ အဖြစ် တာဝန်ယူခဲ့သော ယီမင် ဒုတိယ သမ္မတ အက်ရာဘူမန်ဆိုအာဟာဒီထံ အာဏာလွှဲပေးရန် အတိုက်အခံ ညွန့်ပေါင်း JMP မှ မိုဟာမက်ဒ်အယ်လ်မူတာဝါကီလ်က အာဏာရ General People's Congress ပါတီကို ဇွန် ၈ ရက်တွင် အကြောင်းကြားခဲ့သည်။ တစ်ပတ်အတွင်း လွှဲမပေးပါက အသွင်ကူးပြောင်းရေး လွှတ်တော်ကို သီးခြား ခေါ်ယူမည် ဖြစ်ကြောင်း အသိပေးခဲ့သည်။

''ဆာလက်ဟ် ပြန်လာတဲ့ကိစ္စထက် အရေးကြီးတာက အာဏာရပါတီ အနေနဲ့ အာဏာလွှဲပေးဖို့၊ ပင်လယ်ကွေ့ကောင်စီရဲ့ အဆိုပြုချက်ကို အသက်ဝင်အောင် လုပ်ဆောင်ဖို့ပါ''ဟု အယ်လ်မူတာဝါကီလ်က ပြောကြားသည်။

ဆာလက်ဟ် အနေဖြင့် ပြန်လာပါက အရေးကြီးသည်မှာ ရာထူးမှ နုတ်ထွက်ရေးနှင့် အာဏာလွှဲပေးရေး သဘောတူညီချက်ကို ယီမင်တွင် ဖြစ်ဖြစ်၊ ဆော်ဒီတွင် ဖြစ်ဖြစ် လက်မှတ်ထိုးရန် ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ အလီဆစ်ဖ်ဟာဆန်က ပြောကြားသည်။ ယီမင်အစိုးရ ၀က်ဘ်ဆိုက်တွင်မူ ဆာလက်ဟ် ပြန်လာသည်ကို ကြိုဆိုရန် အတွက် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ဖော်ပြခဲ့သည်။ ယီမင်ပြည်သူ ၄၀ ရာခိုင်နှုန်းကျော်မှာ တစ်နေ့ နှစ်ဒေါ်လာအောက် ၀င်ငွေဖြင့် ရှင်သန်နေရပြီး လူဦးရေ သုံး ပုံတစ်ပုံခန့်မှာ ငတ်မွတ် ခေါင်းပါးခြင်းနှင့် ရင်ဆိုင်နေရသည်။


ELEVEN MEDIA GROUP မှကူးယူဖော်ပြသည်...

Admin
Admin

Posts : 82
Join date : 2011-06-11
Age : 33
Location : Mandalay

https://mmts.forumotion.com

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum