Mandalay Fighter Group
Would you like to react to this message? Create an account in a few clicks or log in to continue.

နွေးထက်စံ နှင့် လတ်တလော စိတ်ကြိုက်ဖက်ရှင်

Go down

နွေးထက်စံ နှင့် လတ်တလော စိတ်ကြိုက်ဖက်ရှင် Empty နွေးထက်စံ နှင့် လတ်တလော စိတ်ကြိုက်ဖက်ရှင်

Post  Admin Tue Jun 14, 2011 2:04 pm

နွေးထက်စံ နှင့် လတ်တလော စိတ်ကြိုက်ဖက်ရှင် Ae10
ယခုတစ်ပတ် လတ်တလော စိတ်ကြိုက်ဖက်ရှင်ကဏ္ဍ ရိုက်ကူးရန်အတွက် ရွေးချယ်ထားသည့် မော်ဒယ်လ်က Miss Chirstmas ဆုရရှိထားပြီး ဂျာနယ်မဂ္ဂဇင်း စာမျက်နှာများထက်တွင်သာ တွေ့မြင်နေရသူ မော်ဒယ်လ် နွေးထက်စံပင် ဖြစ်သည်။ နွေးထက်စံရွေးချယ်ခဲ့သည့် လတ်တလောစိတ်ကြိုက်ဖက်ရှင်မှာ “နွေး ဒီကဏ္ဍလေးအတွက် ရွေးချယ်ထားတဲ့ဖက်ရှင်ကတော့ ဂါဝန်အရှည် ဒီဇိုင်းလေးရယ်၊ အီမိုဆန်ဆန် ဖက်ရှင်ဒီဇိုင်းလေး ရယ်ပါ။ အခုတလော နွေးဂါဝန်အရှည်လေးတွေ ၀တ်ရတာ ကိုကြိုက်နေတယ်။ ဒါကြောင့် ဂါဝန်အရှည်လေးကို ဒီကဏ္ဍလေးအတွက် ရွေးချယ်ဖြစ်တာပါ။ ဂါဝန်အရှည်လေးက အဖြူနဲ့အနက်ပေါ်မှာ ဖဲပြားလေးကို အလှဆင်ထားတာပါ။ ဖိနပ်ကိုတော့ ဂါဝန်နဲ့လိုက်ဖက်တဲ့ ရှူးအမည်းလေးရွေးချယ် စီးထားပါတယ်။ မိတ်ကပ်နဲ့ဆံပင်ကတော့ ကိုယ်တိုင်ပဲ ပြင်ထားတာပါ။ မိတ်ကပ်က သိပ်အများကြီးပြင်ရတာကို မကြိုက်တော့ ခပ်ပါးပါးပဲ လိမ်းထားပြီး ဆံပင်ကတော့ အလိပ်လေးတွေအောက်နားမှာ လိပ်ထားပါတယ်။ ဒီ ၀တ်စုံတစ်စုံလုံးကို ခြုံပြီးပြောရရင်တော့ ရိုးရှင်းတဲ့ ပွဲတက်ဝတ်စုံဒီဇိုင်းလေးပါ။

နောက်တစ်စုံကတော့ ပထမ၀တ်စုံနဲ့ လုံးဝကွဲပြားတဲ့ အီမိုပုံစံလေး ၀တ်ဆင်ထားပါတယ်။ ဒီဝတ်စုံလေးမှာ အမည်းရောင် ကြိုးတစ်လုံးကိုအပေါ်က လည်သာအပြောင် အမည်းရောင်ကုတ်အင်္ကျီ လေးထပ်ဝတ်ထားပါတယ်။ အဲဒါကိုအောက်က စတော့ကင်းအမည်း အရှည်လေးနဲ့ တွဲဝတ်လိုက်တဲ့အခါလူငယ်ဆန်တဲ့ အီမိုဆန်ဆန်ဖက်ရှင် ဒီဇိုင်းလေးဖြစ်သွားစေပါတယ်။ ဖိနပ်ကိုတော့ ကြိုးသိုင်းဒေါက်အမြင့်လေးစီးဖြစ်ပါတယ်။ accessoriesတွေ ကိုလည်း ၀တ်စုံနဲ့လိုက်ဖက်တဲ့ အနက်ရောင် accessories တွေကို ရွေးဝတ်ထားပါတယ်။ ဒီဝတ်စုံ တစ်စုံလုံးကို ခြုံပြောရရင်တော့ လူငယ်ဆန်တဲ့ ဖက်ရှင်ဒီဇိုင်းလေးပါ”ဟု နွေးထက်စံကပြောပြခဲ့သည်။

ဖက်ရှင် စိတ်ကူးများနှင့် ပတ်သက်၍လည်း “ဖက်ရှင်ဒီဇိုင်းနဲ့ပတ်သက်လို့ကတော့ နွေး ငယ်ငယ်က တည်းက စိတ်ဝင်စားခဲ့တာ။ ဒါကြောင့် ကိုယ်နဲ့လိုက်ဖက်တဲ့ဖက်ရှင် မျိုးလေးတွေကို အမြဲစဉ်းစားဖြစ်တယ်။ နွေးရဲ့မျက်နှာက အရမ်းကြီးမြန်မာမဆန်တော့ ခေတ်ဆန်တဲ့ဒီဇိုင်းလေးတွေ ၀တ်ဖြစ်တာ ပိုများတယ်။ ဖက်ရှင်ဆိုတာကတော့ ၀တ်ဆင်တဲ့သူအပေါ်မှာ ပဲမူတည်ပါတယ်။ သူများနဲ့လှနေပေမယ့် ကိုယ်ဝတ်ထားရင် လှချင်မှလှမှာလေ။ ဒါကြောင့် ကိုယ်နဲ့လိုက်ဖက်ပြီး လှပတဲ့ပုံစံဖြစ်အောင်တော့ စဉ်းစား ရွေးချယ်ရတာပေါ့။ မော်ဒယ်လ်တစ် ယောက်ဖြစ်လာတော့ ဓာတ်ပုံရိုက်၊ ကြော်ငြာရိုက်တွေ ရှိလာတာကြောင့် ဖက်ရှင်ဒီဇိုင်းဘက်ကို ပိုပြီးစဉ်းစားရွေး ချယ်ဖြစ်လာပါတယ်” ဟု နွေးထက်စံ က ဆက်လက်ပြောပြသွားခဲ့သည်။

ယခုတစ်ပတ် လတ်တလော စိတ်ကြိုက်ဖက်ရှင်ကဏ္ဍအတွက် ချစ်စဖွယ်လှပသည့်ဂါဝန်ရှည်ဒီဇိုင်းနှင့် လူငယ်ဆန်ဆန် ပေါ့ပါးခေတ်မီသည့် အီမိုဖက်ရှင် ဒီဇိုင်းနှစ်မျိုးနှင့်မတူ ကွဲပြားစွာ ပါဝင်ပုံဖော်ပေးခဲ့သည့် နွေးထက်စံ၏ ရွေးချယ်မှုအား ကျေနပ်မည်ဟုမျှော်လင့်ရင်း ..

ELEVEN MEDIA GROUP မှ ကူးယူဖော်ပြသည်။

Admin
Admin

Posts : 82
Join date : 2011-06-11
Age : 33
Location : Mandalay

https://mmts.forumotion.com

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum