Mandalay Fighter Group
Would you like to react to this message? Create an account in a few clicks or log in to continue.

အစက ပြောသားနဲ့

Go down

အစက ပြောသားနဲ့ Empty အစက ပြောသားနဲ့

Post  emolay Tue Jun 14, 2011 4:11 pm

ကျနော်နဲ့ကျနော့်မိန်းမ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို အလည်ရောက်ခဲ့စဉ်ကပေါ့။
တည်းခိုတဲ့နေရာကလည်း ပဲရစ်မြို့ရဲ့နာမည်ကျော် "ချစ်သူလမ်းကြား" အနီးကဟိုတယ်တစ်ခုမှာလေ။
ညနေစောင်းလဲရောက်ရော ကျနော့်ဇာတိကပြလာတယ်၊ အဲဒီ "ချစ်သူလမ်းကြား" ထဲကို
သွားကြည့်ချင်တာလေ။ ဝါသနာပါတာကိုး။
ဒါနဲ့ မိန်းမကိုလှည့်ပတ်ပြောခဲ့ပြီး သူ့ကို ဟိုတယ်အခန်းမှာ ခဏထားခဲ့လိုက်တယ်၊
ပြီးတာနဲ့ ချစ်သူလမ်းကြားတလျှောက် အစုံအဆန်လိုက်ကြည့်မိတယ်... ...
အားပါးပါး...မိန်းမလှလေးတွေဗျာ၊ ပလက်ဖောင်းပေါ်မှာ၊ တိုက်နံရံဘေးမှာ၊
လှေခါးအဆင်းနေရာလေးတွေမှာ...ပေါမှပေါ ချောမှချော။
အသားလေးတွေများ ဝင်းစိုအိဖတ်နေလိုက်တာ..ခြေသလုံးလေးတွေဆိုရင်
ပြေးပြေးဟပ်လိုက်ချင်တယ်..တကယ်။
မနေနိုင်တာနဲ့ ကောင်မလေးတစ်ယောက်ကို ကပ်ပြီး မေးကြည့်လိုက်တယ်...

"မိန်းကလေး...ဘယ်ဈေးလဲကွ"

"ရိုးရိုးဆိုရင် ဒေါ်လာ ၂၀၀၊ အစုံဆိုရင် ဒေါ်လာ ၂၅၀"

"ဟင်...အဲလောက်တောင် ဈေးကြီးတာလား၊ ငါက ၂၅ ဒေါ်လာလောက်ဘဲထင်နေတာ"

"အဲဒါဆိုရင်တော့ ...ရှင် ဟိုဘက်တစ်လမ်းကျော်ကိုသွား၊
အဲဒီမှာ ၂၅ ဒေါ်လာတန်တွေရှိတယ်၊ဒါပေမဲ့ စုတ်ပြတ်နေတာတွေဘဲ ရမှာနော်"

"အော်...အေးပါကွာ၊ မသွားတော့ပါဘူး၊ ပြန်တော့မယ်"

"ကြွ...ကြွ"

ဟူး...မလွယ်ဘူး၊ သွားပြီး စပ်စုမိတာ အကောခံလိုက်ရတာ အဖတ်တင်တယ်။
အခန်းပြန်မှ။

ဒါနဲ့ ဟိုတယ်ကိုပြန်၊ ရေမိုးချိုး၊ မိန်းမကို လက်ဆွဲပြီး
နှစ်ယောက်သားညစာစားဖို့ လမ်းမအတိုင်း ဆိုင်လိုက်ရှာရွေးနေတုန်း
ကံများဆိုးချင်တော့ ခုနက မိန်းကလေးနဲ့ မျက်နှာခြင်းဆိုင်တိုးပါလေရောဗျာ။
သူကလည်းမှတ်မိတယ်၊ မှတ်မိတာထက်ဆိုးတာက သူ ပြောလိုက်တဲ့ စကားဗျ... ...

"အော်..ခုတော့ ၂၅ ဒေါ်လာတန်ကြီး မ, လာတယ်ပေါ့လေ၊
ကျွန်မ မပြောဘူးလား၊စုတ်ပြတ်နေတာပါလို့"
emolay
emolay

Posts : 114
Join date : 2011-06-12
Age : 29

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum