Mandalay Fighter Group
Would you like to react to this message? Create an account in a few clicks or log in to continue.

အချစ်အတွက်လောင်းကြေး

Go down

အချစ်အတွက်လောင်းကြေး Empty အချစ်အတွက်လောင်းကြေး

Post  ရွှေမန်းမြို့ ကဖိုက်တာ Wed Jun 15, 2011 3:00 am

ဒီနေ့တော့ကျွန်တော်စောစောပင်လက်ဖက်ရည်ဆိုင်ကိုထွက်လာခဲ့တယ် ဆိုင်လဲရောက်ရောလူတောင်ဆုံနေဗီ စိုးကြီးက လာဟေ့ကောင်ထိုင် ဒီနေ့တော့မင်းတွေ့ရမှာပါ.. သူကမနက်မနက်ဆိုဘယ်သွားလို့လဲကွ သူကဆရာမကွ ကျောင်းဆရာမတော့
မဟုတ်ဘူးကွာ ကိုက်သဘောမျိုးပေါ့ကွာ အော် မလာသေးဘူးလားကွ လာတော့မှာပါ လက်ဖက်ရည်တစ်ငုံသောက်လိုက်တယ်
ဖိုးချစ်က ကိုသားကြီး ဘာတုန်းကွ လန့်လိုက်တာကွာ ဟိုမှာလာနေပီ ကျွန်တော်နောက်ကျောဘကလည့်ကြည့်လိုက်တယ်
ကျွန်တော်မျက်လုံးများမှားသလားဆိုပီးသေချာမျက်လုံးကိုပွတ်ကြည့်မိသည်..ဟုတ်တယ် သူမှသူအစစ် ကျွန်တော်ပျော်သွားတယ်
ဟေ့ကောင်တွေမင်းတို့ပြောတာသူလား ဟုတ်ပါ့ကွာ သူဘဲ ဘယ်လိုလဲမင်းမျောသွားပီမဟုတ်လား ကျွန်တော်ဘာမှမပြော သူ့ကိုပင်စိုက်ကြည့်နေမိတယ် သူကတော့ထုံစံအတိုင်းသုတ်သုတ်နဲ့ဘဲ ကျွန်တော်တို့ကိုကျော်သွာလေ၇ဲ့
မင်းစိုးက ဟေ့ကောင် အသက်လေးဘာလေးရှုအုံး ဟာလန့်တာကွာ မင်းကလဲ ငါကသူ့ကိုမှတ်မိအောင်သေချာကြည့်နေတာပါကွ
ထားပါတော့ မင်းဘယ်တော့စလိုက်မှာလဲပြော အေး မနက်ဖြန် မင်းတို့ကိုတစ်ခုတော့သတိပေးထားရအုံးမယ် တကယ်လို့သူနဲ့ငါနဲ့
ချစ်သူတွေဖြစ်သွားရင်ငါတို့လောင်းထားတဲ့ကိစ္စကိုမပြောပြကြေးနော် သဘောတူလား အေးတူတယ်ကွာ အိုကေ ဒါဆိုစပီ
နောက်နေ့တွေကကျွန်တော့်အတွက်အလုပ်တစ်ခုရနေပီဖြစ်သည် မနက်ဆို ၆း၀၀ ထိုးတာနဲ့နိုးနေပြီူဖြစ်သည်..
ကျွန်တော်သူမလာရာလမ်းထိပ်တွင်စောင့်နေမိသည်.. ၆း၄၅ လောက်ကျတော့သူမကိုတွေ့လိုက်ပါဗီ ကျွန်တော်ရဲ့မနက်ခင်းကအားလုံးပြည့်စုံသွားလေပီ..နောက်တော့သူမကိုစကားဝင်ပြောဖို့အတွက်ကျွန်တော်အကြံအမြန်ထုတ်ရသည်
ဟုတ်ပီ ကျွန်တော်သူမအနားကိုကပ်သွားလိုက်တယ် ဟိတ် အမလေး ဆော်ရီးနော် လန့်သွာတာလား ကျွန်တော်ကိုမှတ်မိလား
အော်အကို မှတ်မိတယ် ညီမအကို့ကိုတောင်သတိရနေတာ ဗျာ ကျွန်တော့်ကို ဟုတ်တယ်လေအကိုရ အကို့ဖိနပ်လေးပြန်ပေးချင်လို့လေ အော် ဟုတ်ကဲ့ရပါတယ် ခါတိုင်းနေ့တွေကထည့်လာတယ် အကိုရဒီနေ့တော့မပါလာဘူး
ဒီလိုလုပ်အကိုရာ မနက်ဖြန်ဒီအချိန်လောက်အကိုဒီမှာစောင့်နေလေ ညီမယူလာခဲ့ပေးမယ် ဖြစ်တယ်မဟုတ်လား ဖြစ်တာပေါ့
ရပါတယ်ညီမအဆင်ပြေသလိုပေါ့ ဒါနဲ့အခုကောဘယ်ကိုသွားမှာလဲ မြို့ထဲသွားမှာအကိုရဲ့ ဒါဆိုအတော်ဘဲ အကိုလဲမြို့ထဲသွားမှာ အတူတူသွားမယ်လေနော် ကောင်မလေးတစ်ချက်တော့တွေသွားတယ် နောက်ဟုတ်သွားလေ
ကျွန်တော်ပျော်သွားတယ် ဒီလိုနဲ့လမ်းထိပ်ကိုရောက်လာခဲ့တယ် ကိုသန်းဝင်းတို့ဆိုင်ရှေ့လဲရောက်ရောဟိုကောင်တွေများကျွန်တော့်ကို ပါးစပ်အဟောင်းသားနဲ့ဗျာ ကျွန်တော်ရီချင်တာမနည်းအောင့်ထားရတယ်...ဒီလိုနဲ့ဘတ်စ်ကားမှတ်တိုင်မှာကားစောင့်နေတာပေါ့ဗျာ အဲဒိအထိကျွန်တော်တို့စကားမပြောဖြစ်သေးဘူးဗျ..ကားကလည်းလာနေပီ ဟိုလေ ဘာကားစီးမှာလဲ ရတယ်ဒီကားဘဲစီးတော့မယ် ကျွန်တော်လဲလိုက်တက်ရတော့တာပေါ့ ကျွန်တော်ကဘဲကားခပေးလိုက်ပါတယ် သူကပြောသေး
တယ်အကိုကလဲအားနာစရာတဲ့ ကျွန်တော်ရီပြလိုက်တယ် ..
ကားကလည်းကျပ်နေတာနဲ့စကားမပြောဖြစ်ပါဘူးဗျာ မြို့ထဲတောင်ရောက်လာလေပီ ဟိုလေ ဘယ်မှာဆင်းမှာလဲအကိုက အဲကျွန်တော်ဘာပြောရမှန်းမသိဘူး ဟိုလေအဲဒါကဒီလိုဗျ ကျွန်တော်ကစာအုပ်တစ်အုပ်လာရှာတာဗျ ကွန်ပျူတာနဲ့ပတ်သတ်တဲံစာအုပ်ပေါ့ဗျာ ရတယ်ဘယ်မှာဆင်းဆင်းရတယ် မြို့ထဲမှာကပေါတယ်လေ စာအုပ်ဆိုင်က ညီမကကော ညီမကပန်းဆိုးတန်းဆင်းမှာ ကျွန်တော်လဲအဲဒိမှာဘဲဆင်းမယ်လေ ရှင် အော် ဒီလိုပါ ပန်းဆိုးတန်းမှာစာအုပ်ဆိုင်
တွေပေါတယ်လေ အဲဒိမှာရှာတော့ပိုလွယ်တာပေါ့ ကောင်မလေးကယုံပုံတော့မရဘူး ဟုတ်ကဲ့လို့တော့ပြောတာဘဲ ပန်းဆိုးတန်းရောက်ပါဗီ အကိုညီမသွားတော့မယ်နော် ခဏ ဘာဖြစ်လို့လဲအကို ဟိုလေ မိတ်ဖြစ်ဆွေဖြစ်ပေါ့တစ်ခုခုစားပါလား
ကျွန်တော်ကျွေးပါ့မယ် အကိုဟိုလေ ညီမအချိန်မရတော့လို့ နောက်မှဘဲ သွားပီနော်အကို
ကျွန်တော်လဲဘာမှကိုပြောချိန်မရလိုက်ဘူး..ဟူး.........ကျွန်တော်လဲပြန်လာခဲ့လိုက်တယ် ဆိုင်လဲရောက်ရာဟိုကောင်တွေကကျွန်တော့ကိုအတင်းကိုမေးတော့တာဘဲ မင်းဘယ်လိုတွေစည်းရုံးလိုက်တာလဲ မြန်လှချည်လား ဘာညာ ပေါ့ ကျွန်တော်လဲဘာမှမပြောဘူး ကျဆိမ့်လေးကိုသောက်ပီ မနက်ဖြန်အတွက် အစီအစဉ်ကိုအကွတ်ချနေလိုက်တယ် ဟေ့ကောင်ဖြေလေကွာ မင်းကလဲ အချိန်တန်တော့သိရမှာပေါ့ လျှို့ဝှက်အပ်တဲ့အရာဆိုတာလျှို့ဝှက်ရတယ်ကွ စိုးကြီးရ ဟားဟား မင်းတို့ပိုက်ဆံ စုထားတော့ကွ ဟားဟား
နောက်တစ်နေ့ ကျွန်တော်အစောကြီးသူမကိုစောင့်နေမိတယ် ဟောသူမလာပါဗီ ကျွန်တော့်ကိုပြုးပီနှုတ်ဆက်တယ်
ကြာပီလားအကို မကြာသေးပါဘူး ဟဲဟဲ ရော့ဒီမှာအကိုယ့်ဖိနပ် အဲဒိနေ့ကအတွက်တကယ်ကျေးဇူးတင်တယ်သိလား
ရပါတယ်ဗျာ ကျေးဇူးတင်စရာမလိုပါဘူး ကျွန်တော်ကညီမမှမဟုတ်ပါဘူး တခြားသူဆိုရင်လဲကူညီရမှာပါဘဲ ကောင်မလေးကရီတယ်ဗျ..ဒါပေမဲ့လည်းဒါကျေးဇူးတင်သင့်တာဘဲမဟုတ်ဘူးလား ဟုတ်ပီဒါဆိုကျေးဇူးတင်ရင် ကျွန်တော့်ကိုကော်ဖီတိုက်မလား..ရှင် အော်ဟုတ်တိုက်ပါတယ် အကိုရဲ့ အိုကေဒါဆိုသွားမယ် ဘယ်ကိုသွားမှာလဲအကိုရဲ့
ကော်ဖီဆိုင်လေ ဟာအကိုကလဲအခုညီမမအားသေးဘူး ဒီလိုလုပ်ညနေ 5း00 အကိုမြို့ထဲကိုလာခဲ့ ပန်းဆိုးတန်းက moon bakery မှာစောင့်နေ ညီမလာခဲ့မယ် အိုကေ ကျွန်တော်စောင့်နေပါ့မယ်.. ညနေကျွန်တော်သွားစောင့်နေလိုက်တယ် 53း0 သွားတယ်ရောက်မလာသေးဘူး ငါ့ကိုပုံပြောသွားတာလားပေါ့ တစ်ခါမှကျွန်တော်ဒီလိုမျိုးမစောင့်ပါဘူး မိန်းကလေးတစ်ယောက်ဆိုပိုတောင်ဆိုးသေးတယ် ဒါပေမဲ့ကျွန်တော်စောင့်နေမိတယ် 6း00 63း0 7း00 သူမရောက်မလာခဲ့ဘူး ကျွန်တော်လဲလည့်ထွက်လာလိုက်တယ် စိတ်ထဲမှာတော့တစ်မျိုးကြီးဖြစ်နေတယ် တစ်ခုခုကိုမကျေနပ်သလိုမျိုးပေါ့ အဲဒိနေ့ကကျွန်တော်အိပ်လိုမရဘူးဗျာ သေချာတာကတော့ကျွန်တော့သူ့ကိုချစ်နေမိတာဘဲ
ဖြစ်တယ်..မိုးလင်းခါင်္နီးလောက်မှာကျွန်တော်အိပ်ပျော်သွားနတယ်ဗျာ နိုးတော့ 8း00 ကျော်နေပီ ကမန်းကတန်းထပီး ကျွန်တော်လမ်းထိပ်ကိုပြေးတာပေါ့ သူမကိုတွေ့လို့တွေ့ငြားပေါ့ ကိုယ့်လူရေကံတရားကကျွန်တော့ဘက်မှာရှိတယ်ဗျ ကောင်မလေးကမတ်တပ်ကလေးရပ်နေတယ် ကျွန်တော်ပြေးသွားမိတယ်.အကိုမနေ့က စောင့်နေလားဟင် အင်း ညီမတောင်းပန်ပါတယ်အကို ကျောင်းမှာကျောင်းသားတွေကအရေးကြီးတာနဲ့သူတို့အတွက်အချိန်ပိုသင်ပေးနေရလို့ပါ ညီမလေအကို့ကိုအားနာလိုက်တာ ဟိုလေဒီကနံမယ်ဘယ်လိုခေါလဲ ကျွန်တော်တို့သိတာကြာပီနံမယ်မသိသေးဘူး ကျွန်တော်
ကနေသူရိန် ပါ ညီမက မေငြိမ်းချမ်းစိုး ပါ မနေ့ကကိစ္စအတွက်တောင်းပန်ပါတယ်နော် ကျွန်တော်ပြုးလိုက်သည် ရပါတယ်မေရဲ့ ရှင် ကျွန်တော်လွတ်ခနဲထွက်သွားမိသည်သူမနံမယ်ကို မေ လို့ ကျွန်တော့်စိတ်ကူးထဲမှာချစ်သူဖြစ်ရင်ခေါချင်တာပါ ဟိုလေ နံမယ်ကရှည်တော့သိပ်မမှတ်မိတာနဲ့ မေ လို့ဘဲခေါလိုက်တာ
အော် ဟိုလေ မနေ့ကကိစ္စကိုတောင်းပန်တဲ့အနေနဲ့ ဒီနေ့တော့ဆက်ဆက်တိုက်ပါ့မယ် လာမယ်မဟုတ်လား ဟုတ်ကျွန်တော်မျိုးကြီးလာခဲ့ပါ့မယ် အကိုကလဲနောက်နေပြန်ပါဗီ အဲဒါပြောချင်လို့အကို့ကိုစောင့်နေတာ ကျွန်တော်လွတ်ပျော်သွားတယ်..ညီမသွားပီနော်အကို ညနေလာခဲ့နော် အိုကေ
ဒီနေ့တော့သူမရောက်လာတယ် အကိုဘာသောက်မလဲ ကော်ဖီ သူမကိုယ်တိုင်သွားယူလာတယ် အကိုကဘာလုပ်လဲ
အဲ ဟိုလေ လောလောဆယ်တော့အလုပ်မရှိသေးဘူးဗျ ကျောင်းကောပီးပီလား ပီးတာတော့ကြာပီ အင်း လူဆိုတာအလုပ်လေး
တော့ရှိသင့်တယ်အကိုရ ဘ၀ကိုအလုပ်နဲ့တည်ဆောက်ရတယ် ကျွန်တော်ငြိမ်ပီးသူမပြောသမျှတွေကိုနားထောင်နေမိတယ်
သူမပြောတာတွေကတော့အမျာကြီးပင်ဖြစ်သည် ကျွန်တော်ပြောနေရင်တော်တော်ရှည်နေပါလိမ့်မည် စာဖတ်သူတွေကမေတ္တာ ပို့နေပေလိမ့်မည်..ကျွန်တော်လိုရင်ဘဲရေးပါတော့မည်.ဒီလိုနဲ့ သူမဆီကကျွန်တော်အခွင့်အရေးတစ်ခုတောင်းမိသည် အဲဒါကတော့ သူ့အလုပ်အသွားအပြန်ကျွန်တော်လိုက်ပို့ချင်တယ်ဟုဖြစ်သည် သူမကတော့ဘာလို့လဲဟုမေးခဲ့ဖူးတယ် အဲဒိအတွက်ကျွန်တော်မှာအဖြေမရှိခဲ့ပါ နောက်ဆုံတော့သူမကခွင့်ပြုခဲ့လေသည်.ဒီကြားထဲအခက်အခဲတွေင်္ကတော့အများ
ကြီးရှိခဲ့ပါတယ် သူ့မှာအကိုနှစ်ယောက်ရှိပါတယ် သူ့ညီမနဲ့ပတ်သတ်ပီး ကျွန်တော်တို့အုပ်စုနဲ့ ရန်တစ်ခါနှစ်ခါဖြစ်ခဲ့ဘူးလေသည်.ဒါတွေကသူနဲ့ကျွန်တော်နဲ့ချစ်သူဖြစ်ပြီးနောက်ပိုင်းတွင်ဖြစ်သည်. ဒီလိုနှင့်ကျွန်တော်ဘော်ဒါ
တွေကိုဖွင့်ပြောမိသည်.ငါသူ့ကိုတကယ်ကိုချစ်နေပီကွ ငါသူ့ကို မမြင်ရရင်ကိုမနေနိုင်လောက်အောင်ဖြစ်နေပီကွ စိုးကြီးက
ဒါဆိုမင်းဘာလုပ်မလဲ ငါဖွင့်ပြောတော့မယ်ကွာ
ကျွန်တော်သူမတို့သင်တန်းအောက်ကစောင့်နေမိတယ် ဟောသူမဆင်းလာပါဗီ အကိုရောက်နေတာကြာပီလား ဒီနေ့အကိုကော်ဖီတိုက်ရမှာနော် ညက မန်ယူ ရှုံးတယ် ထိုကဲသို့လဲရှိခဲ့ဖူးတယ် သူမကလဲမန်ယူ အသင်းကိုကြိုက်တယ်ဟုပြောဖူးသည်. ကျွန်တော်နဲ့အကြ်ုက်ချင်လဲတူခဲ့ဖူးသည်.. သို့သော်ကျွန်တော်မန်ယူအသင်းကြိုက်သောကြောင့် သူမက မန်ယူနှင့်ကန်သည့်အသင်းကို အားပေးသည်ဟုဆိုသည်
တစ်ပါတ်တစ်ခါ မန်ယူ ပွဲလာရင်သူနဲ့ကျွန်တော်နဲ့လောင်းလေသည်.. ကျွန်တော်နိုင်သောအကြိမ်ကများလေသည် .
လောင်းကြေးကတော့ ကော်ဖီတစ်ခွက်ပင်ဖြစ်သည် ဒီနေ့တော့ကျွန်တော်တိုက်ရမည်ဖြစ်သည် ညကမန်ယူကပြိုင်ဘက်အသင်
ကိုရှုံးသွားလေသည် ကော်ဖီသောက်နေသောသူမကအရမ်းပင်ချစ်ဖို့ကောင်းနေလေသည်..မေ ရှင် မေ့ကိုအကိုချစ်တယ်
ဟုတ်တယ်မေ့ကိုချစ်နေတာကြာလှပီ ...အကိုလေ မေ့ ကိုမြင်မြင်ချင်းကတည်းကဆွဲလမ်းသွားတာ မေ ဘာလို့ငြိမ်သွားတာလဲ
အကို့ကိုစိတ်ဆိုးသွားလို့လား မဟုတ်ပါဘူး ဟင်ဒါဆို အကို့အချစ်ကိုလက်ခံတယ်ပေါ့ ဟုတ်လား အကိုယ်ရယ်ညီမစဉ်းစားပါရ
စေအုံးနော် ထိုကဲ့သို့ပြောခဲ့သော်လဲ ရည်းစားစကားပြောပီး ၂ လအကြာတွင် ကျွန်တော့်ကိုအဖြေပြန်ပေးခဲတယ်ဗျ အဖြေကတော့ကိုယ့်လူတို့သိတဲ့အတိုင်းပေါ့ဗျာ မောင့်ကိုချစ်တယ်တဲ့ ကျွန်တော့်ဘ၀မှာတော့အဲဒိနေ့ကအပျော်ရွင်ရဆုံးနေ့
တစ်နေ့ပေါ့ဗျာ မှတ်မှတ်ရရအဲဒိနေ့က ဒီဇင်ဘာ 31 ဗျ..မောင် ဗျာ တကယ်တော့လေမေလဲမောင့်ကိုအစကတည်းကချစ်နေခဲ့တာ ဘာရယ် ဟုတ်တယ်မောင်ရဲ့ မောင့်ကိုလေမေပထမဆုံးကော်ဖီတိုက်မယ်ဆိုပီးချိန်းလိုက်တာမှတ်မိလား အင်း အဲဒိနေ့ကဆိုင်ထဲမှာ မေ့ရှိတယ်မောင်ရဲ့ ဟင် ဟုတ်တယ် မောင်မေ့ကိုဘယ်လောက်ထိစောင်နိုင်သလဲလို့သိချင်လို့ မဆိုးပါဘူးမောင်က 2း00 တောင်စောင့်တယ် ဟာမေကွာအဲဒိကတည်းကရက်စက်တာပေါ့လေ.......ဒီလိုနဲ့သူမနဲ့ကျွန်တော်ရည်းစားသက်တမ်း ၈ လရှိလာပီပေါ့ဗျာ
ကျွန်တော့်ဘ၀ရဲ့ ကံဆိုးမိုးမှောင်ကျတဲ့တစ်နေ့ရောက်လာခါနီးပီပေါ့ဗျာ အဲဒိနေ့က သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ မင်းစိုးက
မနက်ဖြန်ဆိုရင်စင်္ကာပူ မှာအလုပ်သွားလုပ်တော့မှာဆိုတော့ ကျွန်တော်တို့နှုတ်ဆက်ပွဲလုပ်ကျတာပေါ့ ဆိုင်တစ်ဆိုင်မှာပေါ့ဗျာ
ဘော်ဒါတွေအားလုံးတော်တော်လည်းကောင်းနေကြပီဗျ အဲဒိမှာမင်းစိုးကပြောတယ် သားကြီးဟေ့ကောင် ဘာတုန်းကွ အချစ်
ဆိုတာဘလဲကွ မင်းသိလား ဟေ ဟေ့ကောင်ငါမပြောနဲ့ အဲဒိအဖြေက်ုရေရေရာရာဖြေနိုင်တဲ့သူ ကမ္ဘာမှာမမွေးသေးဘူးကွ အေး မင်းမှတ်ထား အဲဒါငါသိတယ် ဟေ ဟေ့ကောင်မင်းစိုးမင်းမူးနေပီလား အာ ငါမမူးပါဘူးကွာ ဒီမှာငါပြောပြမယ် အချစ်ဆိုတာ လောင်းကြေးတစ်ခု ဘဲကွ ဟေ ဘာရယ်မင်းစိုး ဖိုးချစ်ကလဲ ဟုတ်တယ်ဗျ ကိုမင်းစိုးပြောတာထောက်ခံတယ် ကျွန်တော်တို့ကကိုသားကြီးကိုပြောနေတာဗျ ဟေ ငါ့ကို ဟုတ်တယ်လေ ငါတို့မှာကွာ မေငြိမ်း လေးကိုလိုက်လိုက်ရတာကွာ သူ
ကငါတို့ကိုအကပ်တောင်မခံဘူးကွ မင်းကျမှကွာ ဒါပေမဲ့ကောင်မလေးကံဆိုးတယ်ကွ သူ့ကိုဂစ်တာတစ်လက်နဲ့တန်ဖိုးအဖြတ်ခံ
ရတာသူမသိဘူးကွ ဟုတ်ပကွာဟုတ်ပ ဟားဟားဟား ဟေ့ကောင်တွေ မင်းတို့အဲလိုတော့မပြောပါနဲ့ကွ သူသိသွားမှဒုက္ခရောက်နေပါအုံးမယ်ကွာ မင်းတို့ကလဲ ငါလဲသူ့ကိုချစ်ပါတယ်ကွ ဘာ သူ့ကိုချစ်တယ် ဟုတ်လား ဟားဟားဟား
တော်တော်ရီရတဲ့ပြတ်လုံးဘဲကွ ဒါဆိုမင်းဘာလို့ငါတို့လောင်းကြေးသတ်မှတ်ထားတဲ့ဂစ်တာကိုလက်ခံလဲပြော ဟာ ဒါကတော့
မင်းတို့ကို lesson ပေးချင်လို့လေမင်းတို့ငါ့ကိုအထင်သေးတာကိုး ဟားဟားဟား
သားကြီုး တခြားကောင်သွားပြောစမ်းပါကွာ မင်းနဲ့ငါတို့နဲ့ကငယ်ပေါင်းတွေပါကွာ မင်လာလိမ်မနေစမ်းပါနဲ့ကွာ ပြောဘယ်တော့ကောင်မလေးကိုဖြတ်မှာလဲ ဟာ ဟေ့ကောင်မင်းမူးနေပီ လာလာပြန်မယ် ငါမမူးဘူးကွ အေ့ ဟာဟေ့ကောင်
သားကြီး သားကြီး မင်းကောင်မလေးကတော်တော်သနားဖို့ကောင်းတယ်ကွာ ငါသာသူ့နေရာမှာဆိုရှက်လို့လဲသေမှာကွ ဟာ
ဟေ့ကောင် စိုးကြီး ဖိုးချစ် ဒီကောင်မရတော့ဘူး ငါတို့ဒီကောင့်အိမ်ကိုလိုက်ပို့ကြမယ် ရှင်းမယ်ဟေ့
တောက် မိုက်ရိုင်းလိုက်တာကွာ ကျွန်တော်တို့ထိုင်ခဲ့သောစားပွဲရဲ့နောက်မှအသံဖြစ်သည် သို့သော် ကျွန်တော်မကြားနိုင်တော့ပါ ထိုသူ၂ ယောက်မှာ မေ့ ရဲ့အကို၂ ယောက်ဆိုတာနောက်မှသိခဲ့ရလေသည်.
နောက်တစ်နေ့ မင်းစိုးကို လေဆိပ်ပို့ပီးကျွန်တော်အပြန် မေ့ ကိုသွားကြိုလေသည်.
သင်တန်းအောက်မှာ ကျွန်တော်စောင့်နေမိတယ် ဟော ချစ်သူလေးဆင်းလာပါဗီ မေ ညက မန်ယူနိုင်တယ်နော် ဟဲဟဲ
သွားမယ် သူမဘာမမပြော ကော်ဖီသောက်ကြသည် ကျွန်တော်ကတော့စကားတွေအများကြီးပြောနေလေသည် ညကမန်ယူကဘယ်လောက်ကောင်းကြောင်း ဘာညာပေါ မေ ကဘာမှမပြော မေ ဘာဖြစ်နေတာလဲ နေမကောင်းဘူလား
ကိုနေသူရိန် ဟင် မေ ဘာဖြစ်လို့လဲ ရှင့်ကိုကျမမေးမယ်အမှန်အတိုင်းသိချင်တယ် ရှင်လိမ်ဖို့မကြိုးစားပါနဲ့ ဟာ မေကလဲ
ကိုယ်ကဘာကိုလိမ်ရမှာလဲ ကောင်းပီ ရှင်ကျမကို ဂစ်တာတစ်လက်နဲ့လောင်ကြေးထပ်ပြီးလိုက်ခဲ့တာဆို ဟာ ရှင်လိမ်ဖို့မကြိုး
စားနဲ့နော် ကျမအားလုံးသိပီးပီ မေ မောင်ရှင်းပြမယ်ကွာ ကိုနေသူရိန် ကျမမေးတာဘဲဖြေပါ အဲဒိကိစ္စဟုတ်လားမဟုတ်ဘူးလားဒါဘဲပြော
ကျွန်တော်ခေါင်းညိတ်လိုက်မိသည်. ကောင်းပီလေ မေ မောင်ရှင်းပြပါရစေကွာ ဘာမှရှင်းစရာမလိုဘူး ကိုနေသူရိန် ရှင်နဲ့ကျမ
နဲ့ပီးပီ ကျမအချစ်ကိုစော်ကားတဲ့ရှင့်ကို ကျမတသက်လုံးမမေ့ဘူး ချစ်လို့မမေ့တာတော့မဟုတ်ဘူး ရှင့်ကိုအရမ်းမုန်းလို့ အဲဒါရှင်မှတ်ထား ကျမလေရှင့်မှာအရင်ရည်းစားတွေအများကြီးရှိတာကိုလဲခွင့်လွတ်ပီး ကျမချစ်ခဲ့တယ် ရှင်က ကျမအချစ်ကို ဂစ်တာ တစ်လက်လောက်တောင်တန်ဖိုးမထားတဲ့လူ ရှင့်ကိုကျမအရမ်းမုန်းတယ် ရော့ဒါနောက်ဆုံးအကြိမ်အဖြင့်ရှင့်ကိုကျမတိုက်တဲ့ကောဖီလို့သတ်မှတ်လိုက် သူမထွက်သွားလေပီ ....ဘယ်တော့မှပြန်မတွေ့
နိုင်တဲ့တစ်နေရာကိုပေါ့....................................
ကျွန်တော်သူမကိုဆက်သွယ်ဖို့ကြိုးစားပါသေးသည် သို့သော် သတင်းကြားရသည်က သူမ ရန်ကုန်မှာမရှိတော့ဘူးတဲ့.....

၃ လကြာသောအခါ ကိုသားကြီး ကိုသားကြီး ဖိုးချစ် သားအကိုကိုအပြင်လေးဘာလေးခေါပါအုံးကွယ် ဘာဖြစ်နေမှန်းမသိဘူး
အပြင်လဲမထွက်ဘူး တစ်နေ့တစ်နေ့ သူ့အခန်းထဲမှာဘဲတကုတ်ကုတ်နဲ့ ဟုတ်ကဲ့အန်တီ ကျွန်တော်ဝင်သွားလိုက်မယ်
ကိုသားကြီး အဲဒါဘာလုပ်နေတာလဲ ကျွန်တော်ရှေ့တွင် ဂစ်တာ အကွဲအပိုင်းအဆလေးများ နောက်ပီး ဖိနပ်အပြတ်လေး တစ်ရံ
ကိုသားကြီး ဘာလုပ်နေတာလဲလို့ ဆိုင်လေးဘာလေးလာခဲ့အုံးလေဗျာ ကိုသန်းဝင်းတို့ကမေးနေတယ် ..
အေးပါကွာ လာခဲ့ပါ့မယ် ငါ မေ့ အပေါကြူးလွန်ခဲ့တဲ့အပြစ်တွေကိုပြန်ပေးဆပ်နေတာပါ ဒီနေ့နောက်ဆုံးပါဘဲ ပီးရော ပီးရော ကျွန်တော်ဆိုင်ကဘဲစောင့်နေတော့မယ် အေးအေး ကျွန်တော်ဖိနပ်အပြတ်လေးကိုကြည့်ရင်းစကားပြောနေမိသည်...
မေ ကျွန်တော်မေ့ကိုဝန်ခံစရာတစ်ခုကျန်သေးတယ် အဲဒါကတော့ကျွန်တော် မေ့ ကိုအလောင်းအစားနဲ့မလိုက်ခင်ကတည်းကချစ်နေတဲ့သူပါဗျာ................ကျွန်တော်အခန်းတံခါးကိုပိတ်ပြီးလက်ဖက်ရည်ဆိုင်ကိုထွက်လာခဲ့တယ် ဆိုင်နားမရောက်တစ်ရောက်တွင် ကောင်မလေးတစ်ယောက်မတ်တပ်ရပ်နေတာကိုတွေ့တယ် ကျွန်တော်
အကဲခပ်ကြည့်လိုက်တော့ သူမဖိနပ်ပြတ်နေတာဘဲဖြစ်သည် ကျွန်တော်ကျော်လာခဲ့သည် ကောင်မလေးက အကို ဟုလှမ်းခေါသည် ကျွန်တော်လှည့်မကြည့်တော့ပါ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ပါးမှာ မျက်ရည်တွေကျနေတာကိုကောင်
မလေးတွေ့သွားခဲ့ရင်....................................


ရွှေမန်းမြို့ ကဖိုက်တာ
ရွှေမန်းမြို့ ကဖိုက်တာ

Posts : 20
Join date : 2011-06-15
Age : 33

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum