Mandalay Fighter Group
Would you like to react to this message? Create an account in a few clicks or log in to continue.

ရင်ကွဲ တောင်ထိပ် အနီး ဂဝံတွင်း ပြိုကျ၍ လူတစ်ဦး သေဆုံး

Go down

ရင်ကွဲ တောင်ထိပ် အနီး ဂဝံတွင်း ပြိုကျ၍ လူတစ်ဦး သေဆုံး Empty ရင်ကွဲ တောင်ထိပ် အနီး ဂဝံတွင်း ပြိုကျ၍ လူတစ်ဦး သေဆုံး

Post  emolay Thu Jun 16, 2011 7:17 am

ဂဝံတွင်းပြိုကျ၍ လူတစ်ဦး သေဆုံးမှု တိုက်ကြီးမြို့နယ်တွင် ဖြစ်ပွားခဲ့သည်။ မေလ (၂၅) ရက်နေ့၊ ညနေ ၄း၃၀ အချိန်ခန့်တွင် တိုက်ကြီးမြို့၊ ရင်ကွဲ တောင်ထိပ်အနီး ဂဝံကျောက် တူးသည့် နေရာ၌ ဂဝံတွင်းပြို၍ လူသေဆုံးကြောင်း သတင်းအရ တိုက်ကြီးရဲစခန်းမှ သွားရောက်စစ် ဆေးခဲ့သည်။ သေဆုံးသူမှာ မင်္ဂလာရပ်ကွက် နေ သိန်းဦး (၅၃) နှစ်ဖြစ်ပြီး ၄င်း သည် အကျယ် (၁၀) ပေ၊ အနက် (၃) ပေခန့်ရှိ ဂဝံတွင်း အတွင်း ကျောက်တူးနေစဉ် အပေါ်ဘက် အမြင့် (၁၃) ပေခန့်မှ သက်နုဂဝံ ကျောက်များပြိုကျခဲ့ရာ အောက်ခြေ မှ လည်ပင်းအထိ ရပ်လျက်အနေ အထားဖြင့် သေဆုံးနေသည်ကို တွေ့ ရ၍ တိုက်ကြီးဆေးရုံသို့ ပို့ဆောင် ခဲ့သည်။ တိုက်ကြီးရဲစခန်းက သေမှု သေခင်း အမှတ်စဉ် ၁၀/၁၁ ဖြင့် စစ် ဆေးလျက်ရှိသည်။
emolay
emolay

Posts : 114
Join date : 2011-06-12
Age : 29

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum