Mandalay Fighter Group
Would you like to react to this message? Create an account in a few clicks or log in to continue.

ဆေးပြား၊ ဆေးခြောက်များနှင့် တွေ့သူနှစ်ဦး ဖမ်းဆီး

Go down

ဆေးပြား၊ ဆေးခြောက်များနှင့် တွေ့သူနှစ်ဦး ဖမ်းဆီး Empty ဆေးပြား၊ ဆေးခြောက်များနှင့် တွေ့သူနှစ်ဦး ဖမ်းဆီး

Post  emolay Thu Jun 16, 2011 7:18 am

စိတ်ကြွ ဆေးပြား၊ ဆေး ခြောက်များနှင့် အတူ တွေ့ရှိသူ နှစ် ဦးကို သက်ဆိုင် ရာက ဖမ်းဆီးအရေး ယူမှု မင်္ဂလာ တောင်ညွန့်မြို့ နယ်တွင် ဖြစ်ပွား ခဲ့သည်။ မေလ (၁၈) ရက်နေ့ ညနေ (၆း၁၅) အချိန်ခန့်တွင် ရန်ကုန် အရှေ့ ပိုင်းခရိုင် မူးယစ်အထူးအဖွဲ့မှ ရဲအုပ် မြင့်သိန်းနှင့်အဖွဲ့သည် ကရဝိက်ပန်း ခြံအနီးရှိ စားသောက် ဆိုင် တစ်ခု အနီး သတင်း အရ မသင်္ကာသူ အောင် ကျော် (ခ) ဖာရွတ် (၃၃နှစ်)နှင့် ချစ်ကိုကို (ခ) နဆင်းတို့ နှစ်ဦးကို စစ်ဆေးခဲ့သည်။ ၄င်းတို့ထံမှ WY စာတန်းပါ လိမ္မော် ရောင် စိတ်ကြွ ဆေးပြားနှစ် ပြား၊ နီညိုရောင် စိတ်ကြွဆေးပြား ခြောက်ပြား၊ (ဝ.၂) ဂရမ်ရှိ ပန်းရောင် စိတ်ကြွဆေးပြားမှုန့်တစ်ထုပ်၊ (ဝ.၅) ဂရမ်ရှိ ဆေးခြောက် ထုပ်တစ်ထုပ်၊ ဆေးခြောက် ထည့်ထား သည့် ဆေး ပေါ့လိပ် တစ်လိပ်နှင့် ဆေးလိပ်တို တစ်လိပ်တို့ကို တွေ့ရှိခဲ့သဖြင့် အရေး ယူပေးရန် တိုင်ကြားခဲ့ သည်။ သက်ဆိုင်ရာက မယ(ပ) ၄/၁၁ မူးယစ်ပုဒ်မ ၁၅/၁၆(ဂ)/ ၂၁ဖြင့် အမှုဖွင့် အရေးယူထား သည်။
emolay
emolay

Posts : 114
Join date : 2011-06-12
Age : 29

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum