Mandalay Fighter Group
Would you like to react to this message? Create an account in a few clicks or log in to continue.

အမေ့ ကျေးဇူး

Go down

အမေ့ ကျေးဇူး  Empty အမေ့ ကျေးဇူး

Post  emolay Thu Jun 16, 2011 7:23 am

ဆင်းရဲ ဒုက္ခ

ကြမ္မာဆိုးနှင့် သောကများကြား

သားနှင့် သမီးကို

စားဝတ်နေရေး

အဆင်ပြေမှုနှင့်

ပညာရေးလမ်း

ဆုံးခန်းတိုင်အောင်

ပြုလုပ်ပေးသော အမေ ...။

လောကမုန်တိုင်း

ဘဝ “ကျောက်ဆောင်” များကြား

စိတ် “လှေ”

မာန “လှော်တက်” ဖြင့်

အစွမ်းကုန်အောင် “လှော်ခတ်”

မမောမပန်း

သားနှင့် သမီး၏

ဘဝပန်းတိုင်

ရည်မှန်းချက် “ကမ်း”ကို

ရောက်အောင် ပို့နိုင်သော အမေ ...။

သားနှင့် သမီးအား

လမ်းမှား၊ လမ်းမှန်

ခွဲခြား သိမြင်

ဥာဏ် “အလင်း” ရအောင်

သွန်သင် ဆုံးမ

ပဲ့ကိုင်ပေးသော အမေ ...။

အမေ့မေတ္တာ

စမ်းရေပမာ

ကြည်လင် အေးမြ

ကြီးမားလှပါ။

အတုနှိုင်းမဲ့

အမေ့ကျေးဇူးကို

သားတို့

အဘယ်သို့

ကျေအောင် ဆပ်နိုင်မလဲ အမေ ...။
emolay
emolay

Posts : 114
Join date : 2011-06-12
Age : 29

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum