Mandalay Fighter Group
Would you like to react to this message? Create an account in a few clicks or log in to continue.

လီဗာပူးလ်မှာ ဆေးကျသွားတဲ့ မာဗက်စ်ကို နယူးကာဆယ်က ခေါ်ယူလိုက်

Go down

လီဗာပူးလ်မှာ ဆေးကျသွားတဲ့ မာဗက်စ်ကို နယူးကာဆယ်က ခေါ်ယူလိုက် Empty လီဗာပူးလ်မှာ ဆေးကျသွားတဲ့ မာဗက်စ်ကို နယူးကာဆယ်က ခေါ်ယူလိုက်

Post  ရွှေမန်းမြို့ ကဖိုက်တာ Sun Jun 19, 2011 11:07 am

လီဗာပူးလ်မှာ ဆေးကျသွားတဲ့ မာဗက်စ်ကို နယူးကာဆယ်က ခေါ်ယူလိုက် L10
ပြင်သစ်ကွင်းလယ် ကစားသမား Sylvain Marveaus ကို ခေါ်ယူနိုင်ဖို့ နယူးကာဆယ်ယူနိုက်တက်သည် လီဗာပူးလ်ကို ကျော်ကာ အရယူလိုက်နိုင်ခဲ့သည်။ အသက် ၂၅ နှစ်အရွယ် အဆိုပါ ကွင်းလယ်ကစားသမားအား ဘော့စမန်း အလွတ်ပြောင်းရွေ့ခွင့် စည်းမျဉ်းဖြင့် ရယူနိုင်ရန် အန်ဖီးကလပ်သည်လည်း ကြိုးပမ်းခဲ့သည်။ သို့သော်လည်း နယူးကာဆယ်သည် လီဗာပူးလ်ကို ကြားဖြတ်ကာ ငါးနှစ်သက်တမ်းစာချုပ်ဖြင့် ကမ်းလှမ်းခဲ့ရာ ကစားသမားကလည်း လက်ခံသွားခဲ့သည်။ အဆိုပါ ပြင်သစ်ကွင်းလယ် ကစားသမားအား နယူးကာဆယ်အသင်းသည် အစောပိုင်းကတည်းက စောင့်ကြည့်နေခဲ့သော်လည်း လီဗာပူးလ်သို့ ပြောင်းရွေ့သွားပြီဟု သတင်းများ ထွက်ပေါ်ချိန်တွင် ၄င်းတို့အနေဖြင့် လက်လွတ်လိုက်ရပြီဟု ထင်မှတ်နေခဲ့သည်။ ယခုဆိုလျှင် မာဗီယက်စ်သည် ဒီနွေရာသီတွင်း နယူးကာဆယ်၏ တတိယမြောက် လက်မှတ်ရေးထိုးမှု ဖြစ်သွားခဲ့ပြီး ယိုဟန်ကာဘာရီနှင့် ဒန်ဘဘာတို့နောက် တတိယမြောက် ပြင်သစ်ဖွား ကစားသမား ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

“ကလပ် အတော်များများရဲ့ ကမ်းလှမ်းမှုကို ရရှိထားတဲ့ မာဗီးယက်စ်ကို လက်မှတ်ရေးထိုးနိုင်ဖို့ဟာ ကြီးကျယ်တဲ့ စွမ်းဆောင်မှု တစ်ခုပါဘဲ”ဟု နယူးကာဆယ်မှ အကြီးအကဲ အလန်ပီဒရူးက ပြောလိုက်သည်။

“ကျွန်တော်တို့ရဲ့ ဖန်တွေအများကြီးက သူကို ကောင်းစွာ မသိသေးပါဘူး ဒါပေမဲ့ သူဟာ ပါရမီရှင် ကစားသမား စစ်စစ်ပါ။ တခါတရံမှာ ကျွန်တော်တို့ဟာ မျက်လုံးတစ်စုံနဲ့ ကစားသမား တစ်ယောက်ကို ထိန်းချုပ်ရယူလိုက်ရပါတယ်။ ကျွန်တော်တို့ အတွက်တော့ ဒီရက်ပိုင်းတွင်း အပြောင်းအရွေ့တွေနဲ့ အခြေအနေ ကောင်းနေခဲ့ပါတယ်။”ဟု ပြောကြားလိုက်သည်။

သောကြာနေ့ညက မာဗီယက်စ်သည် အန်ဖီးကွင်းတွင် ဆေးကျခဲ့သော်လည်း ပြဿနာကြီး မဟုတ်ဟု ကစာသမား အတည်ပြု ထုတ်ဖော်ခဲ့သည်။

“အသေးစိတ်ကို ကျွန်တော် မပြောချင်ပါဘူး။ ဒါပေမဲ့ ကြာသပတေးနေ့ညက နှစ်ဦးနှစ်ဖက်ကြား သဘောတူညီမှု မရလိုက်ခဲ့တာကြောင့် လီဗာပူးလ်အတွက်တော့ ကျွန်တော် လက်မှတ် မရေးထိုးဖြစ်ခဲ့ပါဘူး။”
ရွှေမန်းမြို့ ကဖိုက်တာ
ရွှေမန်းမြို့ ကဖိုက်တာ

Posts : 20
Join date : 2011-06-15
Age : 33

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum