Mandalay Fighter Group
Would you like to react to this message? Create an account in a few clicks or log in to continue.

Sql injection attack မိတ်ဆက်

Go down

Sql injection attack မိတ်ဆက် Empty Sql injection attack မိတ်ဆက်

Post  emolay Mon Jun 13, 2011 4:25 am

where clause နဲ့ operator တွေ တွဲသုံးတဲ့ အပိုင်းကို ဆက်ကြရအောင်.... တွဲသုံးရတဲ့ operator တွေကို အောက်မှာအရင် ကျက်မှတ်လိုက်ပါ ။ operator သင်္ကေတ တွေနောက်မှာ သုံးတဲ့ values တန်ဖိုးတွေကိုရေးတဲ့အခါမှာ စာလုံး (word) တွေဆိုရင် single quote (') ထည့်ပေးရပါမယ် ။ ကိန်းဂဏန်းတွေဆိုရင် single quote ( ' ) ထည့်စရာမလိုပါဘူး ။ဒီအချက်မှာမှားယွင်းရင် query လုပ်တဲ့အခါ အလုပ်လုပ်မှာမဟုတ်ပါဘူး ။

Operator Description

= Equal
<> Not equal
> Greater than
< Less than
>= Greater than or equal
<= Less than or equal
BETWEEN Between an inclusive range
LIKE Search for a pattern
IN If you know the exact value you want to return for at least one of the columns

တချို့  version တွေမှာ < > ကို != ဒီလိုရေးပါတယ် ။ ဒါတွေကို w3school ကပဲ အလွယ်ကူးပေးလိုက်တယ်နော်..တခုချင်းကို where clause နဲ့ ဘယ်လိုတွဲသုံးရမယ်ဆိုတာကို အောက်မှာရေးသားပါ့မယ် ။

= operator

ဒီကောင်ကို သုံးပုံလေးအောက်မှာကြည့်ပါ ။ အပေါ်မှာလဲ ရှင်းပြီးပါပြီ .. ဒီမှာ ထပ်ပြီးရှင်းချင်ပါတယ် ။ post တွေများအောင်ရေးတာမဟုတ်ပဲ... ကဏ္ဍ လေးအလိုက်ရေးတော့ ဖတ်သူ မြင်သာပြီး မှတ်ရတာလွယ်ကူစေမှာမို့ ပါ ။

select*
from table_name
where column_name= value

line 1 နဲ့ line 2 က သိပြီးသားပါ ..မရှင်းတော့ပါဘူး ။ line 3 ကိုရှင်းပါ့မယ် ။ where column_name ဆိုတာကတော့ မိမိခေါ်ကြည့်မယ့် table က မိမိလိုချင်တဲ့ data ရှိမယ့် column_name ကို ရည်ညွှန်းတာပါ ။ တိတိကျကျထပ်ညွှန်းဖို့  = operator ကို သုံးလိုက်ပါတယ် ။ ဆိုလိုတာက table ရဲ့ ကော်လံတခုအောက်က တိတိကျကျ data တခုရှိတဲ့ row ကို မှတ်ပြီး ပြခိုင်းလိုက်တာပါ ။ ဥပမာ...ကြည့်ပါ ။

ကျွန်တော်တို့  smf_1users ဆိုတဲ့ table မှာ user_name ဆိုတဲ့ ကော်လံရှိနေတာတွေ့ ပြီဆိုပါစို့ ဗျာ ။ အဲဒီအောက်မှာရှိတဲ့ admin ဆိုတဲ့ user ရဲ့  data တွေကိုပဲကြည့်ချင်တယ် ။

select*
from smf_1users
where user_name='admin'

ဒါကတော့ query command ပါ ။ = operator ကို သုံးထားတဲ့အတွက် ဒီ column အောက်မှာ admin ဆိုတဲ့ value တခု သေချာရှိနေရပါမယ် ။ = ဆိုတာ ထပ်တူညီသင်္ကေတကိုဗျ .. စာလုံးတလုံးတောင် လွဲလို့မရပါဘူး ။ လွဲတာနဲ့ အလုပ်မလုပ်တော့ပါဘူး ။ ဒီ operator က အသုံးဝင်ပါတယ် ။ ကျွန်တော်တို့  စီးပွားရေးလုပ်ငန်းအတွက် မိမိ ဖောက်သည်တွေရဲ့  အချက်အလက်တွေကို database တခုဆောက်ပြီး customers လို့  table name ပေးထားမယ် ... column 3ခု ထားမယ်ဗျာ ... ဖောက်သည်ရဲ့  အမှတ်စဉ် နံပါတ်က တခု ၊ အမည်ကတခု ၊ လိပ်စာ address က တခု ပေါ့ဗျာ ... ဒီမှာ ကျွန်တော်တို့ က U Win ဆိုတဲ့ ဖောက်သည်ရဲ့  လိပ်စာကို အရေးတကြီး သိဖို့ လိုအပ်လာပြီဗျာ ... ခက်တာက သူရဲ့ အမှတ်စဉ်ကို မေ့နေပြီ row ဘယ်လောက်မှာ ရှိလဲမသိတော့ဘူး ။ တခုချင်းရှာရအောင်ကလဲ ROW တွေက ထောင်သောင်းချီနေတာကိုဗျ .။ အချိန်အဲလောက်မပေးနိုင်ဘူး ။ ဒါပေမယ့် သူ့ အမည်ကိုတော့ ကျွန်တော်တို့  သိနေတာပဲ .. ဒါကြောင့် QUERY နဲ့ရှာမယ်ဗျာ .. ။

SELECT*
FROM CUSTOMERS
WHERE CUSTOMER_NAME='U WIN'

ဒါဆိုရင် CUSTOMER_NAME ကော်လံအောက်မှာ ရှိနေတဲ့ U WIN ဆိုတဲ့ VALUE ရှိနေတဲ့ ROW တခုပဲ ကျလာပါလိမ့်မယ် ။ ဒါဆို သူလိပ်စာကို သိနိုင်ပြီပေါ့ ။ ဘာလို့ လဲဆိုတော့  ကော်လံတွေအကုန်ကျလာအောင်လို့  SELECT* ကို သုံးထားတယ်လေ ... ။ ဒီလောက်ဆိုရင် = OPERATOR ကို သုံးနည်းနဲ့ သဘောသဘာဝကို နားလည်လောက်ပြီထင်ပါတယ် ။ဒီလိုရေးပြရတာကလဲ စာဖတ်သူ တွေးတတ်အောင်ပါ ။ ချဲ့နိုင်သလောက်ချဲ့ပြီးတွေးရပါ့မယ် ။ SQL INJECTION ဟာ တွေးနိုင်သူတာ အောင်မြင်မှုရနိုင်ပါတယ် ။ ချဲ့ထွင်တွေးတောပြီး သုံးစွဲကြရပါမယ် ။

( ကျွန်တော် အခုရေးသားနေတာဟာ စာဖတ်သူအနေနဲ့ နှေးလွန်းတယ်လို့ ထင်ပါလိမ့်မယ် ။ စိတ်ရှည်ရှည်ထားပြီးလေ့လာကြပါ ။ ကျွန်တော် ဒီလိုအသေးစိတ်ရေးသားနေတာက လေ့လာသူတယောက်သေချာသဘောပေါက်စေချင်လို့ ပါ ။ ဒီနေရာမှာသဘောမပေါက်ရင် နောက်ပိုင်း ချာလည်လည်ဖြစ်ကုန်ပါလိမ့်မယ် ။ )
(ကျွန်တော်ဒီဖိုရမ်မှာ အချိန်ပေးပြီးသိသမျှရေးသားနေတာက မြန်မာလူမျိုးတွေထဲက မသိမတတ်သေးသူတွေတတ်ပါစေတော့ဆိုတဲ့ ရည်ရွယ်ချက်ကြောင့်ပါ ။တခြားဘာရည်ရွယ်ချက်မှမရှိဘူး ။ ပြည်ပရောက်ကျွန်တော်တို့ တွေ အများဆုံးတွေ့ နေတာက မြန်မာဆိုရင် အခြားကောင်တွေက အထင်သေးချင်ကြတယ် ။ မြန်မာတွေ ကွန်ပြူတာကို မသိမမြင် မသုံးတတ်ဘူးလို့ ထင်နေတယ် ။ သုံးတတ်ရင်လဲ အပေါ်ယံလောက်ပဲလို့ ထင်နေကြတယ် ။ ဒါကို မခံချင်ပါဘူး ။မြန်မာအချင်းချင်းကြောင်လက်သည်းဝှက်မနေပဲ မျှဝေ ဖလှယ်ကြမှ ကျွန်တော်တို့ လိုချင်တဲ့ပန်းတိုင်ကိုရောက်မှာပါ ။ ကျွန်တော်ကတော့ ဘယ်သူတွေဘာလာပြောပြော ကျွန်တော်သိသမျှ တော့ ဆက်လက်မျှဝေသွားမှာပါ ။ မကောင်းတဲ့ပညာဆိုတာလောကမှာမရှိပါဘူး ။ သုံးစွဲသူအပေါ်လိုက်ပြီး ကောင်းခြင်း၊ မကောင်းခြင်းဆိုတာဖြစ်လာတာပါ ။ဒါကျွန်တော့်ခံယူချက်ပါ ။SQL INJECTION ကို တတ်သွားလို့  ကျွန်တော့ SITE ကို လာထိုးလို့ ပေါက်သွားရင်လဲ ကျွန်တော်ကတော့ ထိုသူ့ အတွက် ဂုဏ်တောင်ယူလိုက်ပါအုံးမယ်.. ဆက်လက်ရေးသားပါအုံးမယ် ... )
emolay
emolay

Posts : 114
Join date : 2011-06-12
Age : 29

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum