Mandalay Fighter Group
Would you like to react to this message? Create an account in a few clicks or log in to continue.

ဘာစီလိုနာအသင်း၏ နာမည်ကျော် La Masia အကယ်ဒမီမှ လူငယ်ကစားသမားများကို ခေါ်ယူရန် အာဆင်နယ် ချဉ်းကပ်၊ ယင်းလုပ်ရပ်အား ဘာစီလိုနာအသင်း တာဝန်ရှိသူများ ဒေါသထွက်နေ

Go down

ဘာစီလိုနာအသင်း၏ နာမည်ကျော် La Masia အကယ်ဒမီမှ လူငယ်ကစားသမားများကို ခေါ်ယူရန် အာဆင်နယ် ချဉ်းကပ်၊ ယင်းလုပ်ရပ်အား ဘာစီလိုနာအသင်း တာဝန်ရှိသူများ ဒေါသထွက်နေ Empty ဘာစီလိုနာအသင်း၏ နာမည်ကျော် La Masia အကယ်ဒမီမှ လူငယ်ကစားသမားများကို ခေါ်ယူရန် အာဆင်နယ် ချဉ်းကပ်၊ ယင်းလုပ်ရပ်အား ဘာစီလိုနာအသင်း တာဝန်ရှိသူများ ဒေါသထွက်နေ

Post  emolay Mon Jun 13, 2011 4:59 am

ဘာစီလိုနာအသင်း၏ နာမည်ကျော် La Masia အကယ်ဒမီမှ လူငယ်ကစားသမားများကို ခေါ်ယူရန် အာဆင်နယ် ချဉ်းကပ်၊ ယင်းလုပ်ရပ်အား ဘာစီလိုနာအသင်း တာဝန်ရှိသူများ ဒေါသထွက်နေ Ccc10

အာဆင်နယ်အသင်းသည် ဘာစီလိုနာအသင်း၏ နာမည်ကျော် အကယ်ဒမီတစ်ခုဖြစ်သော La Masia အကယ်ဒမီကျောင်းမှ လူငယ်ကစားသမားအချို့ကို ခေါ်ယူရန် ကြိုးပမ်းနေသဖြင့် ဘာစီလိုနာအသင်း တာဝန်ရှိသူများမှာ ဒေါသထွက်လျက်ရှိနေကြကြောင်း သိရှိရသည်။

အာဆင်နယ်အသင်းသည် ယင်းအကယ်ဒမီကျောင်းတွင် သင်ကြားနေသည့် ဘာစီလိုနာလူငယ်ကစားသမား ဂျရတ်ဒူလိုဖူး (၁၇နှစ်)အား ခေါ်ယူရန် ကြိုးပမ်းလျက်ရှိနေခြင်း ဖြစ်သည်။ အာဆင်နယ်အသင်းသည် ပြီးခဲ့သည့်လများအတွင်းကလည်း ယင်းအကယ်ဒမီကျောင်းမှ (၁၆)နှစ်အရွယ် လူငယ်ကစားသမား(၂)ဦးဖြစ်သည့် ဟက်တာဘယ်လာရင်နှင့် တိုရယ်ဟာပါတို့ကို ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးပြီး ယင်းကဲ့သို့ လူငယ်ကစားသမားများကို ချဉ်းကပ်နေသည့် လုပ်ရပ်ကြောင့် ဘာစီလိုနာအသင်း တာဝန်ရှိသူများမှာ ဒေါသထွက်နေခြင်းဖြစ်သည်။

အာဆင်နယ်အသင်းသည် ဘာစီလိုနာအကယ်ဒမီမှ ဖာဘရီဂတ်စ်အား ခေါ်ယူရရှိခဲ့ဖူးသလို၊ အစ်ဂနာဆီမီဂွယ်လ်နှင့် မာရီဒါ အစရှိသော ကစားသမားများကိုလည်း ခေါ်ယူခဲ့ဖူးသည်။ စပိန်နိုင်ငံတွင် ကစားသမားများအား အသက် (၁၈)နှစ်မပြည့်မီ၌ ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုခြင်းမပြုရန် စည်းမျဉ်းတစ်ရပ်ထားရှိရာ ယင်းကစားသမားများမှာ ဘာစီလိုနာအသင်း၏ ပရော်ဖက်ရှင်နယ်ကစားသမားများ မဟုတ်သဖြင့် အာဆင်နယ်အသင်းမှာ (ယင်းစည်းမျဉ်းကိုအသုံးချ၍)လွတ်လွတ်လပ်လပ် ခေါ်ယူခွင့်ရရှိနေခြင်းလည်း ဖြစ်သည်။ ယခုလည်း အာဆင်နယ်အသင်း၏ ကင်းထောက်အကြီးအကဲဖြစ်သူ စတိဗ်ရိုလေသည် ဂျရတ်ဒူလိုဖူးအား ခေါ်ယူရန်ကြိုးပမ်းနေပြီး ယခုလအတွင်း ဆွစ်ဇာလန်နိုင်ငံတွင် ကစားခဲ့ သည့် ဥရောပ ယူ-၁၉ချန်ပီယံရှစ် ခြေစစ်ပွဲတွင် စပိန်လူငယ်အသင်း၌ ပါဝင်ကစားခဲ့သောသူ့အား ချဉ်းကပ်ခဲ့ကြောင်း သိရှိရသည်။ ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဆန်ဒရိုရိုဆဲလ်က အာဆင်နယ်အသင်း၏လုပ်ရပ်မှာ တရားဝင်သော်လည်း စောင့်စည်းမှုမရှိသော ဒုစရိုက်လုပ်ရပ်ဖြစ်သည်ဟု ဝေဖန်ပြောဆိုခဲ့သည်။
emolay
emolay

Posts : 114
Join date : 2011-06-12
Age : 29

Back to top Go down

Back to top

- Similar topics
» ဘာစီလိုနာ၏ အပြောင်းအရွှေ့ လှုပ်ရှားမှုများကို စပိုင်လွှတ်၍ မော်ရင်ဟို စုံစမ်းခိုင်းထားကြောင်း သတင်းများ ထွက်ပေါ်
» မန်ယူနှင့် ချယ်လ်ဆီးအသင်းတို့က ခေါ်ယူရန် ကြိုးပမ်းနေသော်လည်း အင်တာမီလန်မှ ထွက်ခွာမည်မဟုတ်ဟု ဆနိုက်ဒါ အတည်ပြုပြောကြား
» စင်ကာပူလက်ရွေးစင် နည်းပြဟောင်း ဒိန်းမတ်လူမျိုး ပေါလ်ဆင်ကို ခေါ်ယူရန် ဧရာဝတီယူနိုက်တက် စီစဉ်
» အသင်းတွင် မနေချင်သော တိဗက်ဇ်အား အသုံးချကာ အင်တာမီလန် တိုက်စစ်မှုး အီတိုးအား ခေါ်ယူရန် ပြင်ဆင်လာသည့် မန်ချက်စတာ စီးတီး
» ချယ်လ်ဆီးနည်းပြ ဖြစ်လာရန် ရေပန်းစားနေသည့် ဂူဟစ်ဒင့်ကြောင့် ဆနိုက်ဒါကို မန်ယူအသင်း ခေါ်ယူနိုင်ခွင့် ဆုံးရှုံးရဖွယ်ရှိနေ ဆနိုက်ဒါကို ခေါ်ယူရန် ချယ်လ်ဆီးအသင်းအား ဟစ်ဒင့် တိုက်တွန်း

 
Permissions in this forum:
You cannot reply to topics in this forum