Mandalay Fighter Group
Would you like to react to this message? Create an account in a few clicks or log in to continue.

ချီလီမီးတောင် လေးလုံးတွဲ အုပ်စုကြီး ပေါက်ကွဲမှုကြောင့် လူထောင်ပေါင်းများစွာ နေရပ် စွန့်ခွာခဲ့ရ

Go down

ချီလီမီးတောင် လေးလုံးတွဲ အုပ်စုကြီး ပေါက်ကွဲမှုကြောင့် လူထောင်ပေါင်းများစွာ နေရပ် စွန့်ခွာခဲ့ရ Empty ချီလီမီးတောင် လေးလုံးတွဲ အုပ်စုကြီး ပေါက်ကွဲမှုကြောင့် လူထောင်ပေါင်းများစွာ နေရပ် စွန့်ခွာခဲ့ရ

Post  ရွှေမန်းမြို့ ကဖိုက်တာ Wed Jun 15, 2011 3:39 am

ချီလီနိုင်ငံရှိ ပူရေဝေကော်ဒွန်ကော်လီမီးတောင် လေးလုံးတွဲ အုပ်စုကြီး ပေါက်ကွဲခဲ့ပြီးနောက် တောင်အမေရိကတိုက် တစ်လွှား ပြာမှုန့်များ ပျံ့လွင့်ခဲ့ကြောင်း သိရသည်။ မီးတောင်ပေါက်ကွဲမှုကြောင့် လူထောင်ပေါင်းများစွာ
အိုးအိမ်စွန့်ခွာခဲ့ရပြီး အာဂျင်တီးနားနိုင်ငံ တောင်ပိုင်းတွင် လေကြောင်းခရီးစဉ်များ ရပ်ဆိုင်းခဲ့ရကာ အပန်းဖြေ တောင်စခန်းများကို နှင်းများဖြင့် ဖုံးလွှမ်းရမည့်အစား ပြာမှုန်များဖြင့် ဖုံးလွှမ်းနေခဲ့သည်။

ချီလီ-အာဂျင်တီးနား နယ်ခြားအနီး အနောက်ဘက်ရှိ လျှိုမြောင်နှစ်ခု အကြားမှ ပူရေဝေကော်ဒွန်ကော်လီ မီးတောင်စု နယ်နိမိတ်သည် သုံးမိုင်မျှ ကျယ်ဝန်းပြီး ကော်လ်ဒီလီယာနီဗားဒါး ဒယ်အိုးစောက်ပုံ မီးတောင်၊ နှစ်သန်းချီ ကြာမြင့်ပြီ ဖြစ်သော မန်ချီကာမီးတောင်၊ ကော်ဒွန်ကော်လီ မီးတောင်ပက်ကြားအက်တန်း၊ အလွှာ အထပ်ထပ် ရှိသော ပူရေဝေမီးတောင် တို့ဖြင့် ပေါင်းစပ်ထားသည်။ ယခု ပေါက်ကွဲမှုသည် ပူရေဝေမီးတောင်မှ စတင် ဖြစ်ပွားခဲ့သည်ဟု ယူဆရသော်လည်း ပူရေဝေမှ စတင်ခြင်းလား၊ ကော်ဒွန်ကော်လီမှ စတင်ခြင်းလား ဆိုခြင်းကို တိတိကျကျ မသိရသေးပေ။ ပေါက်ကွဲမှုကြောင့် အင်ဒီးစ် တောင်တန်းတစ်လျှောက် မီးခိုးငွေ့များ ပျံ့လွင့်နေခဲ့သည်။

လေနှင့်အတူ ပြာမှုန့်တိမ်တောင်များသည် အတ္တလန္တိတ် သမုဒ္ဒရာနှင့် ဗြူနိုအေးရိစ်ပြည်နယ် တောင်ပိုင်း တစ်လျောက် ၆ မိုင်ခန့် အထိ ပျံ့လွင့်နေသည်ဟု သိရသည်။
မီးတောင်အနီး နေထိုင်ကြသူများကို အဆိပ်ရှိ မီးခိုးငွေ့များနှင့် ချော်ရည်ဖုံးလွှမ်းမည့် အန္တရာယ်မှ ရှောင်ကွင်းကြရန် ချီလီအာဏာပိုင်များက တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံ အသိပေးခဲ့သည်ဟု သိရသည်။ ပြာမှုန့်များသည် အာဂျင်တီးနား ဘက်သို့ လွင့်လာခြင်းကြောင့် ဆန်ကားလို့စ်ဒီဘရီလိုချီ အပန်းဖြေစခန်း အထက်ကောင်းကင်ယံမှာ မှောင်မိုက်နေခဲ့ပြီး ယင်းစခန်းမှ လေဆိပ်ကိုလည်း ပိတ်ထားခဲ့ရသည်။

မီးတောင်တွဲကြီးသည် မည်သည့် အကြောင်းကြောင့် ပေါက်ကွဲခဲ့သည်ကို မသိရသေးဘဲ ယင်းသို့ ပေါက်ကွဲမှုကြီးမျိုး လွန်ခဲ့သော ၁၉၆၀ ပြည့်နှစ်က နောက်ဆုံး ပေါက်ကွဲခဲ့သည်။ အာဏာပိုင်များသည် မီးတောင်ဒေသ တစ်ဝိုက်ရှိ လူ ၃၅၀၀ ခန့်ကို ရွှေ့ပြောင်းပေးခဲ့သည်။
ရွှေမန်းမြို့ ကဖိုက်တာ
ရွှေမန်းမြို့ ကဖိုက်တာ

Posts : 20
Join date : 2011-06-15
Age : 33

Back to top Go down

Back to top

- Similar topics
» သူငယ်ချင်းများပြောရွှေနိုင်ပါစေ။
» ပါကစ္စတန် ဈေးတစ်ခုတွင် ဗုံးဖောက်ခွဲမှု နှစ်ခုကြောင့် လူ ၃၀ ကျော် သေဆုံး
» ဆီးရီးယားတပ်များ နိုင်ငံ အနောက်မြောက်ပိုင်းတွင် တပ်စွဲ၊ ပြည်သူ ထောင်ပေါင်းများစွာ တူရကီသို့ ထွက်ပြေး
» နှလုံးဖောက်ပြန်မှု (Heart Attack) ကြောင့် ပျက်စီးသွားသောနှလုံး ပြန်ကောင်းစေသည့် ဆေးဝါး ကြွက်များတွင် စမ်းသပ်မှု အောင်မြင်
» Gmail အဟောင်းမှ သူငယ်ချင်းများ Gmail အသစ်သို့ပြောင်းထည့်နည်း

 
Permissions in this forum:
You cannot reply to topics in this forum