ပြီးခဲ့သည့် ၂၀၁၀-၁၁ ရာသီတွင် အင်္ဂလန်လိဂ်အသင်းများ၌ နည်းပြများထုတ်ပယ်ခံရမှု မြင့်တက်ခဲ့ဟု LMA စစ်တမ်းဖော်ပြ၊ League One တွင် ထုတ်ပယ်ခံရသည့် နည်းပြ(၁၂)ဦးအထိရှိခဲ့
Page 1 of 1
ပြီးခဲ့သည့် ၂၀၁၀-၁၁ ရာသီတွင် အင်္ဂလန်လိဂ်အသင်းများ၌ နည်းပြများထုတ်ပယ်ခံရမှု မြင့်တက်ခဲ့ဟု LMA စစ်တမ်းဖော်ပြ၊ League One တွင် ထုတ်ပယ်ခံရသည့် နည်းပြ(၁၂)ဦးအထိရှိခဲ့
ပြီးခဲ့သည့် ၂၀၁၀-၁၁ ဘောလုံးရာသီတွင် အင်္ဂလန်ဘောလုံးလိဂ်ပြိုင်ပွဲများ၌ နည်းပြများ ရာထူးမှ ထုတ်ပယ်ခံရမှုမှာ မြင့်တက်လာခဲ့သည်ဟု လိဂ်မန်နေဂျာများအဖွဲ့ချုပ်(LMA)မှ ထုတ်ပြန်သည့် စစ်တမ်းတစ်ရပ်က ဖော်ပြခဲ့သည်။
ယင်းစစ်တမ်းအရ အင်္ဂလန်ရှိ လိဂ်အသင်း(၉၂)သင်းတွင် တစ်ရာသီအတွင်း နည်းပြထုတ်ပယ်ခံရမှု စုစုပေါင်းမှာ အကြိမ်(၄၀)အထိရှိကြောင်း သိရှိရသည်။ တမြန်နှစ်ရာသီက ထုတ်ပယ်မှုစုစုပေါင်း (၃၆)ကြိမ်သာရှိရာ အရေအတွက် တိုးတက်လာခြင်းဖြစ်ပြီး၊ နည်းပြ အပြောင်းအလဲဖြစ်ပေါ်ခြင်းများမှာလည်း ယခင်ကထက် ပိုမိုများပြားလာခဲ့ကြောင်း သိရှိရသည်။ ပြီးခဲ့သည့်ရာသီက အင်္ဂလန်ဘောလုံးလိဂ် အတန်း(၄)တန်းတွင် နည်းပြအပြောင်းအလဲ (၅၈)ကြိမ်ဖြစ်ပေါ်ခဲ့ပြီး၊ တမြန်နှစ်ရာသီက (၅၁)ကြိမ်သာရှိခဲ့ကြောင်း သိရှိရသည်။
နည်းပြများကိုထုတ်ပယ်ခြင်းမှာ League One ကလပ်အသင်းများတွင် အဆိုးရွားဆုံးဖြစ်ခဲ့ကြောင်း သိရှိရသည်။ League One ကလပ်အသင်း(၂၄)သင်း၌ နည်းပြများကိုထုတ်ပယ်မှု (၁၂)ကြိမ်ရှိခဲ့ကြောင်း သိရသည်။ ပရီးမီးယားလိဂ်တွင်မူ (၇)ကြိမ်ရှိခဲ့ပြီး လိဂ်ချန်ပီယံရှစ်တွင် (၁၀)ကြိမ်၊ League Two တွင် (၁၁)ကြိမ်ရှိခဲ့ကြောင်း သိရသည်။ LMA ဥက္ကဋ္ဌဖြစ်သူ ရစ်ချတ်ဘီဗန်က '' နည်းပြတွေရဲ့ ၀င်ငွေတွေကတော့ တိုးတက်လာခဲ့ပါတယ်။ ဒါပေမယ့် စိုးရိမ်စရာကတော့ အသင်းတွေကို သူတို့ ကိုင်တွယ်ရတဲ့အချိန်တွေ နည်းလာတာပါပဲ။ ထုတ်ပယ်ခံရတဲ့ နည်းပြတွေရဲ့ အဲဒီအသင်းတွေကို ကိုင်တွယ်ခဲ့ရတဲ့ ပျမ်းမျှအချိန်ကာလကို တွက်ကြည့်မယ်ဆိုရင် တစ်ဦးကိုပျမ်းမျှ (၁.၅၈)နှစ်ပဲရှိပါတယ် '' ဟု ပြောကြားခဲ့သည်။ ဘီဗန်၏ပြောကြားချက်အရ ထုတ်ပယ်ခံရသည့် နည်းပြများ၏ (၃)ပုံ(၂)ပုံ (၂၆ဦးခန့်) မှာ အသင်းများကိုကိုင်တွယ်ပြီး (၁)နှစ်ခွဲမပြည့်မီပင် ရာထူးမှထုတ်ပယ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။
Similar topics
» ကွင်းလယ်ဒိုင်အား ဝေဖန် ပြစ်တင်ခဲ့သည့် မနောမြေ နည်းပြချုပ်နှင့် Southern နည်းပြချုပ်တို့ ပြစိဒဏ်များ ချမှတ်ခံရ
» IP Change နည်း
» စင်ကာပူလက်ရွေးစင် နည်းပြဟောင်း ဒိန်းမတ်လူမျိုး ပေါလ်ဆင်ကို ခေါ်ယူရန် ဧရာဝတီယူနိုက်တက် စီစဉ်
» ထွက်ခွာတော့မည် လီယိုနာဒို နေရာကို ရယူရန် အင်တာမီလန်ဖြင့် စကားပြောနေသည်ဟု ထွက်ပေါ်နေသော သတင်းများကို ငြင်းဆိုသွားသော အင်္ဂလန် နည်းပြ ကာပယ်လို
» ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် ၀င်ငွေခွန်အများဆုံး ပေးဆောင်သူ ကမ္ဘောဇဘဏ်မှ ဖြစ်လာပြီး နှစ်နှစ်ဆက်တိုက် ထိပ်ဆုံးမှပေးဆောင်လာသည့် Myanmar CP ကုမ္ပဏီ နံပါတ်(၄) နေရာအထိ ကျဆင်းသွား

Permissions in this forum:
You cannot reply to topics in this forum
|
|