Mandalay Fighter Group
Would you like to react to this message? Create an account in a few clicks or log in to continue.

ကွင်းလယ်ဒိုင်အား ဝေဖန် ပြစ်တင်ခဲ့သည့် မနောမြေ နည်းပြချုပ်နှင့် Southern နည်းပြချုပ်တို့ ပြစိဒဏ်များ ချမှတ်ခံရ

Go down

ကွင်းလယ်ဒိုင်အား ဝေဖန် ပြစ်တင်ခဲ့သည့် မနောမြေ နည်းပြချုပ်နှင့် Southern နည်းပြချုပ်တို့ ပြစိဒဏ်များ ချမှတ်ခံရ Empty ကွင်းလယ်ဒိုင်အား ဝေဖန် ပြစ်တင်ခဲ့သည့် မနောမြေ နည်းပြချုပ်နှင့် Southern နည်းပြချုပ်တို့ ပြစိဒဏ်များ ချမှတ်ခံရ

Post  Admin Mon Jun 13, 2011 11:26 am

ကွင်းလယ်ဒိုင်အား ဝေဖန် ပြစ်တင်ခဲ့သည့် မနောမြေ နည်းပြချုပ်နှင့် Southern နည်းပြချုပ်တို့ ပြစိဒဏ်များ ချမှတ်ခံရ

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)၏ စည်းကမ်းထိန်းသိမ်းရေး ကော်မတီသည် ကွင်းလယ်ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်များ အပေါ် ဝေဖန် ပြစ်တင်ခဲ့သည့် မနောမြေအသင်း နည်းပြချုပ် ဖြစ်သူ ဦးဝင်းမြင့်သွင်နှင့် Southern Myanmar အသင်း နည်းပြချုပ် ဖြစ်သူ ကင်မ်ဝေါ်လ်ဒန် တို့အား ပွဲပယ်နှင့် ဒဏ်ကြေးငွေများ ချမှတ်ခဲ့ကြောင်း သိရှိရသည်။

မနောမြေအသင်း နည်းပြချုပ် ဖြစ်သူ ဦးဝင်းမြင့်သွင်သည် ပြီးခဲ့သည့် မေလ (၃၀)ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဇေယျာရွှေမြေနှင့် ပွဲတွင် ကွင်းလယ်ဒိုင် ဖြစ်သူ၏ ဆုံးဖြတ်ချက်များ အပေါ် ကျေနပ်ခြင်း မရှိသောကြောင့် ဝေဖန်ပြစ်တင်မှုများ ပြုလုပ်ခဲ့ရာ ပွဲချိန် (၇၉) မိနစ်တွင် ကွင်းအတွင်းမှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။ ထို့အတူ Southern အသင်း၏ နည်းပြချုပ်ဖြစ်သူ ကင်မ်ဝေါ်လ်ဒန် မှာလည်း မေလ (၂၉) ရက်က ကစားခဲ့သည့် KBZ FC နှင့်ပွဲတွင် ဒိုင်လူကြီး၏ ဆုံးဖြတ်ချက် အပေါ် ကျေနပ်ခြင်း မရှိသောကြောင့် ဝေဖန်မှုများ ပြုလုပ်ခဲ့ရာ မိနစ် (၈၀)ကျော်တွင် ထုတ်ပယ်ခြင်း ခံခဲ့ရသည်။

ယင်းနည်းပြနှစ်ဦး၏ လုပ်ရပ်များ အပေါ် ဒိုင်လူကြီးက ပွဲပြီး အစီရင်ခံစာတွင် ထည့်သွင်း ရေးသားခဲ့သောကြောင့် MFF စည်းကမ်းထိန်းသိမ်းရေး ကော်မတီက အရေးယူမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ မနောမြေ နည်းပြချုပ် ဦးဝင်းမြင့်သွင်အား (၄) ပွဲပယ်နှင့် ဒဏ်ကြေး ငွေကျပ် (၃) သိန်း၊ Southern နည်းပြချုပ် ကင်မ်ဝေါ်လ်ဒန်အား (၁) ပွဲပယ်နှင့် ဒဏ်ကြေးငွေ ကျပ်(၃)သိန်းတို့ ချမှတ်ခံခဲ့ရသည်။


ELEVEN media group မှ ကူးယူဖော်ပြသည်..

Admin
Admin

Posts : 82
Join date : 2011-06-11
Age : 33
Location : Mandalay

https://mmts.forumotion.com

Back to top Go down

Back to top

- Similar topics
» ပြီးခဲ့သည့် ၂၀၁၀-၁၁ ရာသီတွင် အင်္ဂလန်လိဂ်အသင်းများ၌ နည်းပြများထုတ်ပယ်ခံရမှု မြင့်တက်ခဲ့ဟု LMA စစ်တမ်းဖော်ပြ၊ League One တွင် ထုတ်ပယ်ခံရသည့် နည်းပြ(၁၂)ဦးအထိရှိခဲ့
» IP Change နည်း
» စင်ကာပူလက်ရွေးစင် နည်းပြဟောင်း ဒိန်းမတ်လူမျိုး ပေါလ်ဆင်ကို ခေါ်ယူရန် ဧရာဝတီယူနိုက်တက် စီစဉ်
» ထွက်ခွာတော့မည် လီယိုနာဒို နေရာကို ရယူရန် အင်တာမီလန်ဖြင့် စကားပြောနေသည်ဟု ထွက်ပေါ်နေသော သတင်းများကို ငြင်းဆိုသွားသော အင်္ဂလန် နည်းပြ ကာပယ်လို

 
Permissions in this forum:
You cannot reply to topics in this forum