Mandalay Fighter Group
Would you like to react to this message? Create an account in a few clicks or log in to continue.

မန်ယူကစားသမားဟောင်း ဟင်းနရစ်လာဆင် ရန်ကုန်မြို့သို့ ဧပြီလအတွင်း လာရောက်လည်ပတ်မည်ဖြစ်ကြောင်းသိရ၊ ရန်ကုန်နှင့် မုံရွာမြို့တို့တွင် သရုပ်ပြခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန်စီစဉ်

Go down

မန်ယူကစားသမားဟောင်း ဟင်းနရစ်လာဆင် ရန်ကုန်မြို့သို့ ဧပြီလအတွင်း လာရောက်လည်ပတ်မည်ဖြစ်ကြောင်းသိရ၊ ရန်ကုန်နှင့် မုံရွာမြို့တို့တွင် သရုပ်ပြခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန်စီစဉ် Empty မန်ယူကစားသမားဟောင်း ဟင်းနရစ်လာဆင် ရန်ကုန်မြို့သို့ ဧပြီလအတွင်း လာရောက်လည်ပတ်မည်ဖြစ်ကြောင်းသိရ၊ ရန်ကုန်နှင့် မုံရွာမြို့တို့တွင် သရုပ်ပြခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန်စီစဉ်

Post  Admin Mon Jun 13, 2011 11:30 am



မန်ယူကစားသမားဟောင်း ဟင်းနရစ်လာဆင် ရန်ကုန်မြို့သို့ ဧပြီလအတွင်း လာရောက်လည်ပတ်မည်ဖြစ်ကြောင်းသိရ၊ ရန်ကုန်နှင့် မုံရွာမြို့တို့တွင် သရုပ်ပြခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန်စီစဉ် Pe8-1810

မန်ယူနှင့် ဆွီဒင်လက်ရွေးစင် ကစားသမားဟောင်း ဟင်းနရစ်လာဆင်သည် ဇေယျာရွှေမြေအသင်းနည်းပြ စတီဗင်ဟန်ဆန်၏ ဖိတ်ကြားချက်အရ လာမည့် ဧပြီလ ပထမပတ်အတွင်း ရန်ကုန်မြို့သို့ လာရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

ဆွီဒင်လက်ရွေးစင် တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်သူ ဟင်းနရစ်လာဆင်နှင့် ပတ်သက်၍ ဇေယျာရွှေမြေအသင်း၏ နည်းပြ ဆွီဒင်လူမျိုး စတီဗင်ဟန်ဆန်က " လာဆင်ဟာ ဧပြီလ ပထမပတ်အတွင်း မိသားစုနဲ့အတူ ရန်ကုန်မြို့ကို လာရောက်မှာဖြစ်ပါတယ်။ သူနဲ့အတူ သူ့မိတ်ဆွေ နာမည်ကြီးဘောလုံးသမားအချို့လည်း လိုက်ပါလာဖို့ ရှိနေပါတယ်။ သူ့အနေနဲ့ မြန်မာနိုင်ငံကို လာရောက်တာဟာ ဘောလုံးကိစ္စအတွက် မဟုတ်ဘဲ အလည်အပတ်အတွက် လာရောက်လည်ပတ်ခြင်း ဖြစ်ပါတယ် " ဟု ပြောကြားခဲ့သည်။

ဇေယျာရွှေမြေအသင်းသည် လာဆင် ရန်ကုန်မြို့သို့ ရောက်ရှိလာပါက ဇေယျာရွှေမြေအသင်းတွင် လာဆင်ကို အထူးဧည့်သည်တော်အဖြစ် ထည့်သွင်းကာ ရန်ကုန်မြို့နှင့် မုံရွာမြို့တို့တွင် သရုပ်ပြခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန်လည်း စီစဉ်နေကြောင်း သိရသည်။ ဇေယျာရွှေမြေအသင်း၏ ပြန်ကြားရေးတာဝန်ခံဖြစ်သူ ဦးမြင့်ကျော်စိုးက " လာဆင် လာရောက်တဲ့အချိန်မှာ သရုပ်ပြခြေစမ်းပွဲ (၂)ပွဲ ကစားဖို့အတွက် ဇေယျာရွှေမြေအသင်း ဥက္ကဋ္ဌ ဦးသူရိန်အနေနဲ့ စီစဉ်ဆောင်ရွက်နေပါတယ်။ ဒါ့အပြင် လာဆင် ရောက်လာချိန်မှာ သရုပ်ပြခြေစမ်းပွဲ ကျင်းပနိုင်ဖို့အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကိုလည်း တင်ပြထားပြီး ဖြစ်ပါတယ် " ဟု ပြောကြားခဲ့သည်။

၂၀၀၈ ခုနှစ်အတွင်းက ဂျပန်လက်ရွေးစင်ဟောင်း နာကာတာ ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး သရုပ်ပြခြေစမ်းပွဲ၌ ပါဝင်ကစားခဲ့ပြီးနောက် လာဆင်သည် မြန်မာနိုင်ငံ၌ သရုပ်ပြခြေစမ်းပွဲကစားမည့် ဒုတိယမြောက် ကမ္ဘာ့အဆင့်ဘောလုံးသမားဟောင်း ဖြစ်သည်။

Admin
Admin

Posts : 82
Join date : 2011-06-11
Age : 33
Location : Mandalay

https://mmts.forumotion.com

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum