ဆီးရီးယားတပ်များ နိုင်ငံ အနောက်မြောက်ပိုင်းတွင် တပ်စွဲ၊ ပြည်သူ ထောင်ပေါင်းများစွာ တူရကီသို့ ထွက်ပြေး
Page 1 of 1
ဆီးရီးယားတပ်များ နိုင်ငံ အနောက်မြောက်ပိုင်းတွင် တပ်စွဲ၊ ပြည်သူ ထောင်ပေါင်းများစွာ တူရကီသို့ ထွက်ပြေး
ဆီးရီးယား တပ်များသည် နိုင်ငံ အနောက်မြောက်ပိုင်းရှိ Jisr al-Shughour မြို့မှ လေးမိုင် အကွာတွင် ဇွန် ၉ ရက်က တပ်စွဲလိုက်ချိန်၌ ပြည်သူ ထောင်ပေါင်းများစွာသည် တိုက်ခိုက်ခံရမည် စိုး၍ တူရကီနိုင်ငံသို့ ထွက်ပြေးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
သမ္မတအာဆတ်၏ညီ မာဟာ ဦးစီးသည်ဟု ယူဆရသော တင့်ကားများနှင့် စစ်သားများကို တင်ဆောင်လာသည့် စစ်ကား အစီး ၄၀ ခန့်သည် Jisr al-Shughour မြို့ပြင်သို့ ချီတက်လာပြီး တပ်စွဲခဲ့ကြောင်း ဒေသခံများက
ပြောကြားသည်။ အာဆတ် အစိုးရကို လုံခြုံရေးကောင်စီက ကန့်ကွက်ရှုတ်ချသည့် ဆုံးဖြတ်ချက် ထုတ်ပြန်နိုင်ရန် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ပေါ်တူဂီနိုင်ငံတို့က တွန်းအားပေး လုပ်ဆောင်နေသော်လည်း ရုရှားကမူ ကန့်ကွက်မည်ဟု ကြေညာထားသည်။
ဆီးရီးယားတွင် လူထုတော်လှန်ရေး လှုပ်ရှားမှုများ အပေါ် အစိုးရက အင်အားသုံး ဖိနှိပ်နေသော်လည်း ကမ္ဘာ့အင်အားကြီး နိုင်ငံများက လစ်ဗျားတွင် ပြုလုပ်သကဲ့သို့ စစ်ဆင်ရေး ဆင်နွှဲရန် ဆန္ဒမရှိပေ။ စစ်တပ် ဖိနှိပ်ခံရမည်စိုး၍ ထွက်ပြေးလာသူများသည် နယ်စပ်ရှိ ခိုလှုံရာ စခန်းသို့ ဆက်လက် ထွက်ခွာလျက် ရှိရာ တူရကီရှိ ကြက်ခြေနီ အဖွဲ့က ကယ်ဆယ်ရေး စခန်းတစ်ခု ထပ်မံ ဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း ပြောကြားသည်။ တူရကီသို့ ခိုလှုံဝင်လာသူ ၂၄၀၀ ရှိပြီ ဖြစ် ကြောင်း တူရကီ နိုင်ငံခြားရေးဝန်ကြီး အာမတ်ဒါဗူတိုဂလူက ပြောကြားသည်။
နိုင်ငံတွင်း လျှို့ဝှက်စွာ တည်ဆောက်နေသော နျူဓာတ်ပေါင်းဖိုနှင့် ပတ်သက်၍ အသိပေး အကြောင်းကြားရမည့် အချက်ကို ဆီးရီးယား အစိုးရက ပျက်ကွက်ခဲ့သည်ဟု အိုင်အေအီးအေက လုံခြုံရေးကောင်စီသို့ ဇွန် ၉ ရက်တွင် အစီရင်ခံခဲ့သည်။ ဆီးရီးယား ရဲတပ်ဖွဲ့ဝင်များ အကြား သဘောထားကွဲလွဲမှု ဖြစ်ပေါ်ခဲ့ပြီး ရဲအချို့မှာ ဆန္ဒပြသူများကို ပစ်ခတ်ရန် ငြင်းဆန်ခဲ့သည်။
Similar topics
» သူငယ်ချင်းများပြောရွှေနိုင်ပါစေ။
» ချီလီမီးတောင် လေးလုံးတွဲ အုပ်စုကြီး ပေါက်ကွဲမှုကြောင့် လူထောင်ပေါင်းများစွာ နေရပ် စွန့်ခွာခဲ့ရ
» Gmail အဟောင်းမှ သူငယ်ချင်းများ Gmail အသစ်သို့ပြောင်းထည့်နည်း
» ပဲခူး-စစ်တောင်းတူးမြောင်း ကြမ်းပြင်မြင့်တက်ကာ တူးမြောင်း ရေသန့်ရှင်းမှုစံနှုန်း ကျဆင်းခြင်းနှင့် ပိုမို ကြုံတွေ့လာရ

Permissions in this forum:
You cannot reply to topics in this forum
|
|