Mandalay Fighter Group
Would you like to react to this message? Create an account in a few clicks or log in to continue.

ဟန်ဒါဆန်ကို ခေါ်ယူပြီးသော်လည်း နောက်ထပ် ကစားသမား (၄) ဦး အတွက် ပေါင်သန်း(၅၀)ခန့် ထပ်မံ အသုံးပြုရန် လီဗာပူးလ် စီစဉ်

Go down

ဟန်ဒါဆန်ကို ခေါ်ယူပြီးသော်လည်း နောက်ထပ် ကစားသမား (၄) ဦး အတွက် ပေါင်သန်း(၅၀)ခန့် ထပ်မံ အသုံးပြုရန် လီဗာပူးလ် စီစဉ် Empty ဟန်ဒါဆန်ကို ခေါ်ယူပြီးသော်လည်း နောက်ထပ် ကစားသမား (၄) ဦး အတွက် ပေါင်သန်း(၅၀)ခန့် ထပ်မံ အသုံးပြုရန် လီဗာပူးလ် စီစဉ်

Post  emolay Mon Jun 13, 2011 5:03 am

ဟန်ဒါဆန်ကို ခေါ်ယူပြီးသော်လည်း နောက်ထပ် ကစားသမား (၄) ဦး အတွက် ပေါင်သန်း(၅၀)ခန့် ထပ်မံ အသုံးပြုရန် လီဗာပူးလ် စီစဉ် Mmmmmm10

လီဗာပူးလ် အသင်းသည် ဆန်းဒါးလန်း အသင်းမှ ကွင်းလယ်ကစားသမား ဟန်ဒါဆန်ကို ပေါင်သန်း (၂၀) အသုံးပြု၍ ခေါ်ယူခဲ့ပြီး ဖြစ်သော်လည်း နောက်ထပ် ကစားသမားသစ် (၄) ဦး အတွက် ပေါင်သန်း(၅၀)ခန့် ထပ်မံ အသုံးပြုရန် စီစဉ်နေကြောင်း သိရှိရသည်။

လီဗာပူးလ်နည်းပြ ဒဲဂလစ်ရှ်သည် အသင်းပိုင်ရှင်များ၏ ထောက်ခံမှု ရရှိထားသည့်အတွက် အသင်းကို အင်အားဖြည့် တည်ဆောက်ရန် စီစဉ်နေခြင်း ဖြစ်ပြီး အက်စတွန်ဗီလာမှ ဒေါင်းနင်း၊ ဘလက်ပူးလ်မှ ချာလီအဒမ်၊ ဘာမင်ဂမ်မှ စကော့ဒန်းနှင့် ပြင်သစ်ကလပ် ရိန်းစ်အသင်းမှ မာဗီအော့စ် တို့ကို ထပ်မံ ခေါ်ယူရန် ကြိုးစားနေခြင်း ဖြစ်သည်။ လီဗာပူးလ် အသင်းသည် အက်ရှ်လေယန်းကို ချိန်ရွယ်ခဲ့သော်လည်း မန်ယူအသင်းသို့ ရောက်ရှိရန် သေချာသလောက် ဖြစ်သွားသည့် အတွက် ဒေါင်းနင်းကို ပြောင်းလဲ ကြိုးစားခဲ့ခြင်း ဖြစ်ပြီး ချာလီအဒမ်ကိုမူ ပြီးခဲ့သည့် ဇန်န၀ါရီ ကတည်းက ကြိုးစားခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ချာလီအဒမ် အတွက် ပေါင်(၁၀)သန်း ၀န်းကျင်ခန့် သုံးစွဲသွားမည် ဖြစ်ပြီး ဒေါင်းနင်း အတွက် ပေါင်(၁၅)သန်း ၀န်းကျင်၊ စကော့ဒန်း အတွက် ပေါင်(၁၅)သန်း ၀န်းကျင်ခန့် သုံးစွဲမည် ဖြစ်သည်။ ရိန်းစ်အသင်းမှ မာဗီအော့စ်မှာမူ အလွတ်ပြောင်းရွှေ့ခွင့် ရရှိထားသူ ဖြစ်ကြောင်းလည်း သိရှိရသည်။
emolay
emolay

Posts : 114
Join date : 2011-06-12
Age : 29

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum